ကမ္ဘာကြီး အတွက် နိမိတ်ကောင်းတွေ ပေါ်လာတော့ မှာပါ…

ကမ္ဘာကြီး အတွက် နိမိတ်ကောင်းတွေ ပေါ်လာတော့ မှာပါ…

နိမိတ်တွေ အရင်လာပြီ

ခုနောက်ပိုင်း ဗုဒ္ဓဘာသာ ကို ထောက်ခံလာတဲ့ ကမ္ဘာကျော်တွေ အများကြီးတွေ့လာရတယ်….

ဟိုးယခင်ကတည်းက သိနေကြပေ မဲ့ စီးပွားရေး လူမူ့ရေး စတဲ့ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေရှိလို့အားလုံးထုတ်ဖေါ်ဖို့ဝန်လေးနေကြပုံရတယ်…

အခု ကပ်လည်းဆိုက်ရော ဘယ်သူမှ အားမနာတော့ဘူး တကယ်တမ်း ကျင့်သုံးသင့်တဲ့ ဘာသာကိုတညီတညွတ်တည်း ထုတ်ဖေါ်နေကြပြီ….

ကဆုန်လပြည့်နေ့ကလည်း ကုလသမဂ် ဂအတွင်းရေးမူးချုပ်နဲ့အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကနေဒါဝန်ကြီးချူပ်တို့က ကမ္ဘာ့ကပ်ရောဂါကို ကူစားဖို့ ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်သုံးဖို့အထူးလိုအပ်ပါတယ်ဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားတဲ့….

အခု အင်္ဂလန် ဒိန်းမတ် နော်ဝေ စတဲ့ နိုင်ငံတွေ မှာ ဗုဒ္ဓတရားတော်တွေကို ကျောင်းစာအုပ်တွေရဲ့ သင်ရိုးညွန်းတန်းတွေမှာ ထည့်ပြီးသင်နေကြပြီဆိုတော့ သိပ်မကြာလောက်တော့ပါဘူး….

အဲဒီကလေးတွေက ဗုဒ္ဓတရားတော်တော်တွေဟာ ဘယ်လို ကောင်းကြောင်း ဘယ်လိုငြိမ်းအေးကြောင်း တနေ့ကျ ကြေငြာပေးပါလိမ့်မယ်….

ကျွန်တော်ခဏခဏ ပြောခဲ့ဘူး ရေးခဲ့ဘူးပါတယ်….ဗုဒ္ဓတရား တော်တွေ တကြော့ပြန်ထွန်းကားဖို့အကြောင်းအရာတွေ အများကြီးထွက်ပေါ်လာလိမ့်မယ် …..

နောင်တချိန်ကျရင် ဗုဒ္ဓဘာသာတခုပဲ တကမ္ဘာလုံး အာရုံစိုက်ကြ လိမ့်မယ်ဆိုတာ အခုတော့ စနေပြီလေ….

သိပ်မကြာခင်မှာပဲတခြားသော ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလည်း ဗုဒ္ဓဘာသာ ကိုကျင့်သုံးကြဖို့တိုက်တွန်းကြလိမ့်ဦးမယ်….

ပတ္တမြား မှန်ရင် နွံမနစ်ပါဘူးလေ….ကျွန်တော့ပြောခဲ့ ရေးခဲ့တာတွေ မှန်ကန်ကြောင်း သက်သေပြဖို့ အခုကမ္ဘာကြီးပေါ်မှာ ပြောင်းလဲမူ့တွေ စတင်နေပါပြီ….

ဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး ပြောင်းလဲလာမဲ့ သူတွေရဲ့ သတင်းတွေကြား ရဖို့ အခု ကမ္ဘာ့ခေါင်းဆောင်တွေ သတ္တိရှိရှိဖေါ်ထုတ်နေကြပါပြီ….

သိပ်မကြာခင်မှာ ထူးခြားသတင်းတွေ ဆက်တိုက် လာပါလိမ့်မယ်….ဝမ်းပမ်းတသာ စောင့်မျှော်ကြပါလို့ သတင်းကောင်း ပါးပါရစေ….

အခုကတော့ တောင့်ထားကြပါဦး သိပ်မကြာတော့တဲ့ အချိန်မှာ ကမ္ဘာကြီးအတွက် နိမိတ်ကောင်းတွေ ပေါ်လာတော့မှာပါ….။

ဦးမြင့်ခိုင် / Share ခြင်းဖြင့်သာသနြာ့ပုနိုင်ကြပါစေ

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 7 =