မြန်မာ မိန်းကလေးတွေ ကို စော်ကားနေ တဲ့ နိုင်ငံခြားသား တွေကို ပြတ်ပြတ် သားသား လုပ်ဆောင် ရမယ့် တိုက်ပွဲ

မြန်မာ မိန်းကလေးတွေ ကို စော်ကားနေ တဲ့ နိုင်ငံခြားသား တွေကို ပြတ်ပြတ် သားသား လုပ်ဆောင် ရမယ့် တိုက်ပွဲ

ကျေး ဇူးပြုပြီးဒီ စာလေးကို ဆုံးအောင်ဖတ်ပြီး၊ ကျွန်တော်တို့ညီအကိုတွေပြသနာတစ်ခုကို အေးချမ်းစွာအဖြေရှာကြရအောင်၊ ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုတွေမပါဘဲ ကျွန်တော် ပြည့်ပြည့်ဆုံရှင်းပြပေးပါ့မယ်ဖတ်ကြည့်ပြီး…comment မှာဝင်ရောက်ဆွေးနွေးပေးကြပါ၊ share ပေးကြပါ။

တော်တော်များများလည်း သိပြီးဖြစ်မှာပါ..မုဒိတာအိမ်ယာ မှာ နီဂရိုးတွေမြန်မာမိန်းခလေးတွေကိုလိုက်နှောက်ယှက်တဲ့ပြသနာကို….လိုင်းပေါ်မှာအမျိုးမျိုးဝေဖန်နေကြလို့ပါ…အာ့အိမ်ယာကကောင်တွေလက်မပါဘူးလားတို့..ဘာမှမလုပ်ရဲဘူးလားတို့…အိမ်ယာကလူကြီးတွေဘာလုပ်နေလဲလို့အမျိုးဝိုင်းဝေဖန်ကြပါတယ်…

အဆိုးဆုံးကတော့ဘာမှသေချာမသိပဲ…မုဒိတာကစရိုက်ကြတယ်..အရမ်းဆိုးတဲ့ နေရာလို့အကုန်လုံးကိုရမ်းသမ်းပြောတဲ့စကားတွေပါ….ဘာနဲ့တူသလဲဆိုတော့..လှိုင်သာယာတို့ ရွှေပြည်သာတို့ဘက်က တချို့သောမကောင်းတဲ့လူတစုကြောင့် လှိုင်သာယာတို့ရွှေပြည်သာတို့ဆိုမကောင်းဘူးဆိုပြီးဝိုင်းစွပ် စွဲခံရသလိုပါပဲ

၊ ဘယ်နေရာမှာမဆိုတကယ်ကောင်းတဲ့လူတွေရှိပါတယ်ဗျာ၊ သိမ်းကျုံး ပြီး ဝါးလုံး ချီးသုပ်ရမ်းတဲ့အကျင့်လေးတွေပြင်ပေးကြပါ….

အကိုတို့မေးတဲ့အချက်တွေကိုဖြေဖို့မုဒိတာအိမ်ယာရဲ့ဖွဲ့စည်းပုံနဲ့ လူဦးရေသိပ်သီးမှုကိုရှင်းပြပါမယ်…ဘာကြောင့်ဌာနဆိုင်ရာတွေနဲ့လူကြီးတွေလုပ်ရကိုင်ရခက်ခဲသလဲဆိုတာ…

(၁)မုဒိတာမှာ(၁)မှာ (A)(B)(C)(D)ဆိုပြီးအဆောင်လေးခုရှိပါတယ်..အခန်းအများဆုံးက (B)ဆောင်မှာပါ…တစ်လွှာကိုအခန်း ၆၀ ကျော်နဲ့ မြေညီအပါအဝင် ၉လွှာရှိပါတယ် ၊ လူနေတဲ့အခန်းကို ပျမ်းမျှ တစ်လွှာအခန်း၅၀နဲ့ပဲတွက် အခန်း၄၅၀ရှိပါတယ် ဒါBတစ်ဆောင်ထဲပါ..အာ့ထဲမှာမှ တစ်ဝက်လောက်က အငှါးအခန်းတွေပါ..

