ကိုဗစ် ရှေ့တန်း စစ်မျက်နှာပြင် က စေတနာ့ ဝန်ထမ်း များ ( သို့ ) သမိုင်းတွင် မယ့် မြန်မာ့ သူရဲကောင်းများ

ကိုဗစ် ရှေ့တန်း စစ်မျက်နှာပြင် က စေတနာ့ ဝန်ထမ်း များ ( သို့ ) သမိုင်းတွင် မယ့် မြန်မာ့ သူရဲကောင်းများ

မြန်မာနိုင်ငံ မှာ ကိုဗစ်ကပ် စကတည်း က အခု အချိန်အထိ ၂ လ ကျော် ကြာ အိမ်မပြန်ဘဲ လိုအပ်တဲ့ နေရာတွေ မှာ လုပ်အားပေး နေကြသူတွေ ရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ် တချို့ ကို ကြည့်ရအောင် ပါ ။

လှိုင်မြို့နယ်ထဲ က အသွား အလာ ကန့်သတ် စောင့်ကြည့် စခန်းတစ်ခု မှာ ပြည်ပက နေရပ်ပြန်လာ သူ တချို့ ရက်ပြည့် လို့ မေလ ၃ ရက်နေ့ မနက်ပိုင်းက သူတို့ရဲ့ နေအိမ် အသီးသီး ကို ပြန်ခွင့် ရခဲ့ ပါ တယ် ။Medical Social Support Team က စေတနာ့ ဝန်ထမ်းတွေကတော့ သူတို့ နေထိုင်ခဲ့တဲ့ အဆောင်တွေ ကို နေ့လယ် ထမင်း စားချိန် လောက်မှာ စတင် သန့်ရှင်းရေး ပြုလုပ်ကြ ပါတယ် ။

ရောဂါပိုး အကာ အကွယ် PPE ဝတ်စုံပြည့်နဲ့ စေတနာ့ဝန်ထမ်း ဆေးဖျန်းသူတွေဟာ ကိုဗစ်-၁၉ အတည်ပြု လူနာ နေထိုင်ခဲ့တဲ့ အခန်းကို စတင်ဆေးဖျန်းကာ နောက်ထပ် လူ ပြန်မထားမိစေဖို့ တံခါးအသေပိတ်လိုက် ပါတယ် ။ဆေးဖျန်းပြီးတဲ့ အချိန်မှာတော့ PPE ဝတ်ဆင်ထားသူ နဲ့ အဆင့် ( ၂ ) ဝတ်စုံ ဝတ်ဆင်ထား သူ တွေဟာ စောင်၊ အိပ်ယာ ခင်း၊ ခေါင်းအုံးစွတ်တွေကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံ လဲလှယ်ကြ ပါတယ် ။

အဆောင်သန့်ရှင်းရေးလုပ်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျရှိလှပါတယ်။ ပူအိုက်ပြီး ချွေးတွေစိုစွတ်နေတဲ့ PPE ဝင်စုံတွေနဲ့ အဆင့် (၂) Level -2 ဝတ်စုံတွေကို အချိန်ချိန်ကြာကြာ ဝတ်ထားဖို့ကလည်း ခက်ခဲလှ ပါတယ်။ဆေးဖျန်းသူတွေ အတွက် ဆေးဖြည့်ချိန်၊ ဓာတ်လှေကား ခဏတာ စောင့်ဆိုင်းချိန်နဲ့ ဓာတ်လှေကား အတွင်းလိုက်ပါတဲ့ အချိန်တွေမှာသာ ခေတ္တနားပြီး ကျန် အချိန်တွေ မှာတော့ အလုပ်မြန်မြန် ဆန်ဆန်ပြီးစီးဖို့နဲ့ နေရာလပ်မကျန်ဆေးဖျန်းဖို့သာ အာရုံစိုက်ကြရ ပါတယ်။

အထပ် ၇ ထပ် ဆောင် တစ်ဆောင်လုံး ဆေးဖျန်း ပစ္စည်းသိမ်းပြီး တဲ့ အချိန် မှာတော့ စောင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွတ်တွေကို လျှော်ဖွတ်ရေးအတွက် ပြင်ဆင်ကြရပြန်ပါတယ်။ ကလိုရင်း အနံပြင်းပြင်း ခတ်ထားတဲ့ ရေကန်နဲ့ ဆပ်ပြာမှုန့် ဖျော်ထားတဲ့ ရေကန်တွေမှာ လျှောက်ဖွတ်ကြ ပြီးချိန်မှာတော့ ညပိုင်းအချိန်ထဲ ရောက်လို့ သွားပါပြီ။ မိုးတွေ လည်း ရွာလာ လို့ ထမင်းစားနားကာ အလုပ်သိမ်းကြ ပါတယ်။

ဒီ အလုပ်တွေကတော့ စေတနာ့ ဝန်ထမ်းတွေ အတွက်တော့ နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပြီး မြန်မာနိုင်ငံ မှာ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ စတင်ဖြစ်တဲ့ ကာလကနေ ဒီနေ့ အချိန်ထိ ဆို ၂လကျော် အိမ်မပြန်ဘဲ လုပ်အားပေး ဝင်နေကြတာ ဖြစ်ပါတယ် ။ ဒီလို စေတနာ့ ဝန်ထမ်းလုပ်ဖို့ အတွက် ကိုဗစ်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန် သင်တန်းတွေ ကို တက်ရောက်ပြီး မှသာ လုပ်အားပေး လုပ်ရတာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း အဖွဲ့ဟာ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွေမှာ စောင့်ကြည့်ခံသူတွေ ပြန်လည်ထွက်ခွာချိန် အဆောင်ရှင်းလင်းရေးပြုလုပ်ပေးခြင်း၊ သံသယလူနာများ ကို အသွားအလာ ကန့်သတ် သီးခြား စောင့်ကြည့်တဲ့ Quarantine စင်တာများကို ပို့ဆောင်ပေးခြင်း၊ နေရပ်ပြန်သူတွေကို လေဆိပ်၊ ကားဂိတ်တို့ ပို့ဆောင်ပေးခြင်း၊ အတည်ပြု လူနာတွေကို ဝေဘာဂီနဲ့ တခြား ကုသရေး ဆေးရုံ နေရာတွေကို ပို့ဆောင်ပေးခြင်း နဲ့ အလှူရှင်တွေက လှူဒါန်းတဲ့ ပစ္စည်းစားစရာနဲ့ ထောက်ပံ့ပစ္စည်းတွေ ကို Quarantine စင်တာများ ကို လိုက်လံ့ပို့ဆောင်ခြင်းများကို ပြုလုပ်ရပါတယ်။

မြန်မာနိုင်ငံမှာ ဇွန် ၅ ရက် မနက်ပိုင်း အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၃၆ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထား ပါတယ်။

BBC

Add a Comment

Your email address will not be published. Required fields are marked *

14 − 11 =