ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်သက်မွန်မြင့်က ဘဝမှာအသက်ဘေးကလွတ်ပြီး သေမလိုဖြစ်တာ (၂)ခါကြုံဖူးကြောင်းအခုလို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင်သက်မွန်မြင့်က ဘဝမှာ သေမလိုဖြစ်တာ ကြုံဖူးပြီ၊ သေဘေးကလွတ်ဖူးခဲ့ပြီ၊ ကလေးမွေးတုန်းက ၂ ယောက်လုံး pain ရပြီးမှ မွေးတာဆိုတော့ သေမလိုခံခဲ့ရတာပါပဲ၊ ဒါမယ့် စိတ်ရောလူရော ပြင်ဆင်ခဲ့ပြီးသားဆိုတော့ ရင်ဆိုင်နိုင်တယ်၊ ရင်ဆိုင်တတ်တယ်၊ ကလေးကိုယ်ဝန်ထဲက ပြင်ဆင်လာတာလေနော်၊ ဒီတခါ ရုတ်တရက်ဖြစ်တာဆိုတော့ နာတာရော၊ လန့်တာရော၊ စိတ်တွေ မတည်ငြိမ်၊ ဘုရားစာတွေရွတ်တာတောင် ယောက်ယက် အနာကို မှတ်ရမလား၊ ကောင်းမှုလုပ်ခဲ့တာတွေ တွေးရမလား၊ ဘုရားစာဆိုရမလားနဲ့ ဗျာများတာ။
ပြီးမှ စိတ်ကိုငြိမ်အောင်ထိန်း သရဏဂုံတွေ ဆိုနေတော့တာ၊ ဒီချိန် သံယောဇဉ်တွေ အကုန်ဖြတ်ရတယ်၊ မဟုတ်ရင် စွဲမှာလေ၊ မဟုတ်တဲ့ ဘဝတော့ မရောက်ချင်ဘူး၊ အသေတတ်ရတယ်၊ အသေလေ့ကျင့်ရတယ်ဆိုတာ ဖတ်ဖူးတယ်၊ သေချာ မမှတ်မိတော့လို့၊ ခုတော့ လက်တွေ့ကြုံဖူးပြီ၊ တကယ် သေမလိုဖြစ်ရင် ဘယ်လိုတွေ ဖြစ်တတ်လဲဆိုတာ သိသွားရတယ်၊ အများကြီး ကြိုးစား ပြင်ဆင်ရဦးမယ်။
ရင်ဘတ်အောင့်တာ ညကတည်းကဖြစ်တာ ဒါမယ့် အဲ့လောက်ဆိုးမယ်မထင်လို့ အလှုပ်အရှား သတိထားတာလောက်ပဲနေခဲ့တာ၊ လေအောင့်တယ်ပဲ ထင်ခဲ့တာ၊ တညလုံး ပိုပိုဆိုးလာတာ မနက် ၆ နာရီကျတော့ ရှိသမျှ အားတွေစုပြီး ယောကျာ်းကို အော်ခေါ် မခံနိုင်တော့ဘူး၊ သေသွားမှာစိုးလို့ မသေချင်သေးဘူးလေ၊ အဲ့ဒါနဲ့ ပင်လုံဆေးရုံပြေး emergency ဝင်၊ ECG ရိုက်၊ အဲ့ချိန်မှာပဲ အဖျားကတက်ပြန်၊ ဆေးထိုးတော့ သက်သာပြီး အိပ်ပျော်သွားတယ်၊ ECG ရိုက်တာ ဘာမှ မဖြစ်ဘူးတဲ့၊ ဆင်တုပ်ကွေးဖြစ်မဖြစ် သွေးစစ်၊ မဟုတ်ဘူးဆိုမှ တော်သေးတယ်ပေါ့၊ ကလေးတွေက ကိုယ့်ကို အသေကပ်တာဆိုတော့ ကူးမှာစိုးလို့ ကြောက်နေရတာ။
သိပ်တော့မထူး၊ တုပ်ကွေးပါပဲ ခံလိုက်ရတာဆိုတာ ကလေးက အနားကပ်ချင်လို့ ငို၊ ချီဖို့နေနေသာသာ အသက်တောင် ဝဝ မရှုရဲ အလှုပ်အရှားဆင်ခြင်ရတယ်၊ ဟိုဘက်ဒီဘက်ကို မလှည့်နိုင်တော့တာ၊ ဘယ်ဘက်အောင့်တာ ဘယ်လက်ပါ မြှောက်မရတော့တာ၊ ကလေးငိုတာ ဒီတိုင်းကြည့်နေရတာပေါ့..
ကမ္ဘာပျက်တာပါပဲ၊ ရင်ဘတ် အရိုးနုရောင်တယ်ဆိုလား အရွတ်ရောင်တယ်ဆိုလား မှတ်မိဘူး၊ ခုထိ အသက်ရှုတာ ထိန်းရှုနေရတုန်း လှုပ်ရှားမှုမှန်သမျှ သတိကြီးကြီး ထားနေရတုန်း၊ တော်တော် နာတယ် တော်တော်ကြောက်သွားပါတယ်၊ မွေးနေ့လေးမှာ တရားစခန်းဝင် အလေ့အကျင့်ကလေး နီးနီးစပ်စပ်ရထားပေလို့ပဲ၊ မဟုတ်ရင် ဘာဖြစ်မယ်မသိ၊ တကယ်သေမယ်ဆိုရင်တောင် ကျွတ်မှာ မဟုတ်ဘူး၊ သမီးတွေ သားတွေ အဖေတွေအမေတွေစိတ်နဲ့ စွဲမှာပဲ။
ကိုစစ်ကိုလည်း ကျေးဇူးတင်ရတယ်၊ သူ အအိပ်ဆတ်လို့၊ ဒါတောင် ည နာလို့ ထထအော်တာနဲ့ သူ ၂ နာရီမှ အိပ်ရတာ၊ သူသာ ခရီးသွားချိန်ဆို ဘိုလုပ်ရပါ့၊ ဖုန်းလည်း မယူနိုင်တော့ဘူး၊ လှုပ်ကိုမလှုပ်နိုင်တော့တာ၊ အမလည်း သူ့ကလေးတွေ ပစ်ပြီး ကိုယ့်နားနေရတယ်၊ ပါပါးလည်း ဆေးရုံရောက်လာ၊ အမေက အိမ်မှာ ကလေးတွေ ထိန်းကျန်ခဲ့၊ အ်ိမ်ရောက်တာနဲ့ ကြိုပြီးဖက်ရှာတယ်၊ တအိမ်လုံး စိတ်ပူသွားကြရတယ်။ကျန်းမာမှ ကျန်းမာမှ၊ ဘယ်ချိန် ဘယ်လိုဆိုတာလည်း မသိနိုင်တော့ ရသလောက်ပြင်ဆင်ထားမှ အတွေ့ကြုလေး မျှဝေတာပါနော် ဆိုပြီးသူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
crd