တစ်ခန်းကို မိသားစု ၃ယောက်နဲ့ပဲပျမ်းမျှတွက် ၁၃၅၀ပါ ၊ အဆောင်ပုံစံမျိုးဖွဲ့ထားတဲ့ အခန်းတွေမှာဆို တစ်ခန်း၁၀ယောက်နဲ့၈ယောက်ကြားရှိပါတယ်…၊ အခန်းပိုင်ရှင် ၃၀%လောက်ကဒီမှာမရှိကြပါဘူးပွဲစားနဲ့အပ်ထားတာပါ..၆လသို့မဟုတ်၁နှစ်မှတစ်ခါသာငွေယူကြတာပါ၊ အမြဲတမ်းနေထိုင်သူက အိမ်ယာလူဦးရေရဲ့ ၃၀%လောက်ပဲရှိတာပါ…ကျန်တာက အခန်းငှါးတွေ ဝင်လိုက်ထွက်လိုက်ဆိုတော့ မျက်နှာစိမ်းများပါတယ်…နီဂရိုးတွေဆိုပိုပြီးဆိုးပါတယ်…အတိကျလိုက်မနာတဲ့ပွဲစားငှါးထားတဲ့ နီဂရိုးအခန်းတွေဆိုလူကြီးတွေအတိကျမသိရပါဘူး..လဝက လာစစ်တာတို့ဘာတို့ဆိုရင်လဲ ရှောင်ခိုင်းထားပါတယ်။ အရမ်းထိမ်းသိမ်းဖို့ခက်တဲ့နေရာပါ

(၂) တစ်ဦးနဲ့တစ်ဦးကမျက်နှာစိမ်းတွေဖြစ်တဲ့ အတွက် ပြသနာတစ်ခုခုဆိုဝင်ပါတဲ့လူနည်းပါတယ်…ဘယ်သူ မှားတယ်ဘယ်သူမှန်တယ်ဆိုတာလတ်တလောဘယ်သူမှမဝေခွဲနိုင်ပါဘူးဒါအကျင့်ဖြစ်နေတဲ့စိတ်ပါ( နီဂရိုးနဲ့ဖြစ်တဲ့ကိစ္စကတော့ချွင်းချက်ပါဝင်ပါသင့်ပါတယ်) ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တဲ့အကြောင်းအောက်မှာ ရေးပေးပါမယ်။

(၃)ပြီးရင်ကျွန်တော်တို့ မြန်မာမိန်းခလေးတွေရဲ့ တစ်ခုခုဆိုသူများဝိုင်းပြောမှာကြောက်တဲ့ရှက်တဲ့စိတ်ကြောင့်ဒီကောင်တွေ…အတင့်ရဲလာတာပါ။ ပြသနာမဖြစ်ချင်ကြတာရယ်၊ ရုံးရောက်ဂတ်ရောက်တွေမဖြစ်ချင်တာရယ်ကြောင့်ပါ။ အဓိက က ဒီကောင်တွေဝင်လုံးတိုင်းရနေတဲ့ အပေါစားမိန်းမ တချို့နဲ့ ပြည့်တန်ဆာတွေကြောင့်ပါ…ဒီလိုတွေကြောင့် ဒီကောင်တွေစိတ်ထဲမှာအကုန်လုံးကို ဝင်လုံးရင်ရပါတယ်ကွာဆိုပြီးထင်နေတာပါ။ ပြီးတော့တစ်ခုခုဆိုမရှက်ကြပါနဲ့ လာကြည့်ရင်ပဲဖြစ်ဖြစ် မဖွယ်မရာပြောရင်ပဲဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက် လုပ်ရင်ပဲဖြစ်ဖြစ် အကူညီတောင်းပါ..ရန်ပြန်တွေ့ပါ…လုံးဝ မကြောက်ပါနဲ့ ။

