“လူတစ်ချို့ပေး ခဲ့တဲ့ ဒဏ်ရာတွေကြောင့် နာကျည်းနေရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ ခေးဆက်သွင်”

“လူတစ်ချို့ပေး ခဲ့တဲ့ ဒဏ်ရာတွေကြောင့် နာကျည်းနေရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ ခေးဆက်သွင်”

MRTV-4ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ “အရိပ်”ဇာတ်လမ်းတွဲတွေ အမာညိုအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေးခေးဆက်သွင်ကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခေးဆက်သွင်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက် ပါဘူးနော်။ “သူမက တော်တော်များများကြုံခဲ့ရဖူးတယ်။ နောက်ကျောကို ဓါးနဲ့ထိုးတာတွေ သွားပုပ်လေလွင့် ပြောခံရတာတွေ၊ အနိုင်ကျင့်နှိပ်စက်တာတွေမေတ္တာပေး လို့ မေတ္တာ ပြန်မရတာတွေ၊ စွပ်စွဲခံရတာတွေအရည်အချင်းခြင်း ကွာတာ သိသိရက်နဲ့ အောက်ချခံရတွေငယ်ငယ်တုန်းကတော့ သိပ်ခံစားရတာပေါ့။

တစ်ယောက်တည်းသမား ရိုးရိုး သားသား ရုန်းကန်ရတာ ပင်ပန်းရတာနဲ့နာကျင်လွန်းလို့ လောကကြီးကနေ ထွက်သွားချင်တဲ့ အထိ တဖြည်းဖြည်းနဲ့နားလည်လာတာက ခွင့်လွှတ်ခြင်းနဲ့ အမုန်းကင်းတာ သိပ်ပျော်စရာကောင်းတယ် ဆိုတာပဲကိုလည်း လူဘယ်နှစ်ယောက်ကို မသိလို့ဖြစ်စေ၊ သိသိရက်နဲ့ဖြစ်စေနာကျင်အောင်လုပ်ခဲ့ပြီးပြီလဲမသိနိုင်ဘူးလေ။ ချစ်သူတစ်ရာ မုန်းသူတစ်ယောက်တဲ့ အခန်းတစ်ခုထဲမှာ ချစ်တဲ့သူတစ်ရာရှိနေလည်း မုန်းတဲ့သူတစ်ယောက်ပဲရှိနေဦး ပူလောင်ရတယ်။ ခုတော့ မုန်းတဲ့သူ တစ်ယောက်မှ မရှိတဲ့လောကကြီးမှာ ကိုနေတယ်မေတ္တာရှင်မကြီးတော့ မဟုတ်ပေမယ့် ကို့ပတ်ဝန်းကျင် ကိုနဲ့ပတ်သတ်လာတဲ့သူအားလုံးကို စိတ်ချမ်းသာအောင်ထားတယ်။

ဖြစ်ခဲ့သမျှတွေကိုမေ့ပစ်ပြီး ပျော်ရွှင်တယ် ငြိမ်းချမ်းတယ် အတိတ်က ကို့ကို ဘာကြီးပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်ပါတယ် သူတို့အပေါ် သူတို့ပေးတာနဲ့ မတူတဲ့ကောင်းခြင်းမျိုး သူတို့ကိုပြန်ပေးရင်းနဲ့ကိုအေးချမ်းနေလိုက်တော့တယ်”လို့ဆိုကာ သူမတွေ့ကြုံခံလာရတဲ့လောကဓံ ဖြစ်စဉ်လေးကို ပရိသတ်တွေ အတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဒီလောက်ထိ နာကျင်ခဲ့ရပေမယ့် အောင်မြင်မှုရရှိအောင်ကြိုးစားနိုင်တဲ သူမရဲ့စိတ်ဓာတ်လေးကတော့ လေးစားသင့်တယ် လို့ထင်ပါတယ်။
Soure…Khay Sett Thwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

2 + 14 =