ပရိတ်သတ်တွေသိချင်နေတဲ့ မြန်မာနိုင်ငံ ရဲ့ အအောင်မြင်ဆုံး Rocker ကြီး ကိုလေးဖြူ ရဲ့ ဘဝဇာတ်ကြောင်း
|ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ပရိတ်သတ်တွေမသိသေးတဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးRockerကြီးကိုလေးဖြူရဲ့ ဘဝအကြောင်းကို အခုလို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်။ ကိုလေးဖြူ ကိုယ်ရေးအကျဉ်း မသိသူများအတွက် မြန်မာပြည်ရဲ့Rockerကြီးတစ်ဦးအကျော်ကြားဆုံးအဆိုတော် တစ်ယောက် ၊ သူရဲ့နာမည်ကတော့ လေးဖြူ ပဲ ဖြစ်သည်၊ သူ၏ music album ကန္တာရလမင်း ဖြင့် အောင်မြင်မှုကို ရရှိခဲ့သူလည်း ဖြစ်သည် ။ လေးဖြူ ကို ၁၉ ရက် မေလ ၁၉၆၅ ခုနှစ်တွင်ရှမ်းပြည်နယ်-အင်းလေးတွင် မွေးဖွားခဲ့သည် ။ အဆိုတော် အငဲ သည် သူနှင့် ညီအစ်ကို တော်စပ်သည် ။ လေးဖြူသည် မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲရရှိထားသူ တစ်ဦးလည်းဖြစ်သည် ။ တက္ကသိုလ်တွင် ဝိုင်ဝိုင်းနှင် တွေ့ဆုံခဲ့သည် ။
သူသည် Iron Cross Music Band နှင့် ချိတ်ဆက်ခဲ့သည် ။ ထို Music Band သည် ကျော်ကြားသော ကရင် Guitar Player စောဘွဲ့မှူး ခေါင်းဆောင် တည်ထောင်သော Band ဖြစ်သည် ။ စောဘွဲ့ မှူး ကွယ်လွန်ပြီးနောက် ချစ်စမ်းမောင်မှ Guitar Player အား ဆက်ခံခဲ့သည် ။ နောက်ပိုင်းတွင် အငဲ ၊ မျီုးကြီး နှင့် ဝိုင်ဝိုင်း စသည့် နာမည်ကြီး အဆိုတော်များ ထို Music Band တွင် ပါဝင်လာခဲ့သည် ။လေးဖြူ ၏ အနုပညာ ခရီးလမ်းမှာ ဤသို့ ဖြစ်လေသည် ။ သူဟာ သူ့ရဲ့ ပထမဦးဆုံး Rock Music Album ဖြစ်တဲ့ “ ကန္တာရ လမင်း ” ဖြင့် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည် ။
ထိုအချိန်က သူ၏ သီချင်းများသည် Nazareth , Metallica , Van Halen , Scorpion , Dream Theatre နှင့် Bon Jovi တို့၏ သီချင်းများကို ကော်ပီလုပ်ကာ သီဆိုထားခြင်း ဖြစ်သည် ။ နောက်ပိုင်းတွင်တော့ လေးဖြူ သည် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာခဲ့ပြီး ကိုယ်ပိုင် သံစဉ် သီချင်းများကို ဖန်တီး သီဆိုလာခဲ့သည် ။ လေးဖြူသည် မြန်မာ နိုင်ငံ၏ ဂီတလောကအား နိုးထလာစေသူ တစ်ဦးလည်း ဖြစ်သည်။လေးဖြူသည်ဇနီးသည်နွယ်နွယ်သန်းနှင့်အတူနေထိုင်လျက်ရှိပြီး သားသမီး နှစ်ဦး ထွန်းကားသည် ။ သမီးကြီး၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည် ။
လေးဖြူ ၏ ထွက်ရှိပြီးသမျှ Music Album များမှာ အောက်ပါ အတိုင်း ဖြစ်သည် ။ကန္တာရလမင်း/ပင်လယ်အော်သံ/ကန္တာရပင်လယ် လမင်းအော်သံ ( Live )/ဂီတ /ပါဝါ ၅၄/ကမ္ဘာသစ်တေး/ကျိန်စာ/သားကောင်/အိပ်မက်ကဗျာ/လိပ်ပြာမံမီများ/ခဏလေးများ/ဘင်္ဂလားပင်လယ်အော် ( BOB )ဒိုင်ယာရီ တြို့ဖစ်သည် ။ ထို့အပြင်တစ်ခြားအဆိုတော်များနှင့်လည်းပူးတွဲကာသီဆိုထားသော သီချင်းများလည်း အမြောက်အမြား ရှိလေသည်။ ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ ဖော်ပြပေး လိုက်ရပါတယ်နော်။
crd