ညက မိုးကြိုး ပစ်တာ အမျိုသမီးငါးဦး တစ်ပြိုင်တည်း သေဆုံးသွားတာတဲ့

ညက မိုးကြိုး ပစ်တာ အမျိုသမီးငါးဦး တစ်ပြိုင်တည်း သေဆုံးသွားတာတဲ့

ဇွန်လ ၃ ရက်ညနေ ၅:၃၀ နာရီကမြိတ်မြို့၊ဘုတ်ချောင်းကျေးရွာအနီး အမှတ်ရ၂ရေဒါအုပ်တွင်မိုးရွာသဖြင့်ဘောလုံးကွင်းအနီးမိုးခိုနေသူ၁၂ဦးအားမိုးကြိုးထိမှန်ရာနေရာတွင်ပင်ငါးဦးသေဆုံးကြောင်းသိရသည်။

သေဆုံးသူများမှာ အမျိုးသမီးလေးဦးနှင့် ကလေးတစ်ဦးဖြစ်ပြီးကျန်ရဦးမှာမြိတ်မြို့တပ်မတော် စစ်ဆေးရုံတွင်ကုသပေးလျက်ရှိကြောင်းသိရသည်။

မိုးကြိုးပစ်နေချိန် လုံးဝ မလုပ် သင့်သော အရာများ

တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ တစ်ရက်ကို အကြိမ် ၈ သန်းထက်မနည်း မိုးကြိုးပစ်လေ့ရှိပါတယ်။ တစ်နေရာမဟုတ် တစ်နေရာတော့ မိုးကြိုးက ပစ်နေတတ်ပါတယ်။

မြေကြီးပေါ်ကိုမပစ်ရင်တောင် တိမ်တွေကြားမှာပဲ မိုးကြိုးတွေ ပစ်နေတာပါ။ မိုးကြိုးတစ်ခါပစ်ခြင်းရဲ့ ဗို့အားက ၅၀၀၀၀ ဒီဂရီ ဖာရင်ဟိုက်ကျော် ရှိပါတယ်။ နေမျက်နှာပြင်ရဲ့ အပူချိန်ထက် ၅ ဆ များပါတယ်။

တစ်နှစ်ကို လူအယောက် ၂၀၀၀ ဝန်းကျင်လောက် မိုးကြိုး ပစ်ခံရပြီး သေဆုံးနေရပါတယ်။ ဒါကြောင့် မုန်တိုင်းတွေတိုက်နေရင်၊ မိုးကြိုးတွေအရမ်းပစ်နေရင် အိမ်ထဲမှာနေတာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ဒီအချက်တွေကိုလည်း သိထားဖို့လိုပါတယ်။

ရေချိုးခြင်း………..မတော်တဆ သင့်အိမ်တည့်တည့်ကို မိုးကြိုးပစ် ခဲ့သည်ရှိသော် သင်က ရေပန်းနဲ့ရေချိုးနေတယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ လျှပ်စီးကြောင်းက ရေပိုက်ထဲက ရေတွေကိုဖြတ်သန်းပြီး ကူးသွားနိုင်ပါတယ်။ ဒါကြောင့် မိုးကြိုးပစ်နေချိန်မှာ ရေပိုက်ခေါင်းဖွင့်ပြီး သုံးရတဲ့ ရေတွေကို မသုံးတာ အကောင်းဆုံးပါပဲ။

အိမ်ပြင်ဖက်မှာရှိတဲ့ ရေကန်တွေကနေလည်း မသုံး သင့်ပါဘူး။ အိမ်ထဲမှာ ဘာပိုက်နဲ့မှ မဆက်ထားဘဲ သိုလှောင်ထားတဲ့ ရေကန်ထဲက ရေကိုတော့ သုံးလို့ရပါတယ်။

သစ်ပင်အောက် ခိုလှုံခြင်း

မိုးချုပ်ပစ်နေချိန်မှာ သစ်ပင်အောက် နေတာက အရမ်းအန္တရာယ်များတယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။ တကယ်လို့သင်ရောက်နေတဲ့နေရာမှာ သစ်ပင်တွေက အရှည်ဆုံးအရာတွေ ဖြစ်နေခဲ့မယ်ဆိုရင် သစ်ပင်ကို မိုးကြိုးပစ်မှာအသေအချာပါပဲ။

မိုးကြိုးပစ်ခံရတဲ့ သစ်ပင်အောက် လူရပ်နေမယ် ဆိုရင် အဲ့ဒီလူဆီမိုးကြိုးက တိုက်ရိုက်ကူးဆက်သွားမှာပါ။ ဘာလို့လဲဆိုတော့ သစ်ပင်ထက် လူက လျှပ်ကူးလွယ်လို့ပါ။ သစ်ပင်သာမက သစ်သားနဲ့လုပ်ထားတဲ့အရာတွေနား နေတာ၊ ခိုလှုံတာတွေကို ရှောင်ပါ။

