ကျွန်တော် သားနဲ့သမီး တော့ အဖေ အမေ ပျောက်နေမှာလို့ ဆိုလာတဲ့ “မင်းရာဇာ”

ကျွန်တော် သားနဲ့သမီး တော့ အဖေ အမေ ပျောက်နေမှာလို့ ဆိုလာတဲ့ “မင်းရာဇာ”

ပြည်သူချစ်မင်းသားတစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့မင်းရာဇာကတော့ လတ်တလောမှာ အိမ်အကူမိန်းကလေး ကို ကျင့် ပြီး နဲ့ပက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားရင် ဆိုင်နေရပါ တယ်။ မင်းရာဇာနဲ့အိမ်အကူမိန်းကလေးဇာတ်လမ်းကတော့ လူမှုကွန်ရက်စာ မျက်နှာမှာ အသံဖိုင်နဲ့တကွပေါက်ကြားခဲ့ပြီး ဒီအသံဖိုင် ထဲမှာတော့ မင်းရာဇာနဲ့ သူ့အမျိုးသ မီး ၊ အိမ်အကူ မိန်းကလေးတို့ရဲ့ အပြန်အလှန်စကားပြောဆိုသံတွေ ပါခဲ့ပါတယ်။

ဒီနေ့မှာတော့ မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီး အမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အခါမှာတော့ “အားလုံးသိတဲ့အတိုင်းပဲ အခုကျွန်တော်ရင်ဆိုင်နေရတဲ့ တာ၊ နဲ့ပက်တာတွေက လုံးဝမဟုတ်ပါဘူး.. ကျွန်တော် အဲ့လိုမျိုးလည်းမပက်ခဲ့ဘူး… မကျင့် ခဲ့ဘူး.. ကျွန်တော် အမှန်အတိုင်း အားလုံးထွက်ဆိုမှာပါ။

ကျွန်တော်သား၊သမီးလေးတွေ အဖေ၊ အမေပျောက်နေပါပြီ.. အခုက ပြည်သူနဲ့ကျွန်တော့် ကြားမှာ ပြဿနာတွေပိုတက်အောင်၊ ပိုကြီးအောင်လုပ်သွားတာပါ။ ဟိုတစ်နေ့ က ကျွန်တော် ပြောသလိုပဲ.. ဖားကိုက်တာကို ကျားကိုက်တာဖြစ်အောင် လုပ်သွားတာပါ.. ဖြစ်တဲ့ပြဿနာက လုံးဝအကြီးကြီး မဟုတ်ပါဘူး..ကျွန်တော် ယောက်ျားပါ.. မှန်တတ် သလောက်ထိတော့ မှန် မယ်.. မှားရင်လည်း ကျွန်တော်ခံမှာပါ” ဆိုပြီးဖြေကြား ခဲ့ပါတယ်။

မင်းရာဇာကတော့ သားလေး တစ်ယောက်၊ သမီးလေးတစ်ယောက် ပိုင်ဆိုင် ထားတဲ့ ဖခင်တ စ်ယောက်ပါ။ အခုလို အမှုရင်ဆိုင်နေရပြီး အချုပ်ထဲရောက်နေတဲ့အချိန်မှာတော့ သူ့ရဲ့သား နဲ့သမီး အဖေ၊အမေပျောက်နေလောက်ပြီဆိုပြီး စိတ်မကောင်းစွာ ပြောကြားခဲ့တာ ပဲဖြစ်ပါတယ်။

Source – Exclusive on CeleGabar, Rainbow- CeleGabar

Add a Comment

Your email address will not be published. Required fields are marked *

two + 3 =