အီရန် မှာ ကိုဗစ် ဒုတိယလှိုင်း စပြီ၊ (၃) ရက်အတွင်း လူ (၉၀၀၀) ကျော် ကူးစက်ပြီး စံချိန်တင်
|အီရန် မှာ ကိုဗစ် ဒုတိယလှိုင်း စပြီ၊ (၃) ရက်အတွင်း လူ (၉၀၀၀) ကျော် ကူးစက်ပြီး စံချိန်တင်
အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ဖြစ်ပွား လာတာကြောင့် ကမ္ဘာ့ပထမဆုံး ကိုရိုနာဒုတိယလှိုင်းကူးစက်နိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ ဗုဒ္ဓဟူးနေ့ တနေ့ထဲမှာပဲ အီရန်တနိုင်ငံလုံးမှာ ကူးစက်သူ ၃၅၇၄ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၃၀က အဆိုးဝါးဆုံး ကူးစက်ခဲ့တဲ့ ၃၁၈၆ ဦးထက် စံချိန်တင် ပိုများ လာခဲ့ပါတယ်။
အီရန်ဟာ ကူးစက်မှုတွေ လျော့ကျခဲ့တဲ့ ဧပြီလလယ် ကနေစပြီး လော့ဒေါင်း ဖြေလျော့မှုတွေ ကို ပြုလုပ် ခဲ့ပါတယ်။ ကျန်းမာရေးစင်တာတွေ၊ ဆေးရုံတွေနဲ့ ရုံးတွေပြန်ဖွင့်ပြီးနောက်ပိုင်း ကူးစက်နှုန်းပြန်တက်လာပြီး သုံးရက်အတွင်းမှာပဲ ၉၀၀၀ ကျော်ပြန်တက်လာတာ ဖြစ်ပါတယ်။
အီရန်ကျန်းမာရေးတာဝန်ရှိ သူတွေကတော့ ကူးစက်နှုန်းတွေ ပြန်တက်လာတာဟာ ဆေးစစ်မှုတွေ ပိုမိုပြု လုပ်နိုင်တာကြောင့် ဖြစ်ကြောင်း၊ ကူးစက်မှု ပြန်လည် မြင့်တက်လာပေမယ့် သေဆုံးနှုန်း ကျဆင်းသွားတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အီရန်သတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေ အရတော့ နေ့စဉ်သေဆုံးမှုဟာ ၆၀ ကျော်ကနေ ၅၀ ကျော်ထိလျော့ကျလာတယ်လို့ ပြောပါတယ်။ အီရန်သမ္မတရိုဟာနီက တော့ ပြည်သူတွေ အနေနဲ့ ကျန်းမာရေး ထုတ်ပြန်ချက်တွေကို ဂရုပြု လိုက်နာဖို့ လိုကြောင်း၊ ကူးစက်မှုတွေ ပြန်ဖြစ်လာရင် လော့ဒေါင်း ပြန်လည် ပြုလုပ်မယ်လို့ သတိပေး ခဲ့ပါတယ်။
အီရန်နိုင်ငံ၌ လတ်တလော တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁ သိန်း ၇ သောင်းကျော် ရှိ နေပြီး သေဆုံးသူပေါင်း ၈၂၀၀ ကျော် သွားပြီ ဖြစ်ပါတယ်။
crd : whitesone