နိုင်ငံတော်ရဲ့ လမ်းညွှန်မှု နဲ့ ကျောင်းတွေ ပြန်ဖွင့်တော့မယ့်အပေါ် ကျောင်းသားမိဘတစ်ဦး ရဲ့ ရင်တွင်းက ဖွင့်ဟဝန်ခံချက်

နိုင်ငံတော်ရဲ့ လမ်းညွှန်မှု နဲ့ ကျောင်းတွေ ပြန်ဖွင့်တော့မယ့်အပေါ် ကျောင်းသားမိဘတစ်ဦး ရဲ့ ရင်တွင်းက ဖွင့်ဟဝန်ခံချက်

ရော ဂါပိုးတွေ ထပ်တွေ့နေ တဲ့ အချိန် မှာ အခုကျောင်း တွေပြန်ဖွင့် တော့မယ်တဲ့ ။ နိုင်ငံခြားကပြန်လာ တဲ့ လူတွေ ဆီကပဲ တွေ့တွေ့၊ပြည်တွင်းက ပဲတွေ့တွေ့ ထပ်တိုး တာတွေ မြင်ရရင် ရင်ထဲမှာ မလုံခြုံ ဘူး။ ကျောင်းတွေပြန်ဖွငိ့ ဖို့ တရားဝင်ကြော်ငြာ ထား ပြီးပြီ ။

ကျွန်တော့ သားတက်နေ တဲ့ ကိုယ်ပိုင်ကျောင်း က ဆက်သွယ် လာ တယ် ။ အခန်းတခန်းထဲ မှာ အရင်လို ကျောင်းသားဦးရေ မဟုတ်ဘဲ လျှော့ပြီး သင်မယ်တဲ့။ ကျောင်းလခ ပိုကောက်မယ်တဲ့။ ကျောင်းကား ကလည်း အရင်လို အများကြီး မတင်ပါ ဘူး တဲ့။ လူလျှော့တင် မယ်တဲ့ ။ ဒါပေမယ့် ကျောင်းကားဈေးက အရင် ကထက် ပိုတောင်းမယ်တဲ့ ။ Ok ဟုတ် ပါပြီ။

ကျန်းမာရေးဌာ နနဲ့နိုင်ငံတော် က ချမှတ်ထား တဲ့ စည်းကမ်း အတိုင်း လုပ်ရမယ် ဆိုလို့ လိုက်နာပြီး လုပ်တယ်။ ဝန်ဆောင်မှုတွေကတော့ ပိုတောင်းမှ ကိုက်မယ်ဆိုပြီး ကျောင်းတွေက လုပ်တယ် ။ ကျောင်းတွေက လုပ်တာ လည်း မှန်တာပေါ့ ။ အခန်းတွေက အရက် က ထက် ပို လို မယ် ။ ဆရာမတွေ ပိုလိုအပ်မယ်။ အရင်ကထက် ကျောင်းကားတွေ ထပ်လိုမယ် ။ ဒါမှန်တာပေါ့ ။ ဒါကိုလည်းနိုင်ငံတော် က တားမြစ်လို့မရ ပြန်ဘူးလေ။

ဟုတ်ပြီ ဒါတွေ အားလုံး ကို ကျွန်တော်တို့ လက်ခံတယ် ။ New Normal ခေတ် ကို ကျွန်တော်တို့ လည်းလိုက် ရမှာပေါ့ ။ တစ်ကမ္ဘာလုံးဖြစ်နေတာလေ။ ဒါဆို ကျွန်တော်က ကျောင်းတွေဖွင့်ဖို့ ချမှတ်လိုက်တဲ့ နိုင်ငံတော်နဲ့ ပညာရေး ဝန်ကြီးဌာနကို တစ်ခုလောက်မေးချင်ပါတယ်။

ကျောင်းဖွင့်တဲ့အချိန် မှာ ကျောင်းတက်ကြရမယ့် ကျွန်တော့သားတွေ ရဲ့ ကျန်းမာရေး ကို ဘယ်သူက တာဝန်ယူ ပေးကြမှာ လဲ။ ကျွန်တော်တို့ ခင်ဗျားတို့ ရဲ့ ကလေးတွေ ကို ဘယ်သူတွေက ရောဂါပိုးမကူးစက်အောင် တာဝန်ယူပေးကြမှာလဲ ။ ကျွန်တော် ခင်ဗျားတို့ရဲ့ကလေးတွေ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာ လဲ။

