ထပ္တုိး လူနာ နံပါတ္ (၁၈၁) ေနထုိင္ရာ အလံု၊ ဧရာဝတီလမ္း ကို ေလာ့ေဒါင္း ခ်ၿပီ

ယေန႔ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္ အရ ထပ္တိုးေတြ႕ရွိေသာ လူနာနံပါတ္ (၁၈၁) သည္ ရန္ကုန္တိုင္းအလုံၿမိဳ႕နယ္ ဌာနရပ္ကြက္ ၊ဧရာဝတီလမ္းေန ထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ၎ေနထိုင္ရာေနရာကို ေလာ့ေဒါင္း ခ်ရန္ေဆာင္ရြက္ေနေၾကာင္း သက္ဆိုင္ရာက်န္းမာေရးဌာနမွ အတည္ျပဳ သိရပါတယ္။

ၿမိဳ႕နယ္က်န္းမာေရးမႉး ႏွင့္ အလုံရဲ စခန္းတို႔က ဧရာဝတိီလမ္း ရွိ လူနာ၏ေနအိ မ္ကို ေလာ့ေဒါင္း ခ်ရန္ေဆာင္ရြက္ေနေၾကာင္း ယေန႔ညတြင္ အတည္ျပဳေျပာၾကား ခဲ့ပါတယ္။

အဆိုပါ လူနာနံပါတ္ (၁၈၁) သည္ အသက္ ၅၂ ႏွစ္ အရြယ္အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အင္းစိန္ခဝဲၿခံ ၂ လမ္းေန လူနာနံပါတ္ (၁၇၉) ႏွင့္ ထိေတြ႕မႈရာဇဝင္ ရွိထားသူျဖစ္ေၾကာင္း ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

လူနာနံပါတ္ (၁၈၁) သည္ ၿပီးခဲ့ သည့္ ေမ ၅ ရက္ေန႔က အေမမ်ားေန႔အတြက္ အင္တာဗ်ဴးလုပ္ခဲ့ၿပီး ၊ အင္တာဗ်ဴးလုပ္ခဲ့သူမ်ားထဲတြင္ လူနာနံပါတ္ (၁၇၉) သည္ တစ္ဦးအပါအဝင္ျဖစ္ေၾကာင္း ကနဦးအျဖစ္စုံစမ္းသိရွိရပါတယ္။

ယင္းေနာက္ လူနာနံပါတ္ (၁၇၉) ထံတြင္ Covid-19 ေရာဂါပိုးေတြ႕ရွိ ရၿပီးေနာက္ ေမ ၁၁ တြင္ လူနာနံပါတ္ (၁၈၁) ျဖစ္လာမည့္ အသက္ ၅၂ ႏွစ္အမ်ိဳးသမီး သည္ သမီးျဖစ္သူႏွင့္အတူ သံပ်င္ေဆာင္ တြင္ Q ဝင္ခဲ့သူျဖစ္ေၾကာင္း စုံစမ္းသိရွိရပါတယ္။

လူနာနံပါတ္ (၁၇၉) သည္ အင္းစိန္ၿမိဳ႕နယ္ ခဝဲၿခံ ၂ လမ္းေနသူျဖစ္ၿပီး အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦးျဖစ္ပါတယ္။

crd : shwewiki

unicode

ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက် အရ ထပ်တိုးတွေ့ရှိသော လူနာနံပါတ် (၁၈၁) သည် ရန်ကုန်တိုင်းအလုံမြို့နယ် ဌာနရပ်ကွက် ၊ဧရာဝတီလမ်းနေ ထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းနေထိုင်ရာနေရာကို လော့ဒေါင်း ချရန်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာနမှ အတည်ပြု သိရပါတယ်။

မြို့နယ်ကျန်းမာရေးမှူး နှင့် အလုံရဲ စခန်းတို့က ဧရာဝတီလမ်း ရှိ လူနာ၏နေအိ မ်ကို လော့ဒေါင်း ချရန်ဆောင်ရွက်နေကြောင်း ယနေ့ညတွင် အတည်ပြုပြောကြား ခဲ့ပါတယ်။

အဆိုပါ လူနာနံပါတ် (၁၈၁) သည် အသက် ၅၂ နှစ် အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်းစိန်ခဝဲခြံ ၂ လမ်းနေ လူနာနံပါတ် (၁၇၉) နှင့် ထိတွေ့မှုရာဇဝင် ရှိထားသူဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာနံပါတ် (၁၈၁) သည် ပြီးခဲ့ သည့် မေ ၅ ရက်နေ့က အမေများနေ့အတွက် အင်တာဗျူးလုပ်ခဲ့ပြီး ၊ အင်တာဗျူးလုပ်ခဲ့သူများထဲတွင် လူနာနံပါတ် (၁၇၉) သည် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ကနဦးအဖြစ်စုံစမ်းသိရှိရပါတယ်။

ယင်းနောက် လူနာနံပါတ် (၁၇၉) ထံတွင် Covid-19 ရောဂါပိုးတွေ့ရှိ ရပြီးနောက် မေ ၁၁ တွင် လူနာနံပါတ် (၁၈၁) ဖြစ်လာမည့် အသက် ၅၂ နှစ်အမျိုးသမီး သည် သမီးဖြစ်သူနှင့်အတူ သံပျင်ဆောင် တွင် Q ဝင်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

လူနာနံပါတ် (၁၇၉) သည် အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းနေသူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပါတယ်။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

sixteen − five =