(၄) ဟုတ်ပါတယ် အကျင့် မကောင်းတဲ့ လူတွေ…ဒီကောင်တွေကို ကာကွယ်ပေးနေတဲ့ လူတချို့ ပွဲစားတချို့ရှိနေပါတယ်…နာမည်တွေတော့ထည့်မရေးတော့ပါဘူး ပုဂ္ဂိုလ် ရေးမပါချင်လို့ပါ…ဒီအိမ်ရာမှာ…တကယ့်ကောင်းကောင်း မွန်မွန်နေထိုင်တဲ့လူတွေ..စနစ်တကျလိုင်စင်နဲ့အလုပ်လုပ်နေတဲ့အကျိုးဆောင်လုပ်ငန်း(ပွဲစား)တွေလဲရှိပါတယ်အကုန်လုံးကိုသိမ်းကြုံးပြီးမုဒီတာကမကောင်းဘူးလို့မပြောစေချင်ပါဘူးခင်ဗျာ….မကောင်းတဲ့လူတွေကိုစုပေါင်းတိုက်ထုတ်ရမှာကျွန်တော်တို့ ခင်ဗျားတို့ရဲ့တာဝန်ပါ။

ဒီလောက်ဆိုမုဒိတာရဲ့အကြောင်း သိလောက်ပါပြီ…ပြသနာရဲ့အဓိကအကြောင်းရာပြောပါမယ် ခင်ဗျာ ကျွန်တော်ကိုယ်တိုင် တွေ့တဲ့ပြသနာအပါဝင် ကျွန်တော် အတိအကျသိတဲ့ ပြသနာသုံးခုကိုသေချာရှင်းပြပါမယ်။

ဒီကောင်တွေမိန်းခလေးတွေကို လိုက်လိုက်စနေတာ မကြာမကြာသတင်းကြားရပါတယ်အားလုံးကလဲ သိပ်သတိမထားကြတော့ပြသနာကြီးကြီးမားမား မဖြစ်ကြတာပါ….

ကျွန်တော်သိတဲ့ပထမဦးဆုံးပြသနာက A ဆောင်က မိန်းခလေး နှစ်ယောက်ကို သူ့တို့အခန်းရှေ့ထိညဘက်ကြီး ဖုန်းနံပါတ်လိုက်တောင်းလို့ သူတို့အကိုဖြစ်သူကလိုက်ထိုးတော့ဒီကောင်တွေ ထွက်ပြေးပါတယ်…ဒါလဲဟိုဘက်ကဘာမဖြစ်ဘူးဆိုပြီးထပ်ပြသနာမရှာလို့ပါ။

ဒုတိယပြသနာက ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့တာပါ…ကျွန်တော် အမျိုးသမီးရဲ့ အဒေါ်နဲ့ကိုယ်ထိလက်ရောက်ဖြစ်တာပါ…ဖြစ်ပုံက နီဂရိုးထဲက ဆန်နီဆိုတဲ့ကောင်က အန်တီရဲ့သမီးလေး အိမ်ထဲဝင်လာတာကိုနောက်ကနေလှမ်းစပါတယ်..အန်တီက သူ့သမီးကိုနောက်တစ်ခါစရင်နင့်ကိုရဲတိုင်မယ် ၊ ရိုက်မယ်ဆိုပြီး ပြောပါတယ်မောင်းထုတ် ပါတယ်..အဲ့တာကိုဒီကောင်က ထွက်မသွားပဲအိမ်ရှေ့မှာရပ်နေပြီး ဂရုမစိုက်တဲ့ပုံနဲ့ သူ့အဖေါ်တွေကိုဖုန်းဆက်ခေါ်ပါတယ်…ဖြစ်တဲ့အချိန်ည၈နာရီလောက်မှာပါ။

အန်တီအမျိုးသားကအပြင်ဈေးဝယ်ထွက်နေချိန် ဆိုတော့ မိန်းမသားတွေကြီးမို့ကျွန်တော်ကိုဖုန်းဆက်ခေါ်ပါတယ်၊ ပြီးတော့ဒီကောင်ရှေ့မှာရပ်နေတာကိုဓာတ်ပုံရိုက်ထားပါတယ်…