ကလေးတွေက ကျောင်ဖွင့်ရင် ငြိမ်ငြိမ်နေ မယ်ထင်လား။ နေမှာမဟုတ်ပါဘူး။ ပျော်ပြီး လျှောက်ဆော့နေကြမှာ။ လုံးရ်ာထွေးရယ် ဖက်ရယ်နမ်းရယ် လုပ်ကြမှာပါ။ ဆရာမတွေက ထိန်းနိုင်မှာလား ။ မထင်ပါဘူး။ ကိုရီးယားမှာ ကျောင်းတွေဖွင့်ပေးလိုက်တယ်။ ချက်ချင်းရောဂါပိုးတွေကူးကုန်လို့ ကျောင်းပေါင်း ၆၀ ကျော်ချက်ချင်းပြန်ပိတ် လိုက်ရတာတွေ သိကြမှာပါ။

ကျွန်တော်သုံးသ ပ်မိတာ တစ်ခုရှိပါတယ်။ ၁၉၈၈ အရေးအခင်းကြောင့် တစ်နိုင်ငံလုံး ကျောင်းတွေ ၁ နှစ်အောက်လိုက်ရတယ်။ နောက်နှစ်မှပြန်ဖွင့်တယ်။ တစ်နှစ်အောက်လိုက်လို့ ကျွန်တော်တို့ပညာရေးတွေ ဘာဖြစ်သွားလဲ။ ကျွန်တော့အမြင်ကတော့ ဘာမှမဖြစ်သွားဘူးလို့မြင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ၁၀ တန်းအောင် ၁၆ နှစ်ကနေ ၁၇ နှစ်ဖြစ်သွားတာရှိမယ်။ အဲ့ဒီတော့လဲ အသက်အရွယ်နဲ့ ကန့်သန့် ပြီးလက်ခံတဲ့ တက္ကသိုလ်တွေတော့ အသက်ကန့်သတ်ချက်ပြင်ရမယ်နဲ့တူတယ်ဗျ။

၈၈ အရေးအခင်းရဲ့ဒါဏ်တွေထိပြီး တစ်နှစ် နောက်ကျခဲ့တဲ့သူတွေ အများကြီးရှိတယ်။ အခုအဲ့တုန်းက ကျောင်းသား/သူတွေက ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ ဗိုလ်ချုပ်ကြီးတွေ ဌာနဆိုင်ရာအကြီးအကဲတွေ လက်ရှိနိုင်ငံတော်မှာအုပ်ချုပ်နေတဲ့ လူကြီးလူကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ လက်ရှိ သဘောထားကိုပြောကြည့်ပါမယ်။ ဒါကလည်းအမြင်လေးတွေဆွေးနွေးကြတဲ့ သဘောပါ။

ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ် သေးဘူး ဆိုရင် ကလေးတွေကို ကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေးက ကျွန်တော်တို့လင်မယား ၂ ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။ သူတို့လေးတွေ တစ်ခုခုဖြစ်လို့မရပါဘူး။ ကျောင်း ၁ နှစ်နောက်ကျသွားလို့ ဘာမှမဖြစ်ပါဘူး။ သူက အသက် ၁ နှစ်ကြီးသွားမယ်။

သူ ၁၀ နှစ်မှာ သင်ရမယ့်စာကို သူ ၁၁ နှစ် ရောက်မှ သင်ရမယ် ဆိုရင် သူ့ရဲ့မှတ်ဉာဏ်၊ သင်ယူမှု့စွမ်းရည်၊ ဦးနှောက်ရဲ့ ကြီးထွား ဖွံ့ဖြိုးမှု့တွေက သူသင်ယူရမယ့်သင်ခန်းစာတွေကို အလွယ်တကူ သင်ယူနိုင်မယ်လို့ ထင်ပါတယ် ။ အတိုချုပ်ပြောရရင်တော့ ကျန်းမာရေးအခြေအနေ မတည်ငြိမ်သေး ရင်ကျောင်းထားမှာ မဟုတ်ပါဘူး ။

