အနုပညာအလုပ်တွေကို ရပ်နားလိုက် ရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြ လာတဲ့ “ရာဇာနေဝင်း”

Posted on

ပရိတ်သတ်ကြီးရေ…တစ်ခောတ် တစ်ခါက အနုပညာလောကမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးရင်း ပရိတ်သတ်တွေ ရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့ သရုပ်ဆောင်ကတော့ ရာဇာနေဝင်းပဲဖြစ်ပါတယ်နော်.။ရာဇာနေဝင်းရဲ့ပင်ကိုယ်စတိုင်ကလည်း မိမိုက်ခဲ့တဲ့ အတွက် ပရိတ်သတ် တော်တော် များများကလည်း နှစ်သက် ခဲ့ကြတဲ့အတွက် သူရဲ့ စတိုင်အတိုင်းလိုက်နေခဲ့ကြတဲ့အထိ အောင်မြင်မှုတွေကို ရရှိခဲ့တာပဲဖြဟ်ပါတယ်။သူဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ကျန်းမာရေးအခြေအနေတစ်ခုကြောင့် အရင်ကလောက် သိပ်မလုပ်ဖြစ်တော့ပဲအနားယူနေခဲ့တာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ရာဇာနေဝင်းက အနုပညာ အလုပ်တွေ ရပ်နား လိုက်ရတဲ့ အဓိကအကြောင်းအရင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်ရာဇာနေဝင်းက အသည်းရောင်တယ်ဆိုတာ အဓိကတော့ အရက်တွေသောက်လို့ပါ၊ အရက်ကို အပျော်အပါးအနေနဲ့ပဲသောက်ကြပါ လူကိုအရမ်းဒုက္ခရောက်စေပါတယ်၊

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း ရောဂါကြောင့်ရော၊ ရှင်းပြလို့ မရတဲ့ စိတ်အာရုံတွေကြောင့်ပါ ဆိုပြီးပြောပြလာခဲ့ပါတယ်၊အနုပညာ အလုပ်တွေမလုပ်တော့ဘူးဆိုပေမယ့်လည်း ပရိတ်သတ်တွေကတော့ ခုချိန်ထိရာဇာနေဝင်းကိုအားပေးချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်နော်…။

Credit

zawgyi




Credit