တိုင်းရင်းသား မိသားစုပေါင်း (၁၉၉၀၄) စုကို စားနပ် ရိက္ခာတွေအပြင် ငွေတစ်သောင်းစီ လှူဒါန်း ခဲ့တဲ့ ကမ္ဘောဇဘဏ် သူဌေးကြီး

တိုင်းရင်းသား မိသားစုပေါင်း (၁၉၉၀၄) စုကို စားနပ် ရိက္ခာတွေအပြင် ငွေတစ်သောင်းစီ လှူဒါန်း ခဲ့တဲ့ ကမ္ဘောဇဘဏ် သူဌေးကြီး

ပရိသတ်ကြီးရေ ကိုဗစ်ကာလ မှာ ကမ္ဘောဇဘဏ် နာယကကြီးဖြစ်တဲ့ သူဌေးကြီး ဦးအောင်ကိုဝင်းဟာ ပြည်သူတွေ အတွက်ထိပ်ဆုံးကနေ ငွေကြေးပေါင်းများစွာ သုံးပြီး လှူဒါန်းထောက်ပံ့ပေးနေသူပါ….သူပါဝင်တဲ့ COVID-19 စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဟာ တိုင်းရင်းသား မိသားစုပေါင်း (၁၉၉၀၄) စုဆီ အားထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သမီးဖြစ်သူ Nang Lang Kham ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ခုလိုဖော်ပြထားပါတယ်.“COVID-19 စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ (တောင်ကြီး) မှာ ကမ္ဘောဇဘဏ်ကငွေကျပ် သိန်း ၅၀၀၀ မတည်ထားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊

ကမ္ဘောဇဘဏ် လီမိတက် နာယက ဖေဖေ ဦးအောင်ကိုဝင်းတို့ ဦးဆောင်တဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်တွေဟာ အခြေခံပြည်သူများထံကိုယ်တိုင်သွားရောက်ပြီးထောက်ပံ့လှူဒါန်းမှုများ နေစဉ်ပြုလုပ်ခဲ့ပါတယ်။မေလ ၂၁ ရက်နေ့မှ စတင်ပြီးCOVID-19 စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ (တောင်ကြီး) ဟာတောင်ကြီးမြို့ပေါ် ရပ်ကွက်များ၊ညောင်ရွှေ၊ အင်းလေးဒေသ၊ နောင်တရား၊ ဖယ်ခုံ၊ မိုးဗြဲ၊ ကျောက်တလုံးကြီး၊ ဟဲဟိုး၊ ဘော်ဆိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိတိုက်ပွဲရှောင်စခန်းများနဲ့လားရှိုး စတဲ့ မြို့များမှ ကျေးရွာများ အထိ သွားရောက်ကာ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း၊အင်းသား၊ ဗမာ၊ ပလောင်တိုင်းရင်းသားတွေအတွက် ရိက္ခာထုပ်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ်လှူဒါန်း ခဲ့ပါတယ်။

မေလ ၃၀ ရက်နေ့အထိ စာရင်းများ အရ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနဲ့ ငွေကျပ် ၁၀၀၀၀ စီပါဝင်တဲ့ စားနပ်ရိက္ခာထုပ်များကိုဒေသခံတိုင်းရင်းသားမိသားစုပေါင်း (၁၉၉၀၄) စုဆီ အား ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကမ္ဘောဇဘဏ် လီမိတက်ရဲ့တစ်နိုင်ငံလုံးအတိုင်းအတာ လှူဒါန်းမှုများအတွက်ပါဝင်ကူညီခဲ့ကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဆွေများ၊ ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ ပြည်သူများအားလုံးကိုအထူး ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီးလည်း ကမ္ဘောဇဘဏ်ရဲ့စံတန်ဖိုးများဖြစ်တဲ့မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ COVID -19ကမ္ဘာ့ကပ်ရောဂါကာလကို အတူတကွ လက်တွဲကျော်ဖြတ်သွားမှာဖြစ်ပါတယ်။”စေတနာရက်ရောလှတဲ့ သူဌေးကြီး ဦးအောင်ကိုဝင်း ရဲ့ အလှူတွေအတွက် သာဓုခေါ်ဆိုပေးကြပါအုံးနော်…

Credit Jeeptoolay
Source Nang Lang Kham

Add a Comment

Your email address will not be published. Required fields are marked *

2 − 1 =