တောင်ဥက္ကလာပမြို့နယ် တွင် ရပ်ကွက် ထောက်ခံစာ တစ်စောင်လျှင် (၅၀၀) ကျပ် ကောက်ခံနေ

တောင်ဥက္ကလာပမြို့နယ် တွင် ရပ်ကွက် ထောက်ခံစာ တစ်စောင်လျှင် (၅၀၀) ကျပ် ကောက်ခံနေ

တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ထောက်ခံစာ တစ်စောင်လျှင် (၅၀၀) ကျပ်ကောက်ခံ နေကြောင်း ထောက်ခံစာသွားရောက်ပြုလုပ်သူများ ပြောဆို…

တောင်ဥက္ကလာပမြို့၊ အမှတ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်း တိုင်လျှင် (၂၀၀၀) ကျပ်၊ ထောက်ခံစာတစ်စောင်လျှင် (၅၀၀) ကျပ် ကောက်ခံနေကြောင်း ထောက်ခံစာသွားရောက်ပြုလုပ်ခဲ့သူ ကိုထွန်းထွန်းမင်းက ပြောပါတယ်။

“ခရီးသွားဖို့ ထောက်ခံစာလုပ်တာ (၄) ယောက်ကို တစ်ယောက် ၅၀၀ ကျပ်နှုန်းနဲ့ နှစ်ထောင် ယူတယ်။ ဧည့်စာရင်းက နှစ်ထောင်ယူတယ်။ စုစုပေါင်း လေးထောင်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ထိုကဲ့သို့ အုပ်ချုပ်ရေးမှူးရုံးမှ ဧည့်စာရင်းနှင့် ထောက်ခံစာသွားရောက်ရယူရာ၌ ငွေတောင်းခံမှု ကို ကိုထွန်းထွန်း မင်းက တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ထံ ဆက်သွယ်ပြောဆိုထားကြောင်း ဆိုပါတယ်။

အဆိုပါဖြစ်စဉ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က တစ်ဖက် ကလည်း ဖြစ်စဉ်ကို ဖုန်းဆက်ပြောမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပြီး နောင်နောက်အလှူငွေမကောက်ရန် ပြောဆိုကြောင်း၊ အလှူငွေကောက်ခွင့်မရှိကြောင်းနှင့် ကောက်ထားသည့်အလှူငွေများကို ပြန်လည်ပေးရန် ပြော ဆိုထားကြောင်း ဆိုသည်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

7 + 8 =