ဘင်္ဂလား ပင်လယ်အော် အတွင်း အစပြုနေ တဲ့ လေဖိ အားနည်း ရပ်ဝန်း နှင့် မိုးလေဝသ သတင်း

ဘင်္ဂလား ပင်လယ်အော် အတွင်း အစပြုနေ တဲ့ လေဖိ အားနည်း ရပ်ဝန်း နှင့် မိုးလေဝသ သတင်း

ဘင်္ဂလား ပင်လယ်အော် တွင် ရက် အနည်း အတွင်း လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်ပြီး မုတ်သုံလေအားကောင်း လာနိုင်ကာ ဒေသအချို့နေရာ ကွက် မိုးကြီးနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က သတိပေး ထား ပါ တယ် ။

ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဇွန်လ ၉ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

“ရက်အနည်းငယ် အတွင်း မှာ မုတ်သုံလေ အားကောင်းလာ နိုင်လို့ မိုးလည်းကောင်းလာနိုင် တယ်”ဟု ဒေါက်တာကျော်မိုးဦး ကပြော ပါတယ် ။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအသင့် အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေ မှ (၈)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၆)ပေခန့်ရှိနိုင် ပါသည်။

လတ်တလော ရာသီဥတု အခြေအနေအရ ရန်ကုန်-နေပြည် တော် အပါ အဝင် မြန်မာနိုင်ငံ ဒေသအများစု တွင် မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီး တို့ တွင် နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ဇွန်လ ၄ ရက် တွင် သတင်း ထုတ်ပြန်ထား ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

five + sixteen =