နိုင်ငံခြားက ဆယ်လီ ဘရစ်တီတွေ အရှုံးပေး ရလောက်အောင် အထာကျလွန်းတဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦးတို့ရဲ့ ပုံရိပ်

နိုင်ငံခြားက ဆယ်လီ ဘရစ်တီတွေ အရှုံးပေး ရလောက်အောင် အထာကျလွန်းတဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦးတို့ရဲ့ ပုံရိပ်

နိုင်ငံကျော် သရုပ်ဆောင်၊ မော်ဒယ်လ် ဝါဆိုမိုးဦး က ကလေးဘဝ ကတည်းက ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက အရွယ်ရောက်လာတဲ့အခါ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားပြီး တစ်ဆထက် တစ်ဆ အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ဝါဆိုမိုးဦးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူမရဲ့ အချစ်ရေးလေးကိုပါ စိတ်ဝင်တစားရှိကြပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ယောက်က စိတ်တူကိုယ်တူ ဝါသနာ တူသူတွေအဖြစ် လက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း (၄)နှစ်ကျော်တောင်ရှိပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖြိုးလေးက သူတို့စုံတွဲလေးရဲ့ Blacklist သီချင်းအတွက် Photoshoot လုပ်ထားတဲ့ အမှတ်တရဟောင်းလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးထားပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က စိတ်တူကိုယ်တူ နဲ့ နေထိုင်မှုပုံစံချင်းလည်းတူတဲ့ စုံတွဲ တစ်တွဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်ငံခြား ဆယ်လီဘရစ်တီတွေတောင် အရှုံးပေးရမယ့် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ပုံရိပ်လေးကို သဘောကျနေကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Phyo Layy’s fb

Add a Comment

Your email address will not be published. Required fields are marked *

eleven + 15 =