ပထမဦးဆုံးစဖွင့်လိုက်တဲ့သူ့ရဲ့ စားသောက်ဆိုင်မှာ တစ်ဆိုင်လုံး စားသုံးသူတွေပြည့်လျှံတဲ့အထိ အားပေးမှုတွေရရှိခဲ့တဲ့ “ထူးခြား”

သရုပ်ဆောင်ထူးခြား ကတော့ ပရိသတ်တွေ အားပေးလက်ခံပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယောကျ်ားပီသတဲ့မျက်နှာနဲ့ ခပ်ကြမ်းကြမ်းကာရိုက်တာတွေနဲ့ ပရိသတ် အသိမှတ်ပြုအားပေးခြင်း ရရှိထားသူပါ။ထူးခြားဟာ သရုပ်ဆောင်အလုပ်တွေအပြင် အခုဆိုရင် မန္တလေးမြို့ကြီးမှာ Bar နဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်နိုင်တဲ့ အထိကို အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ထူးခြားဟာ အရင်ကတည်းက ချစ်ရတဲ့ ဇနီးနဲ့အတူ တနိုင်တစ်ပိုင် စီးပွားရေးလေးအဖြစ် ဝက်နံရိုးမီးတောက် ကို Online ကနေတဆင့် ရောင်းချနေတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ။

နံရိုးမီးတောက်ကို အွန်လိုင်းကနေ ရောင်းချစဉ်ကတည်းက ပရိသတ်တွေအားပေး မှုရရှိထားသူဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉) ရက်နေ့မှာတော့ ထူးခြားဟာ မန္တလေးမြို့မှာ သူ့ရဲ့ Pluto Bar ဆိုင်လေးကို ပထမဦးဆုံး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားရဲ့ဆိုင်လေးဟာ ပထမဦးဆုံး စတင်ဖွင့်လှစ်တဲ့နေ့မှာကတည်းက စားသုံးသူ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ဆိုင်လုံး လူတွေပြည့်လျှံတဲ့အထိ ရောင်းကောင်းခဲ့တာကို တွေ့ရပါတယ်။

ထူးခြားကတော့ ဘာလေးပဲလုပ်လုပ် အောင်မြင်ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုရလဒ်ဟာလည်း အရမ်းကောင်းမွန်တာပဲဖြစ်ပါတယ်။ ထူးခြားရဲ့ ဆိုင်လေး အခုလိုပဲ အမြဲတမ်း ရောင်းကောင်းပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Htoo Charr ‘s fb

Credit