မြန်မာပြည် ကိုဗစ် တတိယလှိုင်း မဝင် လာစေရန် အဓိက စိတ်ပူ ရမည့် နေရာ

မြန်မာပြည် ကိုဗစ် တတိယလှိုင်း မဝင် လာစေရန် အဓိက စိတ်ပူ ရမည့် နေရာ

COVID-19 တတိယလှိုင်း (Third Wave) ဝင်လာ နိုင်လား?

အခုလက်ရှိအနေ အထားအရ ဘရာဇီးမှာ အိန္ဒိယမှာ ဘင်္ဂလားမှာ ပါကစ်စတန်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်ပျံ့နှံ့နေတယ်။ ဘရာဇီးမှာဆိုရင် ကူးစက်နှုန်း သေနှုန်းတွေ မြင့်လာလိုက်တာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး နေရာကို ရောက်လာပြီ။အဲဒီလို တစ်ခြားနိုင်ငံကြီးတွေ ကူးစက်နှုန်း တွေ တိုးလာနေပေမယ့် အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းတို့ စင်္ကာပူတို့မှာဆိုရင်တော့ ကူးစက်မှုနှုန်းတွေ ဆက်တိုက် လျော့ကျလာနေတယ်။

တတိယလှိုင်း အနေနဲ့ ဝင်မလာစေဖို့က နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တွေကို ထိထိရောက်ရောက် ထိန်းချုပ်ကိုင်တွယ် နိုင်ဖို့ပဲ။ အဲဒီလို ထိန်းချုပ်တဲ့နေရာမှာ လေယာဉ်အဝင် လမ်းတွေကို မစိုးရိမ်ဘူး။ ထိုင်းဖက်က ဝင်ပေါက်တွေဆိုရင်လဲ အခုလက်ရှိအနေအထားအရ ထိန်းချုပ် ထားနိုင်တဲ့ သဘောပဲ။ အဓိက စိုးရိမ်ရမှာက ဘင်္ဂလားဖက်က ဝင်ပေါက်ပဲ။ ဟိုဖက်မှာ ဒုက္ခသည်စခန်းနေရာကို ကိုဗစ်ကူးစက်မှု အနီရောင် နယ်မြေအဖြစ် သတ်မှတ် လိုက်ပြီ။ မောင်တောလို နေရာမှာ ခိုးဝင်တဲ့သူက COVID-19 တွေ့တယ်ဆိုတော့ အဲဒီဖက်က စိုးရိမ်စရာ အကောင်းဆုံးပဲလို့ မြင်တယ်။

အခုလက်ရှိ အနေအထားမှာ အဓိက စီးပွားရေး မြို့ကြီးတွေမှာ Local Transmission တွေ ထပ်မတွေ့ရေးပဲ။ Local Transmission တစ်ခုလောက် ထပ်တွေ့တာ နဲ့ အတားအဆီတွေ ပြန်လုပ်ရမယ်။ အတားအဆီး တစ်ကြိမ်ဟာ အနည်းဆုံး (၁)လ လို့ သတ်မှတ်လို့ရတယ်။ အဲဒီလို နောက်တစ်ကြိမ် ထပ်တားရပြီဆိုရင် လည်ပတ် ဖို့ ဟန်ပြင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိကုန်လိမ့်မယ်။ ဒီတစ်ခါ ထိရင် ပိုအရှိန် ပြင်လိမ့်မယ်။ အဲဒီတော့ Local Transmission မရှိပါစေနဲ့။အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit (စိုးသီဟေနာင်)

Add a Comment

Your email address will not be published. Required fields are marked *

fourteen − eleven =