“ငါ့သမီး ဒီလောက်ထိတာ သူ့မောင်လေးကို ထိမှာစိုးလို့ ကာလိုက်တာ နေမှာ” တဲ့ . . .
|“ငါ့သမီး ဒီလောက်ထိတာ သူ့မောင်လေးကို ထိမှာစိုးလို့ ကာလိုက်တာ နေမှာ” တဲ့ . . .
YBS ၄၀ က တက်စီ ကို လမ်းပြောင်းပြန် တိုက်လို့ သေဆုံးခဲ့ကြရတဲ့ ကိုရဲနောင်ထွန်း တို့မောင်နှမရဲ့ နောက်ဆုံး ခရီးမြင်ကွင်းပုံရိပ်လေးတွေပါ ။မောင်ဖြစ်သူက မျက်နှာသိပ်မထိပေမဲ့ အစ်မဖြစ်သူက
မျက်နှာတခြမ်း တော်တော်ထိထားတယ်။ ဒီလိုပုံစံကို မြင်လိုက်ရတဲ့ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ သူ့အမေက တော်တော်ခံစားနေရရှာတယ်။
သားရော သမီးရော တပြိုင်နက်တည်း ဆုံးရှုံး ရတဲ့မိဘအနေနဲ့ ဘယ်လောက်ခံစားရမလဲ။ သူတို့အမေကြီးက ပြောနေရှာတယ်။
” ငါ့သမီးဒီလောက် ထိတာ သူ့မောင်လေးကိုထိမှာစိုးလို့ ကာ လိုက်တာနေမှာ” တဲ့ . . .။
crd : thuthulay