ဓာတ်ပုံရိုက်လို့ဆိုပြီးအန်တီလက်ထဲကဖုန်းကိုလာဆွဲပြီးလုပါတယ်…လက်ဆွဲတော့ အန်တီလဲစိတ်ဆိုးပြီးအနားမှာရှိတဲ့မီးဖိုကသံစကာပြားနဲ့ရိုက်မယ်ဆိုပြီးဆွဲတဲ့အချိန် အန်တီလက်ကိုလိမ်ချိုးတာ လက်မှာတောင်ပွန်းသွားပါတယ်(အန်တီတို့အိမ်ကထမင်းဆိုင်ဆိုတော့အိမ်ရှေ့မှာမီးဖို့ရှိပါတယ်)၊ အာ့လိုဖြစ်နေတဲ့အချိန် Cဆောင်ရဲ့ လုံခြုံရေးတွေက အထိုင်မပျက်ပါဘူးမြင်နေရပါတယ် လုံးဝတစ်ယောက်မှထမလာတာပါ၊

ကျွန်တော်ရောက်တော့ ဆန်နီ နဲ့ သူ့စကားပြန်လုပ်ပေးတဲ့ ကပ်ဖားကောင်နဲ့က လုံခြုံရေးတွေနားမှာပါ…အဲ့ဒီအချိန်မှာကျွန်တော်ကအန်တီကိုပြသနာသေချာအောင်မေးနေတဲ့အချိန်ဒီကောင်က ထွက်သွားပါတယ် အန်တီအမျိုးသားပြန်လာတော့ အကြောင်းစုံသိပြီးအန်တီအမျိုးသား နဲ့ ကျွန်တော်ဒီကောင့်နောက်လိုက်ပါတယ်…အဲ့အချိန်ဒီကောင်က Aဆောင်နဲ့ Bဆောင်ကြား မှာ သူ့ကိုအမြဲကာပေးနေတဲ့မိန်းမနဲ့ အတူရပ်နေပါတယ်…ဦးလေးကငါ့မိန်းမကိုဘာလုပ်တာလဲဆိုပြီးဝင်ထိုးပါတယ်…

ဒီကောင်က ကျွန်တော်တို့နှစ်ယောက်လုံး ထက်အကောင်ကြီးပါတယ် ယှဉ်ထိုးတာသူလုံးဝမနာပါဘူး..အာ့အချိန်ကျွန်တော်က လက်ကြီးပဲမနိုင်မှန်းသိလို့ နောက်က အုတ်ခဲကိုကောက်ပြီးဒီကောင့်ခေါင်းကို အပိုင်ခုန်ထုတာ…ခုနကမိန်းမကနောက်ကဆွဲလိုက်တော့ ဟန်ချက်ပျက်ပြီးလက်ပဲထိပါတယ်…ဒီကောင်သိသိချင်းပဲချက်ချင်းထွက်ပြေးတာပါ…အိမ်ယာနောက်ပေါက်ကနေကျွန်တော်တို့နှစ်ယောက်လုံးလိုက်ထိုးတာလုံးဝမမှီဘူးပြေးသွားတာ(ခုနကဖြစ်နေတဲ့အချိန် လုံခြုံရေးတစ်ယောက်မှဝင်မပါဘူးနော်) ရုတ်ရုတ်သဲသဲဖြစ်လာတော့လူတွေထွက်လာပြီး ကျန်တဲ့ကောင်တွေပါရိုက်ဘာညာနဲ့လူများလာတော့ Cဆောင်လူကြီးက ရဲခေါ်ပေးမယ်ဘာညာဆိုပြီး လူစုခွဲအောင်လုပ်ပါတယ်

အာ့အချိန် ဟိုကောင့်ကို ခုနက မိန်းမက ကားနဲ့ခေါ်ထုတ်သွားတာပါ…ရဲတွေရောက်လာတော့လဲအားကိုးရပါတယ်..အကုန်လုံးနီးပါးမူးနေကြတာပါ

