စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြ တဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပို ကတော့ ပီပြင်ပြီး အပိုလိုမရှိ ကွက်တိ ကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရှေ့ဆက် လျှောက်လှမ်းနေသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာ မျိုးရိုးမ ရှိဘဲ ” အနုပညာ ပျိုးခင်း ” မှ တစ်ဆင့် လူရွေးချယ် ခံကာ ဝင်ရောက် လာသူ ဖြစ်ပြီး ယနေ့ချိန် မှာတော့ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်နေပါပြီနော်။
စူစူဟာ လတ်တလော မှာ တော့ အနုပညာလှုပ်ရှားမှုလေးတွေ သိပ်မလုပ် သေးဘဲ အနားယူ နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေစေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေ အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေ ကြား မှာ နာမည်ကြီး ရေပန်းစား လျက် ရှိနေတာပဲ ဖြစ်ပါတယ်။မနေ့ညက လည်း စူစူရဲ့ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါ စူစူဟာ အကကရတာကိုလည်း ဝါသနာပါသူ တစ်ယောက် ဖြစ်ပြီး သူမကတဲ့ ပုံစံလေးဟာလည်း ကြည့်ရှုသူတိုင်းကို အချစ်ပိုစေမှာ အသေချာဖြစ်တာကြောင့် အိချောပိုရဲ့ပုံ လေးတွေကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။
crd