Covid ကိုမမှုဘဲ၊ ယူလင်းခွေးသားစား ပွဲတော်ကို ပုံမှန် အတိုင်း ကျင်းပမယ့် တရုတ်နိုင်ငံ

Covid ကိုမမှုဘဲ၊ ယူလင်းခွေးသားစား ပွဲတော်ကို ပုံမှန် အတိုင်း ကျင်းပမယ့် တရုတ်နိုင်ငံ

ဇွန်လ (၂၁)ရက်ကနေ (၃၀)ရက်နေ့အထိ (၁၀)ရက်တိုင် ကျင်းပ မယ့် ယူလင်းခွေးသားစားပွဲတော် Yulin Dog Meat Festival 2020 ကို အစဉ်အလာအတိုင်း ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီပွဲတော်မှာ ခွေးကောင်ရေ သန်းနဲ့ချီပြီး အသတ်ခံရကာ၊ ကြောင်တွေလည်း အသတ်ခံ ရပါတယ်။ လူဦးရေ သန်းနဲ့ချီဟာ ယူလင်းခွေးသားစားပွဲတော်ကို ပျော်ပျော်ပါးပါး တက်ရောက်ကြပြီး၊ အဲဒီပွဲမှာ ခွေးတွေ ကြောင်တွေကို အရှင်အတိုင်း ရေလုံပြုတ်ခြင်း၊ အရေခွာခြင်းတွေနဲ့ အသားအဖြစ် ဖန်တီးပြီး၊ အသားတွေကို ပုံစံ အမျိုးမျိုးနဲ့ ကြော်လှော်ချက်ပြုတ် ရောင်းချတာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းက တိရစ္ဆာန်ချစ်သူများ နဲ့ တိရစ္ဆာန်အခွင့်ရေး ကာကွယ်ရေးအဖွဲ့တွေက ယူလင်းခွေးသားစားပွဲတော်ကို ပြင်းထန်စွာ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် တရုတ်အစိုးရကတော့ ကန့်ကွက်မှုတွေကို လစ်လျှူရှုကာ အခွန်ဝင်ငွေ ရရှိရေးကိုသာ ဦးတည်နေတာ ကို တွေ့ရပါတယ်။

(၂၀၀၉)ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပွဲတော်ဟာ Guangxi Zhuang Autonomous နယ်မြေ ယူလင်းမြို့မှာ ကျင်းပတာဖြစ်ပြီး၊ ခွေးအရှင်အတိုင်း ရောင်းဝယ်ဖောက်ကားသူတွေက အဲဒီပွဲတော်အတွက် နေရာအသီးသီးက ခွေးတွေကို တင်သွင်းရောင်းချပါတယ်။တခါတရံမှာ တိရစ္ဆာန် ချစ်သူတွေက ကြားဖြတ်ဝယ်ယူပြီး ဘေးမဲ့ပေးတာမျိုး ရှိသော်လည်း အကောင်ရေ ရာဂဏန်းခန့်သာ ကယ်တင်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ တရုတ်အနေနဲ့ မေလ(၂၉)ရက်က ခွေးနဲ့ကြောင်ကို စားစရာထုတ်ကုန်အဖြစ်မှ ပယ်ဖျက်ပြီး၊ အိမ်မွေး တိရစ္ဆာန်အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

GUIZHOU, CHINA – DECEMBER 21: (CHINA MAINLAND OUT)Winter Solstice became dog slaughter day on Friday December 21, 2012 in Guiyang, Guizhou, China. It’s a custom that people eat dogs’ meat to celebrated Winter Solstice in several provinces in China.(Photo by TPG/Getty Images)

အဲဒီနောက် တရုတ်နိုင်ငံမှာ Shenzhen နဲ့ Zhuhai မြို့တွေဟာ ခွေးသား ကြောင်သားကို ဥပဒေအရ စတင်ပိတ်ပင်တဲ့ မြို့တွေ ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ယူလင်းခွေးသားစားပွဲတော်ကတော့ ဆက်လက်ကျင်းပဖို့ ရှိနေပြီး၊ အခုဆိုရင် ခွေးအရှင်ပွဲစားတွေက ဒီပွဲအတွက် ခွေးတွေ ကြောင်တွေတင်သွင်း ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။အချက်အလက်တွေအရ ခွေးကောင်ရေ သန်းချီသတ်ဖြတ်ခြင်းမဟုတ်ဘဲ ကောင်ရေ (၁၀၀၀၀)ကနေ (၁၅၀၀၀)ဝန်းကျင်သာ သတ်ဖြတ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း မည်သည့် ကိန်းဂဏန်းကမှ တိရစ္ဆာန်ချစ်သူတွေကို စိတ်ကျေနပ်နိုင်စေမှာ မဟုတ်ပါဘူး။

Credit Celecrazynews

Add a Comment

Your email address will not be published. Required fields are marked *

twelve − 4 =