“စိုင်းထီးဆိုင်” ဝင်စားတာလို့ ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ “အာဟာဟိန်း” ရဲ့ အကြောင်း (ဗီဒီယိုဖိုင်)

Posted on

အဆိုတော်ကြီး ဦးစိုင်းထီးစိုင်ဟာ မသိတဲ့သူမရှိလောက်အောင် ဂီတလောကကိုအုပ်စိုးနိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ် ။ သီချင်းကောင်းများစွာကိုရေးသားသီဆိုခဲ့ပြီး အခုလက်ရှိအချိန်ထိတောင် ဦးထီးရဲ့သီချင်းတွေဟာ ပရိသတ်တွေကြားမှာ နားဆင်ခံစားလို့မဝဖြစ်နေဆဲပါ။ ဦးထီးရဲ့သီချင်းတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေဟာ အဆိုတော်အာကာဟိန်း ရဲ့ ဦးထီးသီချင်း Cover Song တွေကိုလည်း အားပေးနှစ်သက်လာခဲ့ကြပါတယ်။ ဦးထီးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့အကြောင်းကို အာကာဟိန်းက Hall of Fame နဲ့ Interview မှာ အခုလိုပဲပြောပြလာခဲ့ပါတယ်။

“ဂီတကို ကိုးနှစ်သားအရွယ်တည်းက ဝါသနာပါပါတယ်။ဦးထီးသီချင်းကို အရင်စဆိုပါတယ်။ ကြိုက်ရတဲ့ အကြောင်းရင်းက ဦးထီးရဲ့အသံ၊ဦးထီးရဲ့ဆိုပုံဆိုဟန်တွေကိုကြိုက်လို့ပါခင်ဗျ ကျွန်တော့်အဖေနားထောင်တာတွေ့တော့ ကျွန်တော်လည်းနားထောင်ရင်းကြိုက်သွားတာပါ ဦးထီးသီချင်းကို ဒီခေတ်ကာလသီချင်းတွေထက်ပိုကြိုက်ပါတယ် ဦးထီးအသံက ကြည်ပြီးတော့ နားထောင်လို့ ကောင်းလို့ပါခင်ဗျ”လို့ပြောသွားခဲ့ပါတယ်။ ဂီတကိုလေ့ကျင့်ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း “သီချင်းကို ညပိုင်းပိုလေ့ကျင့်ပါတယ်။

ဦးထီးသီချင်းထဲမှာ စိတ်ညှို့ရှင်သီချင်းကို အရင်ဆုံးစဆိုဖြစ်ပါတယ်။ ဆိုဖို့အတွက်က တစ်ယောက်တည်းလေ့ကျင့်တာပါ ဆရာမရှိပါဘူး အတီးပိုင်းတွေပဲ ဆရာရှိပါတယ် ဦးထီးသီချင်းတွေက တော်တော်များများ ရပါတယ်။ သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်ခင်ဗျ”လို့ဖြေခဲ့ပါတယ်။ အာကာဟိန်းရဲ့ မိခင်ဖြစ်သူကလည်း “ကိုယ်ဝန်စရှိတော့ ထူးထူးခြားခြား အိပ်မက်မက်ဖူးတယ် အစ်မတို့မြို့ရဲ့ အရှေ့မှာ စစ်တောင်းမြစ်ရှိတယ် စစ်တောင်းမြစ် ဟိုဘက်အရှေ့ဘက်ကမ်းမှာ ခင်တန်းလေးဘုန်းကြီးကျောင်းရှိတယ်။

ဘုန်းကြီးက ပျံလွန်မူတော်ကြာပြီ သူ့ကိုကိုယ်ဝန်စရှိတော့ အဲ့ဒီခင်တန်းလေးဘုန်းကြီးဆရာတော်ကြီးကို အိပ်မက်တွေမက်တယ် အိပ်မက်ထဲမှာ ဆရာတော်ကြီးကို ခြေဆုပ်လက်နယ်ပြုနေတာပေါ့နော် သူ့အဖေကြီးကလည်းပြောတယ် ဒီကလေးလေးက လူဝင်စားလေးလားမသိဘူးတဲ့ ထူးခြားလို့လေ အဲ့ဒီလိုမျိုးတော့အိပ်မက်မက်ဖူးတယ်”လို့ ပြောခဲ့ပါတယ်။ ပရိသတ်ကြီးရော ဦးထီးသီချင်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်လား? အာကာဟိန်းရဲ့ ဦးထီးသီချင်းပြန်လည် သီဆိုထားတာလေးတွေကို နားထောင်အားပေးရင်း ဘယ်လိုခံစားရတယ်ဆိုတာကို မျှဝေပေးခဲ့ပါဦးနော်..

