မီမီဝင်းဖေရဲ့ သီချင်းလေးတစ်ပုဒ် ကို ကိုယ်တိုင် ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယိုလေး

မီမီဝင်းဖေရဲ့ သီချင်းလေးတစ်ပုဒ် ကို ကိုယ်တိုင် ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ…..အရွယ်နဲ့ မလိုက်အောင်ကို နုပျိုလှပနေပြီး ချစ်စရာကောင်းတဲ့ သား သားမီးမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကို တည်ထောင်ထားတဲ့ နိုင်ငံ ကျော် အနုပညာရှင်တွေထဲမှာ အိန္ဒြာကျော်ဇင်လည်း အပါအ၀င်ဖြစ်ပါတယ်။ သူမဟာ မင်းသား ချောပြေတီဦးနဲ့ အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာ ပါ။ ဒါ့ပြင်အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမရှိအောင်ကို ထူးချွန်တဲ့သူဖြစ်ပြီး အ ကယ်ဒမီထူးချွန်ဆု တွေကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။

အိန္ဒြာကျော်ဇင်ဟာ ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့် တစ်သားမွေး တသွေးလှနေတာ ဖြစ်ပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒါ့ပြင် အူဝဲဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ရုံသာမက ပန်းချီဆွဲတာ၊ ဂစ်တာတီးတာတွေမှာပါ ပါရမီပါပြီးထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေး မီကလည်း အူဝဲဟာ သူမရဲ့Facebookစာမျက်နှာတွင် “ဟိုးအရင်ထဲက မမီမီဝ င်းဖေ ဆိုထားတာလေးကိုအရမ်းကြိုက်ခဲ့တာ… အခု အူဝဲရဲ့ဆိုတီးလေးကိုသည်း ခံပြီးကြည့် ပေးကြပါဦးနော်….အတီးကလဲ မကျွမ်းကျင် အဆိုကလဲ မတတ် သီချင်းလေး ပျက်သွားရ င်တော့တောင်းပန်ပါတယ်နော်… YouTube Channel လေးကို subscribe လုပ်ထား ဖို့ရယ် Notification ခေါင်းလောင်းလေးကိုလဲ နှိပ်ထားဖို့ မမေ့ကြနဲ့ဦးနော်” ဆိုပြီးသူမရဲ့ ဗီဒီယို လေးကိုတင်ပေးလာပါတယ်။ ကဲ….အူဝဲရဲ့ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေး လို က်ပါတယ်နော်။

Source-Eaindra Kyaw Zin’s Facebook page

Photo credit-Eaindra Kyaw Zin’s Facebook page

Video Credit-Eaindra Kyaw Zin’s Facebook page

Add a Comment

Your email address will not be published. Required fields are marked *

14 − three =