ကိုးနှစ်ကျော်လက်တွဲ လာခဲ့ပြီး လက်ရှိ အချိန်ထိလည်း ချစ်နေဆဲဖြစ်တဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

ကိုးနှစ်ကျော်လက်တွဲ လာခဲ့ပြီး လက်ရှိ အချိန်ထိလည်း ချစ်နေဆဲဖြစ်တဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

ကိုးနှစ်ဆိုတဲ့အချိန်ကာလဟာ အတော်လေးကိုကြာမြင့် ခဲ့ပြီဖြစ်ပြီး ဒီလိုအချိန် အတိုင်းအတာ တစ်ခုထိ တွဲလက်တွေခိုင်မြဲနေတယ်ဆိုတာ လည်း တော်ရုံတန်ရုံချစ်ခြင်းမေတ္တာမဟုတ်ပါဘူး။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့နှစ်ယောက်ဟာ ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေကို (၉) နှစ်ကျော်ကြာ တည်ဆောက်ခဲ့ကြပါတယ်။ လက်ရှိအချိန် ထိလည်း အချစ်မပြယ်ဘဲ မြတ်နိုးနေကြဆဲပါပဲ။

ချစ်စရာစုံတွဲလေးဟာ ချစ်သူသက်တမ်းကြာလေလေ သံယောဇဉ်တွေ ပိုပြီးရစ်နှောင်လေပါပဲ။ ကပ်ရောဂါဆိုးကြီးကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခဏခွဲနေရတဲ့အချိန်လေးမှာတောင် လွမ်းတဲ့အကြောင်းတွေ တတွတ်တွတ်ပြောပြီး ရိုတတ်တဲ့ ကျော်ကြီးရဲ့ချစ်ခြင်းတရား ကိုတော့ နန်းသူဇာတစ်ယောက် လက်မြှောက် အရှုံးပေးလိုက်ရပါပြီ။

ဒီနေ့မှာလည်း နှစ်ယောက်သားရဲ့ချစ်စရာပုံရိပ်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာတွေနဲ့ ထုံးဖွဲ့ထားတဲ့စုံတွဲလေးမို့ ရှေ့သွားနောက်လိုက်ညီပြီး နေနဲ့လရွှေနဲ့မြပါပဲ။ အချစ်တစ်ခုတည်ဆောက်တာလွယ်ပေမယ့် ချစ်ခြင်းမေတ္တာတွေကိုခိုင်မြဲအောင်လုပ်ဖို့ တော့ အတော်လေးခက်ခဲပါတယ်။ အခက်အခဲတွေကြားထဲကမှ တည်ဆောက် ထားတဲ့ချစ်ခြင်းလေး ထာဝရခိုင်မြဲပါစေနော်။

crd : panpyoelat