ဟင်းလင်းပြင်မှာ ရပ်နေခြင်း

မိုးကြိုးပစ်နေချိန် သစ်ပင်အောက်မရပ်ရဲဘူးဆိုပြီး ကွင်းလယ် ခေါင်ထဲ ရပ်နေလို့လည်း မရပါဘူး။ ဘောလုံးကွင်း၊ လယ်ကွင်း၊ ဂေါက်ကွင်းနဲ့ ပန်းခြံလိုမျိုး နေရာတွေမှာ မတ်တပ်ရပ်နေတာမျိုး ရှောင်ရပါမယ်။ မိုးကြိုးပစ်ပြီဆိုတာနဲ့ အကာအကွယ်ရှိတဲ့နေရာကို တတ်နိုင်သလောက် မြန်မြန် ရှာဖွေပါ။

လှဲလျောင်းခြင်း

ဟင်းလင်းပြင်မှာ မတ်တပ်ရပ်မနေနဲ့ ဆိုတော့ မြေကြီးပေါ် ပစ်လှဲလိုက်လို့လည်း မရပြန်ပါဘူး။ မိုးကြိုးထိပြီး လျှပ်ကူးနေတဲ့ မြေပြင်ရဲ့အထက် ပေ ၁၀၀ အကွာမှာ နေရင်တောင် အသက်သေစေနိုင်ပါတယ်။

ကွန်ကရစ်တွေကို ထိခြင်း

ကွန်ကရစ်နဲ့ပြုလုပ်ထားတဲ့ နံရံ၊ ကြမ်းပြင်၊ အဆောက်အအုံတွေ မှာ လျှပ်ကူးနိုင်တဲ့ ဝိုင်ယာကြိုးတွေ၊ သတ္တုနဲ့ပြုလုပ်ထားတဲ့ သံတိုင်တွေရှိတတ်ပါတယ်။ ဒါကြောင့် မိုးကြိုးပစ်နေပြီဆိုရင် ကွန်ကရစ်တွေနား သွားရပ်တာ၊

ကွန်ကရစ်ပေါ်လှဲ အိပ်နေတာမျိုးတွေ ရှောင်ပါ။ အကောင်းဆုံးကတော့ မြေပြင်ပေါ် ဝပ်နေတာ၊ ဆောင့်ကြောင့်ထိုင်ချတာ၊ ဘောလုံးတစ်လုံးလိုကွေးကွေးလေးနေတာက အန္တရာယ်ကင်းပါတယ်။

မိုးကြိုးပစ်ပြီးပြီးချင်း အပြင်ထွက်ခြင်း

“30-30” ဆိုတဲ့ နည်းလမ်းကို ကြားဖူးပါသလား။ တကယ် လို့ သင်က အိမ်အပြင်ဖက်မှာ ရှိနေတယ်။ မိုးကြိုးပစ်တာကိုလည်း မြင်လိုက်တယ်။ ဒါဆိုရင် ၁ ကနေ ၃၀ အထိ စက္ကန့်တံအတိုင်း ရေတွက်ကြည့်ပါ။ စက္ကန့် ၃၀ မပြည့်ခင် နောက်ထပ် မိုးကြိုးပစ်တယ်ဆိုရင် အိမ်ထဲအမြန်ဝင်လိုက်ပါ။

ဒါဆိုရင် သင်မိုးကြိုးလွတ်ပါပြီ။ လွတ်ပြီဆိုပြီးတော့ မိုးကြိုး ပစ်ပြီးပြီးချင်း အိမ်အပြင် ချက်ချင်းပြန်မထွက်ပါနဲ့။ မိနစ် ၃၀ စောင့်ပြီးမှ ထွက်ပါ။

ကြိုးဖုန်းအသုံးပြုခြင်း

ဒီနေ့ခေတ်မှာ ကြိုးဖုန်းသုံးတာကတော့ တော်တော်ကြီး ရှားသွားပါပြီ။ သို့သော် သုံးမိ ခဲ့သည်ရှိသော် သတိပြုနိုင်အောင်လို့ပါ။ ဝိုင်ယာကြိုးနဲ့သွယ်ဆက်ထားတဲ့ ဘယ်လျှပ်စစ်ပစ္စည်းမဆို မသုံးရပါဘူး။ ကွန်ပျူတာ၊ ဟင်းအိုး၊ မီးပူ၊ ဆံပင်လေမှုတ်စက်၊ စတာတွေ

မသုံးပါနဲ့။ ဖုန်းအား မသွင်းပါနဲ့။ ဘာကြိုး နဲ့မှ ချိတ်ဆက်မထားဘူး ဆိုရင် တော့ လက်ကိုင်ဖုန်း သုံးလို့ရပါတယ်။ မိုးကြိုးပစ်နေချိန် Smart phone မသုံးရဘူးဆိုတာ မှားပါတယ်။ ဘာကြိုး နဲ့မှ မချိတ်ထားရင် သုံးလို့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

18 + 17 =