COVID-19 လူ နာ အမွတ္ ၁၅၀ ေရာ ဂါေပ်ာက္ကင္း သျဖင့္ ဟားခါး ေဆး႐ုံ ကဆင္း

COVID-19 လူ နာ အမွတ္ ၁၅၀ ေရာ ဂါေပ်ာက္ကင္း သျဖင့္ ဟားခါး ေဆး႐ုံ ကဆင္း

ဟား ခါးျပည္သူ႔ေဆး႐ုံႀကီး မွာ ေဆးကုသမႈ ခံယူေနတဲ့ COVID-19 လူနာနံပါတ္ ၁၅၀ ဟာ က်န္းမာေရးေကာင္းမြန္တဲ့ အတြက္ ေဆး႐ုံကဆင္းသြားၿပီးလို႔ ဟားခါးေဆး႐ုံရဲ႕ ေဖ့စ္ဘြတ္ခ္မွာ ေရးသားထားပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ လူနာနံပါတ္ ၁၅၀ ဟာ ဧၿပီလ ၂၉ ရက္ေန႔က ေရာဂါပိုး ဓာတ္ခြဲ စစ္ေဆးေတြ႕ရွိခဲ့တာပါ။ သူ႔ကို ေနာက္ဆုံး ဓာတ္ခြဲစစ္ေဆးမႈ ၂ ႀကိမ္ျပဳလုပ္ရာမွာလည္း ေရာဂါပိုး မေတြ႕ရွိရေတာ့တာေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ေပးလိုက္တာ ျဖစ္ပါတယ္။

လူနာနံပါတ္ ၁၅၀ ဟာ တ႐ုတ္ႏိုင္ငံကေန ျပန္လာ တာျဖစ္ၿပီး မတ္လ ၂၀ ရက္ေန႔မွာ မူဆယ္ၿမိဳ႕သို႔ ေရာက္ရွိလာကာ ဧၿပီလ ၅ ရက္ေန႔မွာ ဟားခါၿမိဳ႕ သီးဖူးလ္ေက်း႐ြာအုပ္စု ေနအိမ္ကို ေရာက္ရွိခဲ့ပါတယ္။

ဧၿပီလ ၁၆ ရက္ေန႔ မွာ သီးဖူးလ္ေက်း႐ြာအုပ္စု ေထြအုပ္ စာေရးက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးထံ သတင္းပို႔လို႔ အုပ္ခ်ဳပ္ေရးမႉးက ဟားခါးေဆး႐ုံအုပ္ႀကီးဆီ သတင္းဆက္ပို႔ၿပီး Facility Quarantine ထားရွိထားရာမွ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဒီဗြီဘီ

unicode

COVID-19 လူ နာ အမှတ် ၁၅၀ ရော ဂါပျောက်ကင်း သဖြင့် ဟားခါး ဆေးရုံ ကဆင်း

ဟား ခါးပြည်သူ့ဆေးရုံကြီး မှာ ဆေးကုသမှု ခံယူနေတဲ့ COVID-19 လူနာနံပါတ် ၁၅၀ ဟာ ကျန်းမာရေးကောင်းမွန်တဲ့ အတွက် ဆေးရုံကဆင်းသွားပြီးလို့ ဟားခါးဆေးရုံရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

အသက် ၁၈ နှစ်အရွယ် လူနာနံပါတ် ၁၅၀ ဟာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူ့ကို နောက်ဆုံး ဓာတ်ခွဲစစ်ဆေးမှု ၂ ကြိမ်ပြုလုပ်ရာမှာလည်း ရောဂါပိုး မတွေ့ရှိရတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

လူနာနံပါတ် ၁၅၀ ဟာ တရုတ်နိုင်ငံကနေ ပြန်လာ တာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှာ မူဆယ်မြို့သို့ ရောက်ရှိလာကာ ဧပြီလ ၅ ရက်နေ့မှာ ဟားခါမြို့ သီးဖူးလ်ကျေးရွာအုပ်စု နေအိမ်ကို ရောက်ရှိခဲ့ပါတယ်။

ဧပြီလ ၁၆ ရက်နေ့ မှာ သီးဖူးလ်ကျေးရွာအုပ်စု ထွေအုပ် စာရေးက မြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့လို့ အုပ်ချုပ်ရေးမှူးက ဟားခါးဆေးရုံအုပ်ကြီးဆီ သတင်းဆက်ပို့ပြီး Facility Quarantine ထားရှိထားရာမှ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