(mask) အတုများ ကမ္ဘာအနှံ့ရောင်းချ ခဲ့မှုအတွက် တရုတ် ကုမ္ပဏီကို အမေရိကန် တရားစွဲ

(mask) အတုများ ကမ္ဘာအနှံ့ရောင်းချ ခဲ့မှုအတွက် တရုတ် ကုမ္ပဏီကို အမေရိကန် တရားစွဲ

နိုင်ငံအတွင်း ကပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားနေတဲ့ ဧပြီလအတွင်းက နှာခေါင်းစည်းအတုသန်းဝက်နီးပါးအား အမေရိကန်တို့ကို ရောင်းချခဲ့မှုအတွက် တရုတ်ကုမ္ပဏီတစ်ခုအား အမေရိကန်တရားရေးဌာနက တရားစွဲလိုက်တယ်လို့ သိရပါတယ်။နယူးယောက်၊ ဘရွတ်ကလင် ရှိ ဖက်ဒရယ်တရားရုံးတွင် တရားစွဲထားသော အမှုတွဲဖိုင်အရ ဂွမ်ဒေါင်းအခြေစိုက် ကုမ္ပဏီက N95 နှာခေါင်းစည်းများနှင့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ကျန်းမာရေးပစ္စည်းများကို အမေရိကန်နိုင်ငံ ထံသို့ တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

(200215) — WUHAN, Feb. 15, 2020 (Xinhua) — A traffic police officer stands guard outside the “Wuhan Livingroom” makeshift hospital in Wuhan, central China’s Hubei Province, Feb. 15, 2020. (Photo by Dong Hongxiang/Xinhua) (Xinhua/Li He via Getty Images)

တိုင်ကြားချက်အရ တင်ပို့ ထားသော N95 မျက်နှာဖုံး ၄၉၅,၂၀၀ ခုသည် စံချိန်စံညွှန်း နှင့် ကိုက်ညီ ကြောင်း အမေရိကန် အမျိုးသား အလုပ်အကိုင် လုံခြုံရေးနှင့် ကျန်းမာရေးဌာန (NIOSH) ၏ အသိအမှတ်ပြု ခံရသည်ဟု ယင်းတရုတ်ကုမ္ပဏီက သက်သေ အထောက်အထားများနဲ့ ပြောဆိုခဲ့ပါတယ်။

၎င်းတို့အတွက် နှာခေါင်းစည်း တင်သွင်းသူများက အမေရိကန် ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်မှု မရှိခဲ့ပါက ယင်း အရည်အသွေးနိမ့် ပစ္စည်းကိရိယာများသည် ဆေးရုံများ နှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်နိုင်မယ်လို့ သိရပါတယ်။ တရုတ် ကုမ္ပဏီသည် အမှတ်တံဆိပ်အတုနှင့် အရည်အသွေးနိမ့်ကျသော ကျန်းမာရေး ထုတ်ကုန်များတင်သွင်းခြင်းနှင့် အမေရိကန် FDA ကို မမှန်မကန် လုပ်ဆောင်မှု တို့ကြောင့် အမှုလေးမှုဖြင့် တရားစွဲဆိုခြင်း ခံနေရပါတယ်။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

fourteen + one =