ဖြစ်တဲ့အချိန်မှာ ကျွန်တော့အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ကျွန်တော်လဲစိတ်လျော့ပြီးရှေ့ဆက်မလိုက်တော့တာပါ…။

နောက်နေ့အာ့ကောင်က ပတ်တီးကြီးစီးပြီးသူလက်ကျိုးသွားပါတယ်ပေါ…ကျွန်တော်တို့ထိုးတာဆိုပြီး…ရဲတွေကိုအရင်တိုင်တာပါ…ကျွန်တော်တို့ဘက်ကလဲ ရတယ် အန်တီကို.ကိုယ်ထိလက်ရောက်လုပ်တာ CCTV ရှိတယ်ကြည့်မယ်ဆိုတော့…Cဆောင်လူကြီးက CCTV ပျက်နေတယ်ဆိုပြီးအာ့နေ့တစ်နေ့စာလုံးဝြကည့်မရခဲ့ပါဘူး

၊ အန်တီကမကျေနပ်တာနဲ့ လွှတ်တော်ကိုယ်စားလှယ် နဲ့ သွားတွေ့ပြီးအကူညီတောင်းပါတယ်…အာ့ကြမှအထက်ပိုင်းကလူကြီးတွေကမုဒိတာမှဖြစ်နေတာတွေကိုသိတာပါ…အောက်ပိုင်းက ဝိုင်းဖုံးဖိထားကြတာပါအရမ်းစိတ်နာဖို့ကောင်းပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လူကြီးက ဒီကိစ္စ ကိုသူလုံးဝ အဆင်ပြေအောင်လုပ်ပေးမယ်ဖြေရှင်းပေးမယ်ဆိုပြီး မီဒီယာတွေနဲ့တိုင်ပင်မယ်အကုန်လုပ်ပေးဖို့စီစဉ်ပါတယ်။ အာ့အချိန်ထဲက အာ့ကိစ္စကို အကောင်ထည်ဖော်နေခဲ့တာပါ…ကြားထဲမှာ ကိုဗစ်ဖြစ်လို့ကြာနေခဲ့တာပါ(အားလုံးကူညီပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကိုကျေးဇူးတင်ပါတယ်)

နောက်ဆုံးတစ်ခုကလုံးဝဒီကောင်တွေမိုက်ရိုင်းတာပါ…အသက်တောင်မပြည့်သေးတဲ့ ၁၄နှစ်အရွယ်ခလေးလေးကို သူတို့အခန်းရှေ့ကနေဖြတ်သွားတဲ့အချိန် အခန်းထဲလက်ဆွဲပြီး ခလေးမလေးကိုအအေးတိုက်ပြီး ပိုက်ဆံပြပါတယ်…ကျန်တာတော့ဆက်မပြောချင်တော့ပါဘူး..ခလေးမလေးကထွက်ပြေးပြီး အောက်ကထမင်းဆိုင် အန်တီတို့စီမှာလာတိုင်ပါတယ်…ခလေးကလုံးဝကြောက်နေတာပါ..တိုင်းရင်းသူလေးပါ မိဘအဆင်မပြေလို့ဒီကအိမ်တစ်အိမ်မှာအလုပ်လာလုပ်နေတာပါ….

အိမ်ရှင်ကအလုပ်ကိစ္စနဲ့နယ်ရောက်နေလို့သူ့ကိုအိမ်စောင့်ထားခဲ့တာပါ…အန်တီကတိုင်ဖို့ပြောတော့ခလေးမလေးကဘယ်သူမှမတိုင်ရဲပါဘူး …အရမ်းကြောက်နေခဲ့တာ…ခုလိုပြသနာတွေထဖြစ်တော့ အာ့ဒီကောင်ဒွေကိုကာပေးနေတဲ့မိန်းမကြီးက ခလေးမလေးကို သွားပြောပါတယ်….(ကျွန်တော်သူပြောတဲ့ပုံစံအတိုင်းရေးပေးပါမယ်..စကားလုံးနဲနဲကြမ်းရင်တောင်းပန်ပါတယ်ဗျာ အကိုတွေအမတွေ ဒီမိန်းမကြီးသားသမီးချင်းကိုယ်ချင်းမစာတာသိစေချင်လို့ပါ)

