ပရိတ်သတ်တွေ မသိသေးတဲ့ ပျိုတိုင်းကြိုက် တဲ့ နှင်းဆီခိုင် မင်းသားချော “အောင်ရဲလင်း” ရဲ့ နောက်ကွယ်က ဘဝဇာတ်ကြောင်း

Posted on

အောင်ရဲလင်း ကိုတော့ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွား ခဲ့ပါတယ်။ အစ်ကို တစ်ယောက်ရှိပြီး နာမည် ကတော့ ဖြိုးရဲလင်း လို့ခေါ် ပါတယ်။ ဇာတိကတော့ ရန်ကုန်ဇာတိပဲဖြစ် ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ မူလတန်း အဆင့်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်မှာ တက်ရောက် ခဲ့ပါတယ်။ အလယ်တန်း နဲ့ အထက်တန်း ကိုတော့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ John Lwin Model Trainning သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီသင်တန်းမှာပဲ Modeling နဲ့ Catwalk လျှောက်တာတွေ ကို Professional ကျကျ သင်ကြားခဲ့ပါတယ်။ John International Modeling Agency ရဲ့ Model အဖြစ်နဲ့ advertising show ပေါင်းများစွာမှာ ပါဝင်ခဲ့ရင်း Model တစ်ဦးအဖြစ် အချိန်အတော်ကြာ ရပ်တည်ခဲ့ပါတယ်။ Model တစ်ဦးအဖြစ် လူသိလာချိန်မှာ ကြော်ငြာများစွာကိုလည်း လက်ခံ ရိုက်ကူးခဲ့ပါတယ်။

ရုပ်ရှင်နယ်ပယ်ထဲ ကိုတော့ ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ စတင်ဝင်ရောက် ခဲ့ပါတယ်။ Snow White Film production နဲ့ချိတ်ဆက် ခဲ့ပြီး သရုပ်ဆောင်တစ်ဦးအဖြစ် စတင်ခဲ့ပါတယ်။ Model နဲ့ ကြော်ငြာလောကမှာ သူရဲ့ ကြိုးစားခဲ့ မှုတွေကြောင့် သရုပ်ဆောင်လောကမှာလည်း အလျင်အမြန်ပဲ နာမည်ရလာ ခဲ့ပါတယ်။ ကြော်ငြာနဲ့ Music Video တော်တော်များများ ကို ရိုက်ကူးခဲ့ပြီး ဖက်ရှင် ကျကျ ဝတ်စားဆင်ယင်ပုံတွေကြောင့် မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာ ကနေ နိုင်ငံသိမင်းသား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မှတ်မှတ်ရရ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့ကားကတော့ ရေသူမဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့ပြီး မင်းသမီးကတော့ သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ တောင့်တင်း ကျစ်လစ်တဲ့ ခန္ဓာကိုယ် နဲ့ အမျိုးသမီးပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသား တစ်လက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးလျှက်ရှိပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပါတယ်။

Credit:Cele Only

zawgyi

ေအာင္ရဲလင္း ကိုေတာ့ ၁၉၈၈ ခုႏွစ္၊ ဇြန္လ ၁၉ ရက္ေန႔မွာ ေမြးဖြား ခဲ့ပါတယ္။ အစ္ကို တစ္ေယာက္ရွိၿပီး နာမည္ ကေတာ့ ၿဖိဳးရဲလင္း လို႔ေခၚ ပါတယ္။ ဇာတိကေတာ့ ရန္ကုန္ဇာတိပဲျဖစ္ ပါတယ္။ ၁၉၉၅ ခုႏွစ္ကေန ၁၉၉၈ ခုႏွစ္အထိ မူလတန္း အဆင့္ကို အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္မွာ တက္ေရာက္ ခဲ့ပါတယ္။ အလယ္တန္း နဲ႔ အထက္တန္း ကိုေတာ့ အမွတ္(၃) အေျခခံပညာ အထက္တန္းေက်ာင္း၊ ဒဂုံၿမိဳ႕နယ္မွာ တက္ေရာက္ ပညာသင္ၾကားခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္မွာေတာ့ John Lwin Model Trainning သင္တန္းကို တက္ေရာက္ခဲ့ပါတယ္။ အဲ့ဒီသင္တန္းမွာပဲ Modeling နဲ႔ Catwalk ေလွ်ာက္တာေတြ ကို Professional က်က် သင္ၾကားခဲ့ပါတယ္။ John International Modeling Agency ရဲ႕ Model အျဖစ္နဲ႔ advertising show ေပါင္းမ်ားစြာမွာ ပါဝင္ခဲ့ရင္း Model တစ္ဦးအျဖစ္ အခ်ိန္အေတာ္ၾကာ ရပ္တည္ခဲ့ပါတယ္။ Model တစ္ဦးအျဖစ္ လူသိလာခ်ိန္မွာ ေၾကာ္ျငာမ်ားစြာကိုလည္း လက္ခံ ႐ိုက္ကူးခဲ့ပါတယ္။

႐ုပ္ရွင္နယ္ပယ္ထဲ ကိုေတာ့ ၂၀၀၆ ခုႏွစ္ဝန္းက်င္မွာ စတင္ဝင္ေရာက္ ခဲ့ပါတယ္။ Snow White Film production နဲ႔ခ်ိတ္ဆက္ ခဲ့ၿပီး သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ စတင္ခဲ့ပါတယ္။ Model နဲ႔ ေၾကာ္ျငာေလာကမွာ သူရဲ႕ ႀကိဳးစားခဲ့ မႈေတြေၾကာင့္ သ႐ုပ္ေဆာင္ေလာကမွာလည္း အလ်င္အျမန္ပဲ နာမည္ရလာ ခဲ့ပါတယ္။ ေၾကာ္ျငာနဲ႔ Music Video ေတာ္ေတာ္မ်ားမ်ား ကို ႐ိုက္ကူးခဲ့ၿပီး ဖက္ရွင္ က်က် ဝတ္စားဆင္ယင္ပုံေတြေၾကာင့္ မိန္းကေလး ပရိသတ္ အခိုင္အမာ ရရွိခဲ့ပါတယ္။

အထူးသျဖင့္ ဗီဒီယိုကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ရာ ကေန ႏိုင္ငံသိမင္းသား တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ မွတ္မွတ္ရရ အဓိကဇာတ္ေဆာင္အျဖစ္ ပါဝင္႐ိုက္ကူးခဲ့တဲ့ကားကေတာ့ ေရသူမဆိုတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္ ႐ိုက္ကူးခဲ့ၿပီး မင္းသမီးကေတာ့ သင္ဇာဝင့္ေက်ာ္ပဲျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ ေတာင့္တင္း က်စ္လစ္တဲ့ ခႏၶာကိုယ္ နဲ႔ အမ်ိဳးသမီးပရိသတ္ အခိုင္အမာ ရရွိထားတဲ့ မင္းသား တစ္လက္လည္းျဖစ္ပါတယ္။ ႐ုပ္ရွင္ကားႀကီးေတြကိုလည္း လက္ခံ႐ိုက္ကူးလွ်က္ရွိၿပီး ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ဦးအျဖစ္ ရပ္တည္လွ်က္ရွိပါတယ္။

Credit:Cele Only