ယနေ့ လပြည့်နေ့ တွင် ပြုလုပ်ရမယ့် ကံပွင့် ကံမြင့် အကြံအစည် အလုပ်အကိုင်များ အောင်မြင်စေမည့် ယတြာ
|ယနေ့ လပြည့်နေ့ တွင် ပြုလုပ်ရမယ့် ကံပွင့် ကံမြင့် အကြံအစည် အလုပ်အကိုင်များ အောင်မြင်စေမည့် ယတြာ
ကံပွင့် ကံမြှင့်စေရန် လပြည့်နေ့ (5.6.2020) တွင်သာ ပြုလုပ် ရမယ့် ယတြာ
နှင်းဆီပန်း(၅) ပွင့်
သပြေပန်း(၅ ခက်
လမုန့်(၅)ခုတို့အား လင်ဗန်း တစ်ချပ် ထဲတွင် လှပအောင်ပြင်ဆင်၍ ထည့်ပြီး ဖယောင်းတိုင်(၅)တိုင် |အမွေးတိုင်(၅)တိုင်|သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင် အား ဆက် ကပ် လှူဒါန်းပါ ။ အနန္တော အနန္တ ငါးပါးအား ရည်စူးကပ်လှူ ပူဇော်ရင်း အောက်ပါ အတိုင်း လေးလေး နက်နက် ဆုတောင်းပေး ပါ ။
ဘုရားရှင် အမှူးရှိသော အနန္တ ငါးပါးအား ရည်မှန်း ၍ ရည်စူး ၍ နှင်းဆီပန်း (၅)ပွင့်တိုဖြင့် လည်းကောင်း| သပြေပန်း(၅)ခက်တို့ဖြင့် လည်းကောင်း| လမုန့်(၅)ခု တို့ဖြင့်လည်းကောင်း| ဖယောင်းတိုင်(၅)တိုင် တို့ဖြင့်လည်းကောင်း| အမွေးတိုင်(၅)တိုင်တို့ဖြင့် လည်းကောင်း| ရေတော်(၅)ခွက်တို့ဖြင့် လည်းကောင်း ကပ်လှူ ပူဇော် ကန်တော့ ပါ ၏ ။
ဤသစ္စာ မှန်ကန်ပါက| ဤမှန်သော သစ္စာ စကားကြောင့် လည်းကောင်း| ဤမှန်သော သစ္စာတန်ခိုးကြောင့်သော် လည်းကောင်း| အရပ်လေးမျက်နှာ| အရပ်ရှစ်မျက်နှာ| အရပ် ဆယ်မျက်နှာတို့မှ ငွေကြေး|စည်းစိမ်ဥစ္စာ| ရတနာ များစွာတို့ သည် လည်းကောင်း| စိန်ရွှေရတနာ| ကျောက်မျက် ရတနာ များစွာ တို့သည် လည်းကောင်း |အလုပ်အကိုင်| အကြံအစည် ကိစ္စများစွာ တို့သည် လည်းကောင်း လျင်မြန်စွာ တိုးတက် ဝင်ရောက် လာကြပါစေ သတည်း ။
လျင်မြန်စွာ ဝင်လာမစဲ |တသဲသဲ စည်ကား လာကြပါစေ| ရောက်ရှိ လာကြ ပါစေကုန်သတည်း ‘ဟူ၍ (၅)ကြိမ် |(၅)ခါတိတိ ရွတ်ဆို ဆုတောင်းပေး ရပါမည်။ လပြည့်နေ့မှ စ၍ ကံပွင့်ကံမြင့် အကြံအစည် အလုပ်အကိုင် များအောင်မြင် ကြပါစေ ။
ဆရာကျော်ဇောဟိန်း
Ph09256029906 Ph09766470530