ဟဲ့ခလေးမ…သူတို့က နင့်ကိုလက်ဆွဲတာ..အအေး တိုက်တာ..နင့်ကိုခလေး မို့လို့ ချစ်လို့စတာတဲ့….နင့်ကို*လုပ်ချင်လို့မဟုတ်ဘူးတဲ့…အေးပြသနာတွေ ကြီးရင် နင်ပဲအရှက်ကွဲမှာနင်ပဲဒုက္ခရောက်မှာဆိုပြီးဖြဲချောက်ပြီး ခလေးကို..အေးနင့်ကိုအခြားလူကြီးတွေလာမေးရင် သူတို့က ဓာတ်လှေကားထဲမှာလက်ကိုဆွဲရုံလေးပဲဆွဲတာပါလို့ပြောခိုင်းတယ်တဲ့ ချစ်လို့စတာပါတဲ့ဗျာ…ဒီမိန်းမကြီးဘယ်လောက်အောက်တန်းကြလဗျာ

….(ခလေးမလေးအန်တီကို ကြောက်ကြောက်နဲ့ရင်ဖွင့်ထားတဲ့အသံဖိုင်သက်သေကျွန်တော်စီမှာရှိပါတယ် အချိန်မရွေးလာနားထောင်နိုင်ပါတယ်)

နောက်နေ့ကြတော့ အန်တီဆိုင်ရှေ့ ကနေ မကြားတကြားနဲ့အဲ့ဒီမိန်းမကြီးက ငြိမ်ခံနေလို့ နီဂရိုးတွေကလုပ်တာဆိုပြီးခနဲ့သွားတာဗျာ

ဆန်နီလေးကို၊ ပြီးတော့အားလုံးကြားအောင်လဲ ပြောသွားသေးတယ် (နီဂရိုးကောင်)ပြောလိုက်ပါငါအားလုံးရှင်းထားတယ်ဆိုပြီးခနဲ့သွားသေးတာ…အာ့ကောင်နဲ့သူရဲ့ပက်သက်မှုဘယ်လောက်ရှိလဲဆိုတာခင်ဗျားတို့သာတွေးကြည့်တော့

ခလေးမလေးကို အပြည့်အဝကာကွယ်ပေးဖို့နဲ့ သူ့မိဘစီပြန်ပို့ဖို့

အိမ်ယာလူကြီးတွေနဲ့ အဖွဲ့ဝင်တွေမနေ့ညကတိုင်ပင်ကြပါတယ်။

ဒါကျွန်တော်လုံးဝထဲထဲဝင်ဝင်သိတဲ့ ပြသနာတွေပါ….အခြားအခြားမိန်းခလေးတွေနှောက်ယှက်ခံရတာအများကြီးပါ၊ အတိအကျမသိပဲမရေးချင်လို့ပါ။

ဒီပြသနာကို ကျွန်တော်တို့အပြီးတိုင်ရှင်းထုတ်မှရမှာပါ…မဟုတ်ရင် အိမ်ယာမှာရှိတဲ့မိန်းခလေးငယ်တိုင်း ညဘက်တစ်ယောက်ထဲဓာတ်လှေကားစီးဖို့မရဲကြပါဘူး…ဒီကောင်တွေပါတဲ့အခေါက်ဆိုကျန်ခဲ့တဲ့မိန်းခလေးတွေတောင်ရှိပါတယ်…ဒီလောက်အကြီးကျယ်ဖြစ်ပြီးမှဒီကောင်တွေဘာမှအရေးယူမခံရရင် ဒီထက်ပိုဆိုးလာဖို့ပဲရှိပါတယ်….ကျွန်တော်တို့အပြတ်တိုက်ရမဲ့တိုက်ပွဲပါ…တိုက်ပွဲတိုင်းဟာအပြတ်မတိုက်ရင်…ဘယ်တော့မှရလဒ်မကောင်းတတ်ပါဘူး

