မိဘအိမ်ကို ပြန်ရောက်တိုင်း ဖခင် ခြေထောက် ကို ဆေးကြော သန့်စင်ပေးတဲ့ ရွှေသမီး
|မိဘအိမ်ကို ပြန်ရောက်တိုင်း ဖခင် ခြေထောက် ကို ဆေးကြော သန့်စင်ပေးတဲ့ ရွှေသမီး
ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ရွှေသမီးကတော့ သူဝါသနာ ပါတဲ့ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ဝါသနာပါတဲ့ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာကြောင့် မိဘတွေနဲ့ ခွဲနေနေရပြီး မပြုစုနိုင်ပေမဲ့ မိဘကို လုပ်ကျွေးနိုင်တာကြောင့် ရွှေသမီးတစ်ယောက် ပျော်ရွှင်နေခဲ့ပါ တယ်။
ရွှေသမီးက မိဘတွေကို အနီးကပ်မပြုစုနိုင်ပေမဲ့လို့ မန္တလေးက မိဘအိမ်ကို ပြန်ရောက်တဲ့အချိန်တိုင်းမှာတော့ ဖခင်ဖြစ်သူရဲ့ ခြေထောက်ကို ကိုယ်တိုင်ဆေးကြောသန့်စင်ပေးလေ့ရှိပါတယ်။ရွှေသမီးရဲ့ မိဘနှစ်ပါးလုံးကတော့ အခုချိန်ထိကျန်းကျန်းမာမာရှိနေသေးကြပြီး ရိုးရှင်းကာပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတယ် လို့လည်း ရွှေသမီးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။ရွှေသမီးကတော့ လတ်တလောမှာနေမကောင်းဖြစ်နေ ခဲ့တာကြောင့် အိမ်ကိုလွမ်းလို့ပုံလေးတွေကိုပြန်ကြည့်ရင်း မန္တလေးမှာရှိတဲ့ မိဘအိမ်ကို ပြန်ရောက်နေစဉ်က အမှတ်တရတွေကို မျှဝေဖော်ပြ လာခဲ့တာပါ။
ရွှေသမီးကတော့ မိဘတွေကို အချိန် ရရင်ရသလို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ပြီး မိဘတွေအပေါ်မှာ သိတတ် လိမ္မာတဲ့ သမီးလေး ပါပဲနော်။ ပရိသတ်ကြီးတွေထဲ မှာလည်း ရွှေသမီးလို မိဘကိုကိုယ်တိုင် အချိန်ရရင်ရသလို ပြုစုပေးတတ် တဲ့ သူတွေရှိလား။
crd : panpyoelat