“ဝတုတ် နေလည်း ပေါ့ပေါ့ပါးပါး နဲ့ ကနိုင်တယ် လို့ ဆိုကာ အပီအပြင် ကပြထားတဲ့ အေသင်ချိုဆွေ ရဲ့ ဗီဒီယိုဖိုင်”

“ဝတုတ် နေလည်း ပေါ့ပေါ့ပါးပါး နဲ့ ကနိုင်တယ် လို့ ဆိုကာ အပီအပြင် ကပြထားတဲ့ အေသင်ချိုဆွေ ရဲ့ ဗီဒီယိုဖိုင်”

ပွင့်ပွင့်လင်းလင်း ပြောဆို နေထိုင်တတ်ပြီး ပရိသတ်တွေ ရဲ့ ရင်ထဲထိရောက်အောင် သီချင်းတွေကို ခံစားသီဆိုနိုင်တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင် ထားတဲ့ အေသင်ကတော့ သူမရဲ့ အနုပညာအလုပ်တွေကို လတ်တလောမှာ ပြန်လည်ပြီး လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်.။ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်းကို ခေတ္တရပ်နားခဲ့ပြီး သမီးလေး သင်မြတ်နိုးနဲ့အတူတူ အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာပါ.။

ချစ်စရာကောင်းတဲ့ သမီးလေး သင်မြတ်နိုး ဟာလည်း မေမေအေသင်နဲ့ တူပြီး ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်လေး တစ်ယောက်ဖြစ်လို့ နေပါပြီနော်.။ အေသင်ကတော့ သူမရဲ့ ဘဝမှာ သမီးလေးကို ထိန်းကျောင်းရင်း Single Mother ဘဝကို ရဲရဲဝံ့ဝံ့သာ လျှောက်လှမ်းနေသူပါ.။ သူမ အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်တဲ့ အချိန်မှာ ဝေဖန်မှုတွေကို ရရှိခဲ့ပေမယ့်လည်း ချစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ရော အနုပညာကို ချစ်တဲ့ စိတ်တွေနဲ့ အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေတာပါ.။ သမီးလေးကို မွေးထားတဲ့ မိခင်အနေနဲ့ ပြောင်းလဲ သွားတဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ဝေဖန်မှုတွေရှိပေမယ့်လည်း ကိုယ့်ကိုယ်ကို စိတ်မပျက်ဘဲ အနုပညာအလုပ်တွေကို လုပ်ရင်း ပျော်ရွှင်နေသူ အေသင်က ဇွန်လ (၃)ရက်နေ့မှာတော့ “ဒီနေ့ တစ်တော့ ရှုတင်မှာ We own our bodies , So Don’t Judge us OKAY! Stay in postivevibe edited-“ငါ သူတို့ လို “ဝ” ရင် သူတို့ လိုပေါ့ပေါ့ပါးပါး က နိုင်ပါ့မလား?” ဆိုတာအရင်ဆုံးသေချာစဉ်းစားပြီးမှ လာဝေဖန်ပါ။ အိုခေ ဘိုင့်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်.။

ဝတယ်လို့ ပြောတဲ့ သူတွေ ကိုလည်း ဂရုစိုက်ချိန် မပေးတော့ဘဲ ကိုယ်ကြိုက်တဲ့ အလုပ်တွေကို လုပ်ကိုင်ရင်းသာ သူမရဲ့ နေ့ရက်တိုင်း ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတဲ့ အေသင်ကတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း အေသင်ရဲ့ ရှုတင်နားတုန်းလေးမှာ အပျင်းပြေ ကကာ ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင် လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော်.

Source: Athen Cho Swe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

two × five =