မနေ့က လဝက နဲ့ရဲတွေဝင်စစ်တော့ ကြိုသတင်ပေးတဲ့အသားထဲကလောက် ထွက်တဲ့ကောင်တွေကောင်မတွေကြောင့် ၂ခန်းလောက်ပဲသေသေချာချာစစ်ဖြစ်ပါတယ် စစ်တဲ့အခန်းမှာပဲ…ဆေးပြားတွေ(မူးရစ်ဆေး)တွေနဲ့အတူမိပါတယ်…ရဲကိုတောင်ပြန်လုံးလို့ရဲ၅ယောက်လောက်ဝိုင်းချုပ်မှရပါတယ်…ကျန်တဲ့လူတွေကတော့မမိပါဘူး။လူမုန်းခံပြီး ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးတဲ့ A ဆောင်ဥက္ကဌအန်တီ ကိုလဲကျေးဇူးတင်ပါတယ်။

တစ်ခုတောင်းဆိုချင်တာ…ဒီကောင်တွေကိုစစ်မယ်ဖမ်းမယ်ဆိုရင်နယ်မြေခံရဲတွေ…ဝန်ထမ်းတွေ နဲ့မဖမ်းခိုင်းပါနဲ့ကြိုတင်သတင်းပေါက်ကြားလို့ပါ(နယ်မြေခံရဲတွေကိုစော်ကားတာမဟုတ်ပါအလုပ်သဘောအရအကိုတို့က ပူးပေါင်းဆောင်ရွက်တဲ့အထဲမှာသတင်းပေးပါနေတတ်လို့ပါ) ခရိုင်ဒါမှမဟုတ်…တိုင်း..နေပြည်တော်အဆင့်လောက်က ရှောင်တခင်ဝင်ဖမ်းပါအကုန်မိပါတယ်။

ကျွန်တော်တစ်ဦးထည်းရဲ့ဆန္ဒကတော့….ဒီကောင်တွေကို ဒီအိမ်ရာကမောင်းထုတ်တာထက်…နိုင်ငံတော် အနေနဲ့ဥပဒေပြတ်ပြတ်သားသားထုတ်ပြီးအရေးယူဆောင်ရွက်စေချင်တာပါ…ထိထိရောက်ရောက်ပါ…ဥပဒေပိုင်းကတော့သေချာနားမလည်လို့မရေးပေးတော့ပါ၊ ဥပမာ…ဒီက မောင်းထုတ်လဲ အခြားနေရာ…အခြားရပ်ကွက်…အခြားအိမ်ရာမှာဒီကောင်တွေဒုက္ခကရောက်လာနိုင်ပါတယ်။ကိုယ့်အမှိုက်သူများခြံထဲပစ်သလိုတော့မဖြစ်ချင်ပါဘူး။

အောက်မှာ…မိန်းခလေးတွေအတွက် နှောက်ယှက်အကြမ်းဖက်ရင် ဘယ်လိုပုဒ်မတွေတပ်လို့ရလဲဆိုတာဖော်ပြပေးထားပါတယ်။

အခြားဘယ်လိုဆောင်ရွက်သင့်သလဲ….ဘယ်လိုအနေထားနဲ့လုပ်သင့်သလဲဆိုတာ ဥပဒေနားလည် တဲ့..အကို.အမများဝင်ရောက်ဆွေးနွေးနိုင်ပါတယ်….ကျွန်တော် Post ကိုတာဝန်ရှိသူတစ်ယောက်ယောက်မြင်ပါစေလို့လဲဆုတောင်းပါတယ်။

…ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးကောင်းသမီးလေးတွေစိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ အားလုံး ကူညီပေးကြပါ

#Phyo_Paing

5.6.2020

Mudditar Housing (1)

Photo fb

Add a Comment

Your email address will not be published. Required fields are marked *

17 + thirteen =