လှလှလေးဝတ်စားပြီး ဈေးရောင်းနေရုံနဲ့ အရမ်းသာယာနေတယ်ထင်ပြီး ပိုက်ဆံလာချေးတဲ့ သူတွေကို ထိထိမိမိပြောလိုက်တဲ့ “နှိုင်းယှဉ်မြင့်မိုရ်”
|ပရိသတ်ကြီးရေနှိုင်းယှဉ်မြင့်မိုရ် ကတော့covid ကာလတွေကစတင်ပြီးlive saleလေးတွေစတင်ပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့live sale Queenလို့တောင်တင်စာ းရလောက်တဲ့အထိ သူမရဲ့ရောင်းအား တွေဟာ အမြင့်ဆုံးမှာရောက်ရှိနေသူပါ။ကျောက်မျက်ရတနာ ၊စိန်ထည်ပစ္စည်းတွေကို အချိန် တိုအတွင်းသိန်းသောင်းချီအောင်ရောင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ် က လှလှလေးဝတ်စားပြီး ဈေးရောင်းနေရုံ နဲ့ အရမ်းသာယာနေတယ်ထင်ပြီး ပိုက်ဆံလာချေးသူတွေကို ပြတ်ပြတ်သားသားပြောလာခဲ့တာကို တွေ့ရပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်က “ခုခေတ်မှာလူတစ်ချို့တွေက ငွေကို အလွယ်တကူ တောင်းလာကြတယ်။ ချေးလာကြတယ်။ Cb ထဲ ဖွင့်ကြည့်လိုက်ရင် အဲ့လိုစာတွေချည်းပဲ။ မနေ့ကဆို အမျိုးသမီးတစ်ယောက်က ကျွန်မနဲ့အင်ကြင်းကို အရင်းအနှီးထုတ်ပေးပါတဲ့😱ပြောရဲလိုက်တာ။ အရမ်းအံ့ဩမိတယ်။ ကိုယ်နဲ့လုံးဝသိကျွမ်းမှု့မရှိပဲ ပြောထွက်လိုက်တာလို့ ကျွန်မတို့ ငွေက လွယ်လွယ်ရနေတာမဟုတ်ဘူးနော်။ ကျွန်မတို့ ခလေးအမေအနေနဲ့ ခုလိုအချိန်မှာ သူများတွေထက် အဆပေါင်းများစွာ ကုန်းရုန်းကြိုးစားနေရတာ။
အိပ်ချိန် တနေ့ 4/5နာရီ သားသမီးနဲ့တွေ့ချိန်တနေ့ 3/4နာရီ၊ အစားအသောက်ကို မတ်တပ်စား၊ သွားရင်းလာရင်းပြေးလွှားစားပြီး ကြိုးစားနေရတာ။ ကင်မရာရှေ့ ပြုံးရီပြီး လှလှလေး ဝတ်စားထားတာကို အရမ်းသာယာနေတယ်မထင်ကြပါနဲ့။ ကျွန်မတို့ တနေ့လူပေါင်းများစွာ စိတ်ပေါင်းများစွာနဲ့ အလုပ်တွေလုပ်နေရတာ။ အိမ်ကနေ Fb လေးဖွင့် Cb လေးဖွင့်ပီး အေးအေးဆေးဆေး အကူအညီတောင်းနေ အလှုခံမနေကြပါနဲ့။ လူတိုင်းကိုကူညီနိုငိမှ ကူညီမယ် လူတိုင်းကို လှုချငိမှ လှုပါမယ်….ကြိုပြောထားတာပါ။ ချေးဌားထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်း အိမ်ပေါ်ကို ယောက်က်ျားကြီးတန်မဲ့ ငိုတော့မယ့်ရုပ်နဲ့ တက်လာပြီး ပိုက်ဆံရဖို့ အကိုအရင်းမကောင်းကြောင်းပါပြောပြီးချေးတယ်။
ချေးတဲ့အမောင့်ထက်ပိုပေးလိုက်တယ်။ အိမ်ကိုနောက်ကျောပေးတာနဲ့ စာမလာဖုန်းမဆက်မပေးနိုင်တာ တောင်တချက် မတောင်းပန်နိုင်ဘူးးးsကြောတင်းချက်….ရပါတယ်….ဒီပိုက်ဆံနဲ့ နောက်ဘဝ ကျွန်ရတယ်လို့ သတ်မှတ်ထားလိုက်တယ်။ ဘယ်သူ့မှနော် ထပ်မချေးတော့ပါ။ အရမ်းပေါက်လာလို့ ထရေးတာ။ တော်ရုံမရေးဘူး။ သူများပိုက်ဆံ ဆပ်တတ်ရင်ကြေတယ်။ ကိုဗစ် ပထမ wave မှာသေမှာမကြောက်ပဲ အလုပ်လုပ်ရင်း သူများအကြွေး သိန်း 200 ကျွန်မ အကုန်ပြန်ဆပ်တာ။” ဆိုပြီး ပြောလာပါတယ်။
Source: Nhying Shin Myint Mo’s fb
Credit