ပေါ့ပါး သွက်လပ်တဲ့ ဖက်ရှင်လေးနဲ့ အသည်းယားစရာ ကောင်းလွန်းနေ တဲ့ ပရိသတ် အချစ်တော် မလေး နန်းစန္ဒာလှထွန်း

ပေါ့ပါး သွက်လပ်တဲ့ ဖက်ရှင်လေးနဲ့ အသည်းယားစရာ ကောင်းလွန်းနေ တဲ့ ပရိသတ် အချစ်တော် မလေး နန်းစန္ဒာလှထွန်း

MRTV-4 မှ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ရင်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးကတော့ နန်းစန္ဒာလှ ထွန်း ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ကာရိုက်တာလေးတွေနဲ့ အရမ်း ကို လိုက်ဖက် တဲ့ နန်းဟာ ဆိုရင် ပုရိသတွေ ရဲ့ အသည်းတွေကို ညို့ယူဖမ်းစားနိုင်သူလေးပဲ ဖြစ်ပါ တယ်။ သူမဟာ ခေတ်ဆန်ဆန်ဝတ်စားရင်လည်း လိုက်ဖက်သလို မြန်မာဝတ်စုံလေးနဲ့ ဆိုရင်လည်း တစ်မျိုးလေး ကျက်သရေရှိနေတာ လည်းဖြစ်ပါတယ်…..။

နန်းစန္ဒာလှထွန်းဟာ မကြာသေးမီ အချိန်က MRTV-4မှာ ပြသနေတဲ့ “ကျွန်တော် အမုန်း ဆုံး ကျွန်တော်”ဇာတ်လမ်းတွဲလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အချစ်တွေကို ခံယူနေတာပဲ ဖြစ်ပါတယ်…။ စကားပြောချိုသာပြီး ရိုးသားဖြူစင်လွန်းတဲ့ ရှမ်း တိုင်းရင်းသူလေး ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ နန်းလေးက မြင်သူတိုင်းကို အချစ်ပိုစေမယ့် ပေါ့ပါးသွက်လပ်တဲ့ ဖက်ရှင်လေးနဲ့ ဓာတ်ဖမ်း ထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေး လါ တာပဲ ဖြစ်ပါတ ယ်……။

သူမရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စရာကောင်းလွန်း နေတာကြောင့် ချစ်ပရိသ တ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်. ။ နန်းစန် ဒာလှထွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ရတဲ့ ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့ အုန်းနော် ။ ဒါ့အပြင် နန်းစန္ဒာလှထွန်းရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ဆက်လက်အားပေးဖို့ တောင်းဆိုလိုက်ပါတယ်….. ။

Photo credit – Mg Lin Myat

Source – Nan Sandar Hla Htun’s facebook account