ကာချုပ်ကြီး ဦးဆောင် ၍ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက် ရုပ်ပွား တော်ကြီး တည်ထားမည်

ကာချုပ်ကြီး ဦးဆောင် ၍ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက် ရုပ်ပွား တော်ကြီး တည်ထားမည်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနီး စကျင်တောင်မှ ထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထား ကိုးကွယ်နိုင်ရေး Shwe Foundation ၏ လွှဲအပ်ချက်အရ

သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ယဉာဏိဿရ၊ ရွှေသုဝဏ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓိယနှင့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒ နန္ဒမာလာဘိဝံသ တို့ထံမှ သြဝါဒခံယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် တပ်မတော်မှ ဆောင်ရွက်လျက်ရှိပါတယ်။

စကျင် ကျောက်တော်ကြီးကို အလှူရှင် (Angelo Mining Co.,Ltd) မှ ဦးအောင်ခိုင်သန်း က Shwe Foundation သို့၂၀၁၃ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပလ္လင်တော်အတွက် လိုအပ်သည့်ကျောက်များကို ထပ်မံဝယ်ယူ ဖြည့်တင်းခဲ့ရတယ်လို့ သိရပါတယ်။ ရုပ်ပွားတော်မြတ်ကြီးကို ၂၀၂၂ ခုနှစ် အတွင်း ပြီးစီးရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇူလိုင်လမှ စတင်၍ ပင့်ဆောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သီတဂူ ဆရာတော်ဘုရားကြီးက မြတ်စွာဘုရား၏ ရုပ်အဆင်းအင်္ဂါ ၃၂ ပါးနှင့် အနီးစပ်ဆုံးတူညီအောင် ထုဆစ်ရမည်ဖြစ်ပြီး သင်္ကန်းအကျ ကအစ လက်ချောင်းများ ညီညာနေရမည်ဖြစ်ကြောင်း၊ ကျောက်သားကောင်းရန်၊ ကျောက် အရောင်ညီရမည်ဖြစ်ပြီး လက်ရာ ကောင်းမွန်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သုဓမ္မာဇရပ် ဆောက်လုပ် ရာတွင် မန္တလေးရှိ သုဓမ္မာဇရပ်အတိုင်းပုံစံတူပြီး ကျွန်းတိုင်များထည့်သွင်း ဆောက်လုပ်ပါက ပိုမိုကောင်းမွနမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာတည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သည်ဖြစ်၍ အလွန်ကောင်းမွန် သည့် အလုပ်ဖြစ်ကြောင်း မိန့်ကြားတော် မူပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

16 − 7 =