၂၀၀၆ ခုနှစ် မှာ ဆုံးပါးသွားတဲ့ အဖေ နဲ့ ပတ်သက်ပြီး မျက်ရည်ကျကာ သီချင်းလေးတစ်ပုဒ်ရေးသား ခဲ့တဲ့ စိုင်းစိုင်း

၂၀၀၆ ခုနှစ် မှာ ဆုံးပါးသွားတဲ့ အဖေ နဲ့ ပတ်သက်ပြီး မျက်ရည်ကျကာ သီချင်းလေးတစ်ပုဒ်ရေးသား ခဲ့တဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောက မှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အချိန်အတော်ကြာ အနုပညာလောကမှာ ရပ်တည်ထားနိုင်တဲ့ စိုင်းစိုင်းကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတော်တော် များများလည်း သူကိုယ်တိုင်ဖန်တီးသီဆိုထားတာဖြစ်ပြီးတော့ စိုင်းစိုင်းရဲ့သီချင်းတိုင်းကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။

သူကတော့ လတ်တလောမှာကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ပြီး ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်တော့ သူ့ရဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေ တင်ပေးလေ့ရှိပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် တကြောင်းချရေးလိုက် မျက်ရည်တခါသုတ်လိုက် နဲ့ရေးထားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းကို ယခုလိုပဲပြောပြခဲ့ပါတယ်။ အဲဒီသီချင်းလေးအကြောင်းကိုတော့ စိုင်းစိုင်းက”၂၀၀၆ ခုနှစ်မှာအဖေဆုံးပါတယ် အဲဒီတစ်နှစ်လုံးဖြစ်နေတဲ့ ခံစားချက်တွေနဲ့ ကျနော်ဒါကိုရေးဖြစ်ခဲ့တာပါ ဒီသီချင်းရဲ့ရာဇဝင် ကိုတော့ အထွေအထူးပြောစရာမရှိပါဘူး

ပိုင်ဆိုင်သမျှသီချင်းအားလုံးမှာ မျက်ရည်ကျပြီးရေး ခဲ့ဖူးတာတာ ဒီတစ်ပုဒ်ပဲရှိပါတယ် တကြောင်းချရေးလိုက် မျက်ရည် တခါသုတ်လိုက်ပေါ့ ကျနော်နဲ့ ခံစားချက်တူရင် ကိုယ်ချင်းစာနိုင်ကြမယ်ထင်ပါတယ်တီးလုံးအစအဆုံးမိုးမိုးတီးပေးတာပါ ကိုယ်ပိုင်သံစဉ်
တစ်ပုဒ်ဖြစ်ပါတယ်” ကျနော်အဲဒီကို ရောက်လာရင် ကျနော့်ကိုမှတ်မိဦးမှာလားကျနော်ကတော့ အရင်နေရာ မှာ အရင်လိုပါပဲ”#ဒယ်ဒီ#သီချင်းများရဲ့ရာဇဝင်”ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ်။

Source:Sai Sai Kham Leng