မကျန်းမာ တဲ့ ဖခင် နဲ့ မိခင် ကို ဓားနဲ့ လိုက်ထိုးပြီး ရဲတွေကို ပါ အပြန်အလှန် တိုက်ခိုက်ခဲ့တဲ့ မကွေးမြို့က ဖြစ်စဉ်(ရုပ်သံ)

မကျန်းမာ တဲ့ ဖခင် နဲ့ မိခင် ကို ဓားနဲ့ လိုက်ထိုးပြီး ရဲတွေကို ပါ အပြန်အလှန် တိုက်ခိုက်ခဲ့တဲ့ မကွေးမြို့က ဖြစ်စဉ်(ရုပ်သံ)

၆.၆.၂၀၂၀ မကွေးမြို့နယ်၊ ကြိုးကြာကန်ရွာ သို့ ဆေးရုံဆင်း လူနာပို့ရင်း….လူနာအိမ်ရောက် ခါနီး ပေ ၂၀၀ ဝန်းကျင်ခန့် အကွာလောက် အရောက်တွင်…လူနာ ၏ သားဖြစ်သူမှ ဓားကိုင်ကာ ကျွန်တော်တို့ လူနာတင်ယာဉ်အနားကို ရောက်လာပြီး…ယာဉ်ပေါ်ပါလာသူ မှန်သမျှကို …ဓားနဲ့ထိုး ပါတယ်…ပထမ.. ဦးလေးဖြစ်သူ ရန်မူ ပါတယ် ပြီးတော့…..ဒုတိယ.. ယာဉ်မောင်း အကူ…..တတိယ.. မိခင်ဖြစ်သူ နှင့် သူ့ရဲ့ သမီး စတုတ္တ.. ယာဉ်မောင်း ကိုပါ ဓားနှစ်ချောင်း နဲ့ လိုက်ထိုး နေလို့ အားလုံးပဲ မနည်းအသက် လုပြီး ပြေးခဲ့ ရပါတယ်…ဖခင်ဖြစ်သူ လူနာမှာ…ကံကောင်းချင်တော့ ကားတံခါးက lock ကျနေပြီး ဖွင့်မရသဖြင့် အသက်ဘေးလွှတ်မြောက်သော်လည်း…ရောင်စုံမေတ္တာ အသင်းကား မှာ…ဘေးမှန်(ရှေ့၊နောက်)၊ နောက်မှန်၊ ရှေ့ဘန်ဘာ၊ ရှေ့ထိုင်ခုံ၊ ဘယ်ခြမ်းကားတာယာ (ရှေ့၊နောက် ၂ လုံး )အားလုံး…ဓားနဲ့ ထိုးပြီး ဖျက်စီးခံခဲ ရပါတယ်….

ဖြစ်ဖြစ်ချင်း ညောင်ကန် ရဲစခန်းကို ဖုန်းဆက်အကူညီ တောင်း…ဆက်လက်ပြီး တိုင်းရဲမှူးကြီးဆီ ဖုန်းဆက် အကူညီတောင်း၊ ဆက်လက်ပြီး အမှတ် ၁ စခန်းကို ဆက်လက် အကူညီတောင်းခံခဲ့ရပြီး….မကွေးမြို့နယ်မှူး ဦးမြင့်လွင်နှင့်အတူ ၊ညောင်ကန် ရဲစခန်းမှူးနှင့် ရဲတပ်သားများရောက်ရှိလာပြီး…တရားခံမှာ..ချွန်ထက်သော တုတ်၊ ဓားများကိုင်ဆောင်ထားကာ..အားလုံးကို ပြန်လည်ခုခံနေပြီး၊ သမီးဖြစ်သူ ၅ နှစ်သမီးလေး ကိုလည်း နောက်ကျောတွင် ပိုးထားသဖြင့်…ဝင်ရောက် ဖမ်းဆီးဖို့ရန် တော်တော်လေး အချိန်ပေး ခဲ့ရပါတယ်…အဖမ်းခံဖို့ စိတ်ရှည်ရှည် မေတ္တာရပ်ခံခဲ့ရခြင်း၊ သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခဲ့ရခြင်း၊ နောက်ဆုံးတွင် တရားခံနောက်ကျော တွင် ပိုးထားသော သမီးလေးအား အနု နည်းသုံးပြီး ရအောင် ခေါ်ယူကာ…တရားခံအား ဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့ရပါတယ်

တရားခံ မှ အနီးရှိ အရာဝတ္ထုများဖြင့် ခုခံခဲ့သဖြင့် .မြို့နယ်မှူး၊ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပါတယ်…အနီးကပ်ညွှန်ကြားပြီး..ကိုယ်တိုင် ကိုယ်ကျ လာရောက်ကူညီပေးပါသော…မြို့နယ်မှူး ဦးမြင့်လွင်နှင့်အတူ ညောင်ကန် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…လူငယ်တွေ ဆိုတော့…စိတ်ဒဏ်ရာ ရရှိခဲ့တာအမှန်ပါ* ..ဒါပေမယ့် ကိုယ့်ကိုယ် လိုက်သတ်နေတဲ့ လူတစ်ယောက်ကို…ကိုယ်ကိုယ်တိုင် ပတ်တီးစည်းပြီး ..လိုအပ်သော ပြုစုမှုများ ပြုလုပ်၍ မေတ္တာတရား ထားကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အသင်းကား No.2 ဖြင့် ကူညီပို့ဆောင် ပေးခဲ့ပါသည်….ဆေးရုံဆင်း လူနာ ကိုလည်း…နေအိမ်ပေါ်ထိ ရောက်အောင် ကျွန်တော်တို့ ညီအကိုအားလုံး… အစ၊အဆုံး ကူညီပေးခဲ့ ပါတယ်…မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ …. မကွေးတိုင်းဒေသကြီး၊မကွေးမြို့

Credit ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း …. 09 265 488 244

Add a Comment

Your email address will not be published. Required fields are marked *

eighteen − five =