ထပ်တိုး ကိုဗစ်လူနာ အမှတ် (၂၃၅) နှင့် (၂၃၆) သည် အိန္ဒိယ မှ ပြန်လာသော သံဃာတော်များ ဖြစ်

ထပ်တိုး ကိုဗစ်လူနာ အမှတ် (၂၃၅) နှင့် (၂၃၆) သည် အိန္ဒိယ မှ ပြန်လာသော သံဃာတော်များ ဖြစ်

ယနေ့ ဇွန်လ ၄ ရက် ညအတွက် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု သည့် COVID-19 ထပ်တိုးလူနာ ၂ ဦး (ကိုဗစ်လူနာ အမှတ်စဉ် ၂၃၅ နှင့် ၂၃၆) မှာ အိန္ဒိယနိုင်ငံမှပြန်လာသော သံဃာတော် ၂ ပါးဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ သံဃာတော် ၂ ပါးသည် အိန္ဒိယနိုင်ငံ မှ ပြန်လာပြီးနောက် စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီတွင် Quarantine ဝင်နေသူများ ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သတင်းထုတ်ပြန်ထားသည်။

” စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာ အကယ်ဒမီတွင် Quarantine ထားရှိသည့် အိန္ဒိယနိုင်ငံ မှ ပြန်လာသော သံဃာတော် (၂) ပါးတွင် Covid-19 ရောဂါ ပိုးတွေ့ရှိ (Positive) ဖြစ်ပါသဖြင့် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward သို့ပြောင်းရွေ့၍ ဆက်လက် ကုသသွားမည် ဖြစ်ပါကြောင်း တင်ပြ အပ်ပါသည်” ဟု စစ်ကိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးက ယနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သံဃာတော် ၂ ပါးသည် ဒုတိယအသုတ် အဖြစ် အိန္ဒိယမှပြန်ကြွ လာသော ၆၅ ပါးထဲမှဖြစ်ကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *

nineteen − nineteen =