အိန္ဒိယ တွင် ကိုဗစ်ကြောင့် သေဆုံးသူ များပြား လာ၍ မီးသင်္ဂြိုဟ်စက် တွေ မနိုင်မနင်း ဖြစ်နေ

အိန္ဒိယ တွင် ကိုဗစ်ကြောင့် သေဆုံးသူ များပြား လာ၍ မီးသင်္ဂြိုဟ်စက် တွေ မနိုင်မနင်း ဖြစ်နေ

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ မှာ လူသေဆုံးမှု တိုးမြင့် လာတာနဲ့အမျှ သုဿန်မီးသင်္ဂြိုဟ်စက်တွေ မနိုင်မနင်းဖြစ်လာကာ ကိုရိုနာဗိုင်းရပ်စ် လူနာအလောင်းတွေကို ရိုးရာဓလေ့ ထင်းပုံမီးသင်္ဂြိုဟ်နည်းနဲ့ သင်္ဂြိုဟ်နေကြတယ်လို့ သိရပါတယ်။

နယူးဒေလီရဲ့ အကြီးဆုံးနဲ့ သက်တမ်း အရင့်ဆုံး မီးသင်္ဂြိုဟ်ရုံ မှာ ထင်းပုံမီးတွေက ထွက်လာတဲ့ မီးခိုးတွေကြောင့် အလုပ်သမားတွေနဲ့ အသုဘပို့သူတွေ မျက်စိ ကျိန်းစပ်ခဲ့ရပါတယ်။

ဆေးရုံတွေကနေ ရောက်လာတဲ့ ရုပ် အလောင်း အရေအတွက်တွေကလည်း များပြား မြင့်တက်လာတာကြောင့် မြို့ရဲ့ သမိုင်းဝင် Red Fort အရပ်အနီးမှာရှိတဲ့ မီးသင်္ဂြိုဟ်စက်ရုံဟာ စက်ရုံလည်ပတ်ချိန်ကို တိုးမြှင့်ထားခဲ့ရပြီး မနက် ၈ နာရီကနေ ညနက်ပိုင်းအထိ သင်္ဂြိုဟ်နေခဲ့ ရပါတယ်။

အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အဆိုးရွားဆုံး (၁၀) နိုင်ငံတွေထဲ ပါဝင်နေပြီး ပိုးကူးစက်သူ ၂ သောင်းခွဲနီးပါး နဲ့ သေဆုံးသူ ၇ ထောင်နီးပါး ရှိနေပါပြီ ကျော်ရှိနေပါတယ်။ တရားဝင် စာရင်းဇယားတွေအရ ဒေလီမှာ သေဆုံးသူ ၆၅၀ ခန့်ရှိနေတယ်လို့ ဆိုကြပေမယ့် သေဆုံးသူ ဦးရေဟာ တရားဝင်ထုတ်ပြန်စာရင်းထက် ရာနဲ့ချီပိုများတယ်လို့ ပြည်သူတွေက ခန့်မှန်းထားကြပါတယ်။

(၂) လအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးတဲ့ လူသေ အလောင်း ၅၀၀ ကျော် မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သဂြုင်္ိုဟ်ရေး ကော်မတီက ပြောဆိုပါတယ်။ အခြား မီးသင်္ဂြိုဟ်စက် သုံးခုနဲ့ သင်္ချိုင်း နှစ်ခုဟာလည်း ဒေလီရဲ့ ဗိုင်းရပ်စ်ရုပ်အလောင်းတွေကို ဆက်တိုက် သင်္ဂြိုဟ်ပေးနေ ခဲ့တာပါ။

ရောဂါပိုး ပိုမိုပျံ့နှံ့လာမယ့်အရေးကို စိုးရိမ်တာကြာင့် အလောင်းတွေ ကို ခေတ်မီ မီးသင်္ဂြိုလ်စက် တွေနဲ့သာ မီးသင်္ဂြိုဟ်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ် ထားကြောင်းလည်း သိရပါတယ်။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

thirteen + five =