ကျောင်းဖွင်ရင် သားကြီးက ၆ တန်းတက်ရမှာပါ။ ကျောင်းမတက်ပေမယ့် သူအတွက် ကျန်းမာရေးကိုဂရုစိုက်ပြီး စာသင်ပေးနေမှာပါ။အဲ့ဒီတော့ ဘာတွေပြောလာနိုင်သလဲဆို ရင် တတ်နိုင်တဲ့မိဘနဲ့ မတတ်နိုင်တဲ့ မိဘ တွေကြားပြောစရာဖြစ်လာနိုင်တယ်။ ကျောင်းတွေကလည်း ဒီအတိုင်းပိတ်ထားရင် ဆရာ ဆရာမ လစာနဲ့ အခွန်ကိစ္စတွေ ပြသနာတက်လာနိုင်တယ်။ ဒါဆိုဘယ်လိုလုပ်ကြည့်ရင် အဆင်ပြေမလဲ စဉ်းစားကြည့်ရအောင်။

ကျောင်းတွေကိုပေးမဖွင့်ပဲထားပြီး ပညာရေးဝန်ကြီးဌာနကနေ အသံလွှင့် မီဒီယာတွေ၊ online မီဒီယာတွေကနေ သင်ခန်းစာတွေကို သင်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင်ရော ဘာဖြစ်မလဲ။ အနီးကပ်သင်ခန်းစာတွေတောင် မြန်မာ့အသံကနေ သင်ကြားပို့ချနေတာတွေရှိနေတာပဲ။ အတန်းလိုက်သင်ခန်းစာတွေကို အချိန် နဲ့ မီဒီယာတွေ ခွဲသင်ကြမလား။ စာသင်တဲ့ application တွေလုပ်မလား။ Zoom application နဲ့စာသင်မယ် link ချပေးပြီးစာသင်တာကို လုပ်မလား။

အခွန်ကိစ္စတွေ ဘယ်လိုလျှော့ပေးကြမလဲ။ ဆရာ ဆရာမ လစာကိစ္စတွေ ဘယ်လို ဖြေရှင်းလဲ။ နှစ်ဦး၂ဖက်အဆင်ပြေမယ့်နည်းလမ်းမျိုး ပေါ့။ တစ်နှစ်အောက်လိုက်တဲ့အထိ ကာကွယ်ဆေးက မတွေ့သေးဘူးဆိုရင်တော့ ကျွန်တော်တို့က နောက်တစ်မျိုးစဉ်းစားရမယ်ပေါ့။ HIVတွေ AIDS ရောဂါတွေရဲ့ကူးစက်မှုက အခု ကိုဗစ်လောက်မမြန်ဘူးလေ။ ဆေးတွေ့မယ့် အချိန်အထိ အကြာကြီးထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘူးပေါ့။

ကျွန်တော်ကတော့ တစ်နှစ်လောက်စောင့်ကြည့်စေချင်တဲ့သဘောပါ။ ကျွန်တော်တို့က လက်ရှိ အစိုးရရဲ့ လုပ်ရပ်ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။မိဘတွေရဲ့သဘောထားကတော့ ဒီလိုရှိနေပါတယ်။ ဒါကို ဘယ်လို တိုင်ပင်ကြမလဲပေါ့။ မိသားစုထမင်းဝိုင်းမှာ စကားပြောကြသလိုမျိုးပါ။ ပညာရှင်တွေနဲ့တိုင်ပင်ပြီး စဉ်းစား ပေးစေချင်ပါတယ်။

ကျွန်တော့အမြင်လေးအပေါ်မှာ ဆွေးနွေး လို့ လည်းရပါတယ်ဗျ။ အားလုံးကိုကြိုဆို ပါတယ်။ အကောင်းမြင်တဲ့စိတ် နဲ့ အပြုသဘောဆောင် တဲ့ ဆွေးနွေးမှုများသာ လိုချင်ပါတယ်။ တစ်စုံတစ်ဦး ကို တိုက်ခိုက်တာမျိုးတော့ မလိုချင်ပါဘူးဗျာ။ အားလုံးကိုကျေးဇူး တင်ပါတယ်။ အားလုံးကိုလည်း လေးစားပါတယ်။

Aung Min Naing

Add a Comment

Your email address will not be published. Required fields are marked *

4 × one =