CGI ပြုလုပ်ချက်တွေ နဲ့ ပထမဦးဆုံး အကြိမ် မြင်တွေ့ရတဲ့ ထပ်ဆင့် အကယ်ဒမီ နေတိုး နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်

CGI ပြုလုပ်ချက်တွေ နဲ့ ပထမဦးဆုံး အကြိမ် မြင်တွေ့ရတဲ့ ထပ်ဆင့် အကယ်ဒမီ နေတိုး နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်

တိုးတက်လာတဲ့ ခေတ်ကာလ ကြီးထဲမှာ SFX၊ VFX နဲ့ CGI ပြုလုပ်ချက်တွေက တစ်နေ့ထက်တစ်နေ့ ကျယ်ပြန့်လာပြီး အဲ့ဒါတွေနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက Oscar တန်းဝင်အဆင့်ထိ ရှိလာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ကွန်ပြူတာအထူးပြုလုပ်ချက်တွေ နဲ့ ဖန်တီးခဲ့တဲ့ “ကိုကို ငလက်မ”၊ “အနန္တ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရုံတင်ပြသခဲ့ပြီးပြီဖြစ်ပြီး ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နိုင်ငံကျော်ထပ်ဆင့် အကယ်ဒမီဆုရှင်ဖြစ်တဲ့ နေတိုးနဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ရဲ့ CGI ပြုလုပ်ချက်နဲ့ ပုံတူကို Megaverse ဆိုတဲ့ Page ကနေ ချပြလာတာကို တွေ့ရပါတယ်။ ထို Full Body CGI ပြုလုပ်ချက်တွေကို မြန်မာဂိမ်း၊ ရုပ်ရှင်၊ Animation တွေမှာ အသုံးချ သွားနိုင်မယ်ဖြစ်တယ်လို့ သိရပါတယ်။

Megaverse မှာ CGI ပြုလုပ်ချက်နဲ့ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရွှေထူး၊ အောင်ရဲလင်း အစရှိတဲ့ အနုပညာတွေ ရဲ့ ပုံတူတွေလည်း ရှိတာမို့ စိတ်ဝင်စားတဲ့သူတွေ ရှိရင် Page လေးမှာ သွားရောက်ပြီး လေ့လာနိုင် ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Source: Megaverse’s fb

Add a Comment

Your email address will not be published. Required fields are marked *

five + sixteen =