ရန္ကုန္တိုင္း အတြင္း ညမထြက္ရ အမိန႔္ (၂)လ ထပ္တိုး

ရန္ကုန္တိုင္း အတြင္း ညမထြက္ရ အမိန႔္ (၂)လ ထပ္တိုး

ယခင္ ထုတ္ျပန္ခ်က္တြင္ အခ်ိန္အကန႔္အသတ္ မပါဝင္ခဲ့သျဖင့္ ပိုမိုတိက်မႈရွိေစရန္ အခ်ိန္ကာလ ထည့္သြင္းၿပီး ထပ္မံေၾကညာျခင္းျဖစ္ေၾကာင္း မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွေဌးက ေျပာသည္။

“ႏွစ္လအတြင္းမွာ ေရာဂါ အေျခအေန ထိန္းခ်ဳပ္ႏိုင္ၿပီ ဆိုရင္ ႏွစ္လျပည့္ရင္ ညမထြက္ရအမိန႔္က အလိုအေလ်ာက္ပ်က္ျပယ္ၿပီးသား ျဖစ္သြားမယ္၊ တကယ္လို႔ အေျခအေနကို မထိန္းခ်ဳပ္ႏိုင္ေသးဘူး ဆိုရင္ ေတာ့ သက္တမ္းတိုး ထုတ္ျပန္ခ်က္ေတြ ထပ္ထုတ္ျပန္ရမွာပါ”ဟု ဦးလွေဌးက ဆိုသည္။

ျပည္သူမ်ား ေရာဂါကူးစက္ခံရမႈ မရွိေစေရးႏွင့္ အခ်ိန္မီ ထိန္းသိမ္းႏိုင္ေရးတို႔အတြက္ ည ၁၀ နာရီမွ နံနက္ ၄ နာရီ အတြင္း အေရးႀကီးကိစၥ ေပၚေပါက္လာပါက သက္ဆိုင္ရာ၏ ခြင့္ျပဳခ်က္ျဖင့္ သြားလာျခင္းမွအပ သြားလာျခင္းမျပဳၾကရန္ႏွင့္ လိုက္နာျခင္းမရွိပါက တည္ဆဲဥပေဒမ်ားအရ အေရးယူ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဧၿပီ ၂၂ ရက္က ျပဳလုပ္ေသာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ COVID-19 ကာလတြင္ စက္႐ုံ အလုပ္႐ုံမ်ား၊ အလုပ္သမားမ်ား၏ အေရးကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍ ပါဝင္ေဆာင္႐ြက္ေနၾကသူမ်ား ေဆြးေႏြး ပြဲတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က အစိုးရမွထုတ္ျပန္သည့္ ၫႊန္ၾကားခ်က္မ်ား ပိုမို ရွင္းလင္းတိက်ေစရန္ ေဆာင္႐ြက္ေပး သြာမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ အခ်ိန္ကာလသတ္မွတ္ခ်က္ပါဝင္ေသာ ညမထြက္ရ အမိန႔္ထပ္မံ ထြက္ရွိလာခဲ့ျခင္း ျဖစ္သည္။

ျမန္မာတိုင္းမ္

unicode

ရန်ကုန်တိုင်း အတွင်း ညမထွက်ရ အမိန့် (၂)လ ထပ်တိုး

ယခင် ထုတ်ပြန်ချက်တွင် အချိန်အကန့်အသတ် မပါဝင်ခဲ့သဖြင့် ပိုမိုတိကျမှုရှိစေရန် အချိန်ကာလ ထည့်သွင်းပြီး ထပ်မံကြေညာခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“နှစ်လအတွင်းမှာ ရောဂါ အခြေအနေ ထိန်းချုပ်နိုင်ပြီ ဆိုရင် နှစ်လပြည့်ရင် ညမထွက်ရအမိန့်က အလိုအလျောက်ပျက်ပြယ်ပြီးသား ဖြစ်သွားမယ်၊ တကယ်လို့ အခြေအနေကို မထိန်းချုပ်နိုင်သေးဘူး ဆိုရင် တော့ သက်တမ်းတိုး ထုတ်ပြန်ချက်တွေ ထပ်ထုတ်ပြန်ရမှာပါ”ဟု ဦးလှဌေးက ဆိုသည်။

ပြည်သူများ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ည ၁၀ နာရီမှ နံနက် ၄ နာရီ အတွင်း အရေးကြီးကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် သွားလာခြင်းမှအပ သွားလာခြင်းမပြုကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၂ ရက်က ပြုလုပ်သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာလတွင် စက်ရုံ အလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေကြသူများ ဆွေးနွေး ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရမှထုတ်ပြန်သည့် ညွှန်ကြားချက်များ ပိုမို ရှင်းလင်းတိကျစေရန် ဆောင်ရွက်ပေး သွာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အချိန်ကာလသတ်မှတ်ချက်ပါဝင်သော ညမထွက်ရ အမိန့်ထပ်မံ ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာတိုင်းမ်