“စည်သူ(ပလပ်ကျွတ်)ရဲ့ ရှက်ရွံတာ မျိုးမရှိပဲ ရိုးသားစွာ ဝမ်းစာရှာနေတဲ့ အပေါ် လေးစားမိတယ် ဆိုတဲ့ မိုးမိုး”
|“စည်သူ(ပလပ်ကျွတ်)ရဲ့ ရှက်ရွံတာ မျိုးမရှိပဲ ရိုးသားစွာ ဝမ်းစာရှာနေတဲ့ အပေါ် လေးစားမိတယ် ဆိုတဲ့ မိုးမိုး”
အသက်လေးဆယ်သီချင်းနဲ့ ပရိသတ်တွေရဲ့အောင်မြင်မှုကိုရရှိလာတဲ့ နာမည်ကျော်အဆိုတော် မိုးမိုး ကို အားပေးချစ်ခင်ပြီးသားဖြစ်မယ်ထင်ပါတယ်။ သူရဲ့သီချင်းတော်တော်များများက ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုလေ့ရှိတဲ့သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ ရောဂါကပ်ဆိုးတွေကြောင့် ဖျော်ဖြေရေးပွဲ များရပ်နားထားပေမယ့်လည်း သူရဲ့အိမ်စီးပွားရေးလေးဖြစ်တဲ့ “ဒီမှာဟော့ပေါ့”ကို ကိုယ်တိုင်ပို့ဆောင် လုပ်ကိုင်နေတဲ့သူပဲဖြစ်ပါတယ်။
မိုးမိုးကတော့ အနုပညာရှင် အချင်းချင်းတွေနဲ့ စည်းလုံးချစ်ခင်စွာနေတတ်တဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့ ကိုစည်သူဆီက papillo ဖိနပ်တွေ အားပေးလိုက်တယ် စုစုပေါင်း (၁၄ )ရံ ဖိနပ်လေးတွေက လှလဲလှ တန်လဲတန် မိုးတွင်းနဲ့ဆို ကွက်စတိပဲ.. အခြေအနေ တစ်ခုအပေါ်မှာ..တွေဝေ ခံစားမနေဘဲ.. လုပ်စရာရှိတာကိုရိုးသားကြိုးစား တဲ့ ကိုစည်သူရေ ဒီ့ထက်မက အောင်မြင်ပါစေခင်ဗျာ လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။
ပရိသတ်တွေအတွက် မိုးမိုးက သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်)ဆီကဖိနပ်တွေကိုအားပေးရင်း လေးစားမိတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးမိုးကိုအားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတွေရေးပေးခဲ့ကြပါအုံးနော်။
Soure…Moe Si Thu Kyaw’s Facebook
Credit CeleConnections