ဇနီးလောင်းလေး “နန်းသူဇာ” ရင်ခုန်အောင် တော်ကီလှလှလေးတွေ နဲ့ ချစ်စကားလေးတွေပြောလိုက်တဲ့ “ကျော်ထွဋ်ဆွေ”

ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေကတော့ မြန်မာနိုင်ငံက ယောကျာ်းလေး ပရိသတ်တွေအားပေးသဘောကျရဲ့ အမျိုးသားအဆိုရှင်ထဲကတစ်ယောက်ပါ။ သူ့ရဲ့အချစ်ရေးကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းပြီး အမြဲသွက်လက်ပွင့်လင်းနေတဲ့ နန်းသူဇာနဲ့ အတွဲညီညီလက်တွဲနေတာပဲ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ တွဲလက်တွေခိုင်မြဲလာတာ ချစ်သူသက်တမ်း (၁၁)နှစ်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ သဘော ကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါနော်။ဒါ့အပြင်သူငယ်ချင်းတွေ နဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲပါပဲနော်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ ချစ်သူသက်တမ်း (၁၁) နှစ်ကျော်အကြာမှာတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်းကို ပရိသတ်တွေဆီချပြခဲ့ပြီး မကြာခင်မှာ လက်ထပ်တော့ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျော်ထွဋ်ဆွေက ရည်းစားဘဝကနေ အကြင်လင်မယားဖြစ်လာတော့မယ့် အချိန်မှာ အရင်အတိုင်းပဲ စကားလုံး လှလှလေးနဲ့ ချစ်ကြောင်းပြောတတ်တဲ့အကြောင်းကို နန်းသူဇာက အခုလိုပဲပြောလာပါတယ်။

နန်းသူဇာက “အိမ်ကလူတွေက ကောင်းကင်ကြီး ဒီနေ့အရမ်းလှနေတယ်ဆိုလို့ သဲလေးပုံပြပြီး ငြင်းခဲ့ရသေးတယ်” ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ချစ်ကြောင်းပြောတတ်တဲ့ ကျော်ထွဋ်ဆွေအကြောင်းကို သူမတို့နှစ်ယောက်ပြောထားတဲ့ Screenshot လေးနဲ့တကွ ပြသပြီး “ဦးကျော်ဆီက ယူတို့ လေ့လာသင်ယူပါ” ဆိုပြီး ပြော လာပါတယ်။ ကျော်ထွဋ်ဆွေကတော့ ရည်းစားဘဝကနေ အဆင့်တက်ခါနီးအချိန်မှာတောင် ချစ်သူကိုချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့အတွဲလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

Source: Nann Thuzar’s fb

zawgyi

ပရိသတ္ႀကီးေရ ေက်ာ္ထြဋ္ေဆြကေတာ့ ျမန္မာႏိုင္ငံက ေယာက်ာ္းေလး ပရိသတ္ေတြအားေပးသေဘာက်ရဲ႕ အမ်ိဳးသားအဆိုရွင္ထဲကတစ္ေယာက္ပါ။ သူ႔ရဲ႕အခ်စ္ေရးကေတာ့ ဘိုမ႐ုပ္ေလးလို ခ်စ္စရာေကာင္းၿပီး အၿမဲသြက္လက္ပြင့္လင္းေနတဲ့ နန္းသူဇာနဲ႔ အတြဲညီညီလက္တြဲေနတာပဲ ျဖစ္ပါတယ္။ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာဟာ တြဲလက္ေတြခိုင္ၿမဲလာတာ ခ်စ္သူသက္တမ္း (၁၁)ႏွစ္ေက်ာ္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ သေဘာ က်အားေပးရတဲ့ Idol အႏုပညာရွင္စုံတြဲေတြထဲက တစ္တြဲအပါဝင္ပါေနာ္။ဒါ့အျပင္သူငယ္ခ်င္းေတြ နဲ႔လည္း ေပ်ာ္ေပ်ာ္ပါးပါး ေနထိုင္ေလ့ရွိတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲပါပဲေနာ္။

ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ဟာ ခ်စ္သူသက္တမ္း (၁၁) ႏွစ္ေက်ာ္အၾကာမွာေတာ့ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့အေၾကာင္းကို ပရိသတ္ေတြဆီခ်ျပခဲ့ၿပီး မၾကာခင္မွာ လက္ထပ္ေတာ့ဖို႔ ျပင္ဆင္ေနၾကၿပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာ္ထြဋ္ေဆြက ရည္းစားဘဝကေန အၾကင္လင္မယားျဖစ္လာေတာ့မယ့္ အခ်ိန္မွာ အရင္အတိုင္းပဲ စကားလုံး လွလွေလးနဲ႔ ခ်စ္ေၾကာင္းေျပာတတ္တဲ့အေၾကာင္းကို နန္းသူဇာက အခုလိုပဲေျပာလာပါတယ္။

နန္းသူဇာက “အိမ္ကလူေတြက ေကာင္းကင္ႀကီး ဒီေန႔အရမ္းလွေနတယ္ဆိုလို႔ သဲေလးပုံျပၿပီး ျငင္းခဲ့ရေသးတယ္” ဆိုၿပီး စကားလုံးလွလွေလးေတြနဲ႔ ခ်စ္ေၾကာင္းေျပာတတ္တဲ့ ေက်ာ္ထြဋ္ေဆြအေၾကာင္းကို သူမတို႔ႏွစ္ေယာက္ေျပာထားတဲ့ Screenshot ေလးနဲ႔တကြ ျပသၿပီး “ဦးေက်ာ္ဆီက ယူတို႔ ေလ့လာသင္ယူပါ” ဆိုၿပီး ေျပာ လာပါတယ္။ ေက်ာ္ထြဋ္ေဆြကေတာ့ ရည္းစားဘဝကေန အဆင့္တက္ခါနီးအခ်ိန္မွာေတာင္ ခ်စ္သူကိုခ်စ္တဲ့အေၾကာင္းေတြ တဖြဖြေျပာေနဆဲပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း နန္းသူဇာနဲ႔ ေက်ာ္ထြဋ္ေဆြတို႔အတြဲေလးကိုၾကည့္ၿပီး အားက်ေနၾကမယ္ထင္ပါတယ္ေနာ္။

Source: Nann Thuzar’s fb