မြန်မာ နဲ့ ထိစပ် နေတဲ့ ကော့ဘဇားခရိုင် ကို ကိုဗစ် အနီရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ကြေညာ

မြန်မာ နဲ့ ထိစပ် နေတဲ့ ကော့ဘဇားခရိုင် ကို ကိုဗစ် အနီရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ကြေညာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်နှင့် ကပ်ရပ်တည်ရှိသော ကော့စ်ဘဇားခရိုင်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် အနီရောင် ( Red Zone) အဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။အဆိုပါ သတ်မှတ်ကြေညာ ခြင်းသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်တစ်ခုတည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂ဝ သေဆုံးပြီး လူပေါင်း ၈၉ဝ တွင် ကူးစက်ခံရပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ မြို့ပေါ် ရပ်ကွက် ၁ဝ ခုနှင့် နေရာ အများအပြားကိုလည်း ၁၄ ရက်ကြာ လော့ဒေါင်းချလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အနီရောင်ဇုန်ကို လုံးဝ ပိတ်ထား လိုက်ပြီး မည်သူတစ်ယောက်မှ ဝင်ထွက်သွားလာခွင့် မရှိစေစရလို့ အမိန့်ထုတ်ထားပါတယ်။ အစားအစာနှင့်ဆေးဝါးများကို အာဏာပိုင်များမှ ဝင်ငွေနိမ့်ပါးသူများအား ဖြန့်ဝေပေးသွားပေးမည်ဖြစ်ကြောင်း ၎င်းကော်မရှင်နာက ဆိုပါတယ်။

ကော့စ်ဘဇားခရိုင်အတွင်း ဒုက္ခ သည် စခန်း ၃၄ ခုရှိပြီး လူပေါင်း ၃ဝ ကူးစက်ခံထားရကာ တစ်ဦးသေဆုံးသွားတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့ ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁၁ ဦး၊ ရောဂါကူးစက်ခံထားရသူ ၆ဝ၃၉၁ ဦး ရှိကြောင်း သိ ရပါတယ်။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

fifteen + 4 =