ဆယ်လီကြီး နှစ်ဦးဖြစ်တဲ့ ဘနားနား နဲ့ ငြိမ်းမြတ်သူ တို့ ပါဝင် အားဖြင့်သရုပ်ဆောင်ထားတဲ့ သီချင်း (ရုပ်/သံ)
|ဆယ်လီကြီး နှစ်ဦးဖြစ်တဲ့ ဘနားနား နဲ့ ငြိမ်းမြတ်သူ တို့ ပါဝင် အားဖြင့်သရုပ်ဆောင်ထားတဲ့ သီချင်း (ရုပ်/သံ)
အားလုံးစိတ်ဝင်စားနေကြတဲ့ ဘနားနား နဲ့ ငြိမ်းမြတ်သူတို့ ပါဝင်အားဖြင့်သရုပ်ဆောင်ထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးကို တော့
တေးဆို ကိုစိုင်းက သီဆို ထားပီး ဒါရိုက်တာ မင်းပြည့်က ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီMTVနဲ့ပတ်သက်ပီး ရိုက်ကူးနေစဉ်ကတည်း လူအများ က စိတ်ဝင်စားခဲ့ကြပါတယ်။ ဘနားနားဟာလည်း လူများစိတ်ဝင်စားခြင်းခံရတဲ့ ဆယ်လီတစ်ယောက်ဖြစ်သလို ငြိမ်းမြတ်သူဟာလည်း မကြာသေးမှီကာလကမှ တစ်တော့ပ်နဲ့ ဖေ့ဘုတ်မှာ ဟာသဗွီယိုဖိုင်လေးတွေတင်ရာမှတစ်ဆင့် လူသိများ လာတဲ့ ဆယ်လီတက်သစ်စလေးဖြစ်ပါတယ်။
သူတို့ကို အရုပ်ဆိုးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန် တိုက်ခိုက်သူများရှိသလို ရိုးသားတယ် ပွင့်လင်းတယ် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားနေကြတဲ့ လူငယ်လေးတွေဖြစ်တယ် ဆိုပီး မှတ်ချက်ပေးသူ အားပေးသူများလည်း ရှိပါတယ်။
ကဲပရိတ်သတ်ကြီးရေ ဆယ်လီတွေ ဘယ်လောက်ကြိုးစားထားသလဲ ဆိုတာ MTVလေးကို ကြည့်လိုက်ပါအုံးဗျာ။ ပရိတ်သတ်ကြီးရင်ထဲမှာ ပြောစရာမှတ်ချက်ပြုစရာများရှိရင်လည်း မှတ်ချက်ရေးခဲ့ကြပါအုံးနော်။
#သာဂိ