ရောဂါတွေ ဖြစ်ပွားနေသေးပေမယ့် အလုပ်ကိစ္စ ကြောင့် ခရီးတွေ ပြန်သွားနေရပြီ ဖြစ်တဲ့ သင်ဇာဝင့်ကျော်

ရောဂါတွေ ဖြစ်ပွားနေသေးပေမယ့် အလုပ်ကိစ္စ ကြောင့် ခရီးတွေ ပြန်သွားနေရပြီ ဖြစ်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အသက်ကြီး လာတာနဲ့အမျှ သူမရဲ့ အရှိန်အဟုန်က ပိုလို့တောင်ကြီးလာပါတယ်။ သင်ဇာဝင့်ကျော်က အနုပညာသက်တမ်း ဆယ်နှစ်ကျော်ရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ ထိပ်ဆုံးမှာနေရ ယူနေပြီး အောင်အောင်မြင်မြင် ရပ်တည်နေတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေထက် ကြော်ငြာနဲ့ ပွဲတက်တွေကိုသာ ပိုမိုအချိန်ပေးဖြစ်နေတာကို တွေ့ရပါတယ်။

Covid-19 ကပ်ရောဂါ တွေ ဖြစ်ပွားနေပေမယ့် သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အလုပ်တွေကို ပြန်လည်စတင်နေရပြီ ဖြစ်ပြီး ဒီနေ့မှာလည်း မန္တလေးမြို့ကို ခရီးဆက်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် သင်ဇာဝင့်ကျော်ရဲ့ ခရီးသွားအမှတ်တရ ပုံရိပ်တွေ ကို မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အလုပ်တွေ ကို ဖြည်းဖြည်းချင်းစီ နဲ့ ပြန်လည် စတင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သင်ဇာတစ်ယောက် ဘယ်လိုအသစ်အဆန်းတွေနဲ့ ပေါ်ထွက်လာဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေး ကြပါဦးနော်။

crd : thuthulay

Add a Comment

Your email address will not be published. Required fields are marked *

eight − four =