ဘင်္ဂလား ပင်လယ်အော်အတွင်း အစပြုနေတဲ့ လေဖိအား နည်းရပ်ဝန်းနှင့် မိုးလေဝသသတင်း

ဘင်္ဂလား ပင်လယ်အော်အတွင်း အစပြုနေတဲ့ လေဖိအား နည်းရပ်ဝန်းနှင့် မိုးလေဝသသတင်း

ဘင်္ဂလားပင်လယ်အော် တွင် ရက်အနည်း အတွင်း လေဖိ အားနည်းရပ်ဝန်း တစ်ခု ဖြစ်လာ နိုင်ပြီး မုတ်သုံလေအားကောင်း လာနိုင်ကာ ဒေသအချို့နေရာ ကွက် မိုးကြီးနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း တွင် ဇွန်လ ၉ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

“ရက်အနည်းငယ်အတွင်း မှာ မုတ်သုံလေ အားကောင်းလာ နိုင်လို့ မိုးလည်းကောင်းလာနိုင်တယ်”ဟု ဒေါက်တာကျော်မိုးဦး ကပြောပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၆)ပေခန့်ရှိနိုင်ပါသည်။

Photo Luka Kauzlaric / The Observer

လတ်တလော ရာသီဥတုအခြေအနေအရ ရန်ကုန်-နေပြည် တော် အပါအဝင် မြန်မာနိုင်ငံ ဒေသအများစုတွင် မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၄ ရက်တွင် သတင်းထုတ်ပြန် ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five × two =