mdatenews

zawgyi

အဆိုေတာ္ႀကီး ဦးစိုင္းထီးစိုင္ဟာ မသိတဲ့သူမရွိေလာက္ေအာင္ ဂီတေလာကကိုအုပ္စိုးႏိုင္ခဲ့တဲ့ အဆိုေတာ္ႀကီးတစ္ေယာက္ပဲျဖစ္ပါတယ္ ။ သီခ်င္းေကာင္းမ်ားစြာကိုေရးသားသီဆိုခဲ့ၿပီး အခုလက္ရွိအခ်ိန္ထိေတာင္ ဦးထီးရဲ႕သီခ်င္းေတြဟာ ပရိသတ္ေတြၾကားမွာ နားဆင္ခံစားလို႔မဝျဖစ္ေနဆဲပါ။ ဦးထီးရဲ႕သီခ်င္းေတြကိုႀကိဳက္ႏွစ္သက္ၾကတဲ့ပရိသတ္ေတြဟာ အဆိုေတာ္အာကာဟိန္း ရဲ႕ ဦးထီးသီခ်င္း Cover Song ေတြကိုလည္း အားေပးႏွစ္သက္လာခဲ့ၾကပါတယ္။ ဦးထီးသီခ်င္းေတြကို ႀကိဳက္ႏွစ္သက္တဲ့အေၾကာင္းကို အာကာဟိန္းက Hall of Fame နဲ႔ Interview မွာ အခုလိုပဲေျပာျပလာခဲ့ပါတယ္။

“ဂီတကို ကိုးႏွစ္သားအ႐ြယ္တည္းက ဝါသနာပါပါတယ္။ဦးထီးသီခ်င္းကို အရင္စဆိုပါတယ္။ ႀကိဳက္ရတဲ့ အေၾကာင္းရင္းက ဦးထီးရဲ႕အသံ၊ဦးထီးရဲ႕ဆိုပုံဆိုဟန္ေတြကိုႀကိဳက္လို႔ပါခင္ဗ် ကြၽန္ေတာ့္အေဖနားေထာင္တာေတြ႕ေတာ့ ကြၽန္ေတာ္လည္းနားေထာင္ရင္းႀကိဳက္သြားတာပါ ဦးထီးသီခ်င္းကို ဒီေခတ္ကာလသီခ်င္းေတြထက္ပိုႀကိဳက္ပါတယ္ ဦးထီးအသံက ၾကည္ၿပီးေတာ့ နားေထာင္လို႔ ေကာင္းလို႔ပါခင္ဗ်”လို႔ေျပာသြားခဲ့ပါတယ္။ ဂီတကိုေလ့က်င့္ျဖစ္တာနဲ႔ပတ္သက္ၿပီးေတာ့လည္း “သီခ်င္းကို ညပိုင္းပိုေလ့က်င့္ပါတယ္။

ဦးထီးသီခ်င္းထဲမွာ စိတ္ညႇိဳ႕ရွင္သီခ်င္းကို အရင္ဆုံးစဆိုျဖစ္ပါတယ္။ ဆိုဖို႔အတြက္က တစ္ေယာက္တည္းေလ့က်င့္တာပါ ဆရာမရွိပါဘူး အတီးပိုင္းေတြပဲ ဆရာရွိပါတယ္ ဦးထီးသီခ်င္းေတြက ေတာ္ေတာ္မ်ားမ်ား ရပါတယ္။ သီခ်င္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္အတတ္ႏိုင္ဆုံးႀကိဳးစားသြားပါမယ္ခင္ဗ်”လို႔ေျဖခဲ့ပါတယ္။ အာကာဟိန္းရဲ႕ မိခင္ျဖစ္သူကလည္း “ကိုယ္ဝန္စရွိေတာ့ ထူးထူးျခားျခား အိပ္မက္မက္ဖူးတယ္ အစ္မတို႔ၿမိဳ႕ရဲ႕ အေရွ႕မွာ စစ္ေတာင္းျမစ္ရွိတယ္ စစ္ေတာင္းျမစ္ ဟိုဘက္အေရွ႕ဘက္ကမ္းမွာ ခင္တန္းေလးဘုန္းႀကီးေက်ာင္းရွိတယ္။

ဘုန္းႀကီးက ပ်ံလြန္မူေတာ္ၾကာၿပီ သူ႔ကိုကိုယ္ဝန္စရွိေတာ့ အဲ့ဒီခင္တန္းေလးဘုန္းႀကီးဆရာေတာ္ႀကီးကို အိပ္မက္ေတြမက္တယ္ အိပ္မက္ထဲမွာ ဆရာေတာ္ႀကီးကို ေျခဆုပ္လက္နယ္ျပဳေနတာေပါ့ေနာ္ သူ႔အေဖႀကီးကလည္းေျပာတယ္ ဒီကေလးေလးက လူဝင္စားေလးလားမသိဘူးတဲ့ ထူးျခားလို႔ေလ အဲ့ဒီလိုမ်ိဳးေတာ့အိပ္မက္မက္ဖူးတယ္”လို႔ ေျပာခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ဦးထီးသီခ်င္းေတြကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္လား? အာကာဟိန္းရဲ႕ ဦးထီးသီခ်င္းျပန္လည္ သီဆိုထားတာေလးေတြကို နားေထာင္အားေပးရင္း ဘယ္လိုခံစားရတယ္ဆိုတာကို မွ်ေဝေပးခဲ့ပါဦးေနာ္..

mdatenews