နှာခေါင်းစည်း (Mask) တပ်နည်း အမှန် (ပြောင်းပြန် တွေ၊ အတည့်တွေ ဆိုတာ မဟုတ်ပါ)

နှာခေါင်းစည်း (Mask) တပ်နည်း အမှန် (ပြောင်းပြန် တွေ၊ အတည့်တွေ ဆိုတာ မဟုတ်ပါ)

Mask (နှာခေါင်းစည်း) တပ်ပုံ တပ်နည်း တမျိုးပဲ ရှိပါတယ်။ သင်က ဘာဖြစ်နေ ဖြစ်နေ အရောင် ရှိတဲ့ဘက် (အစိမ်းဖြစ်ချင် ဖြစ်မယ်၊ အပြာ ဖြစ်ချင် ဖြစ်မယ်) ကို အပြင်မှာထားပြီး တပ်ရမှာပါ။ ဘယ်လိုဆို အစိမ်းက အထဲ ဘယ်လိုဆို အစိမ်းက အပြင်ဆိုတာ တွေက မမှန်ပါဘူး။

ပုံမှန် mask တခုက အလွှာ သုံးလွှာ ပါပါတယ်။ အစိမ်းဖြစ်ဖြစ် အပြာဖြစ်ဖြစ် အရောင် ရှိတဲ့ဘက်က liquid repellent သုတ်ထားပါတယ်။ ပြင်ပ အစိုဓာတ်ကြောင့် စိုထိုင်းမှု မဖြစ်အောင် ကာကွယ်ပါတယ်။ အလယ်လွှာက ဘက်တီးရီးယား ကာကွယ်တဲ့ အလွှာပါ။ အတွင်း ဆုံး အရောင် မရှိတဲ့ အလွှာက အရည်ကို စုပ်ယူဖို့ ပြုလုပ်ထားပါတယ်။ အသက်ရှူထုတ် လိုက်တဲ့ ထဲက ပါလာတဲ့ ရေငွေ့ ကို စုပ်ယူ ပါတယ်။

အရောင် မရှိတဲ့ ဘက်ကို အပြင်ထား ဝတ်ရင် အပြင်က အစိုဓာတ် တွေကို စုပ်ယူပါလိမ့်မယ်။ အရောင်ရှိတဲ့ဘက် အထဲမှာ ထားရင် မျက်နှာ ရေငွေ့တွေ မတရားရိုက် ပါလိမ့်မယ်။ မယုံ မရှိပါနဲ့။ ခင်ဗျားတို့ တသက်လုံး တပ်လာတဲ့ ပုံစံ (အစိမ်းကို အပြင်မှာ ထားပြီး တပ်တဲ့ ပုံစံ) က အမှန်ပါပဲ။

နောက်ပြီး လူတကာ တုပ်ကွေးရာသီ မှာ တပ်ကြတဲ့ ဒီ mask တွေက သင့်ကို တုပ်ကွေးဘာညာကနေ ကာကွယ်ဖို့ မရည်ရွယ်ပါဘူး။ ဆရာဝန် ဆရာမတွေ တပ်ဖို့ ရည်ရွယ်တာပါ။ ဒါတပ်လိုက်လို့ တုပ်ကွေး ကာကွယ်နိုင်ပြီ လို့ မယုံကြည် လိုက်ပါနဲ့။

မယုံရင် သေသေချာချာ ကိုယ်တိုင် လေ့လာကြည့်ပါ။ ဒါပေမယ့် တချို့ အပေါစားတွေက နှစ်လွှာပဲ ပါ တာပါ။ ဘယ်လို တပ်တပ် အကျိုး သက်ရောက်မှု ရှိဖို့ မသေချာဘူးပြော ရမှာပေါ့။

Aung Thu Soe Myint

Add a Comment

Your email address will not be published. Required fields are marked *

13 + ten =