စင်္ကာပူ မှာ ကျောင်းတွေပြန် ဖွင့်ပြီး ကိုဗစ် Positive (၅) ယောက်တွေ့၊ ကျောင်းတွေ ဆက်ဖွင့် မည်ဟုဆို

စင်္ကာပူ မှာ ကျောင်းတွေပြန် ဖွင့်ပြီး ကိုဗစ် Positive (၅) ယောက်တွေ့၊ ကျောင်းတွေ ဆက်ဖွင့် မည်ဟုဆို

စင်ကာပူကကျောင်း တွေမှာ ပြန်ဖွင့်ပြီး Covid-19 Positive (၅) ယောက်တွေ့ ပါတယ်။

စုစုပေါင်း ကျောင်းသား ကျောင်းသူ အယောက် ၁၀၀ နဲ့ ပညာရေးဝန်ထမ်း ၂၉ ယောက်ကို LOA ပျက်ကွက်ခွင့် (သို့မဟုတ်) HQO အိမ်မှာ Q ဝင်အမိန့် ပေးထားပါတယ်။ အခု ၁၂၉ ယောက်ဟာ Covid-19 Positive ၅ ယောက်နဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ ဖြစ်ပါတယ်။

သူတို့တွေကို HQO အိမ်မှာ Q ဝင်အမိန့် အစနဲ့ အဆုံးမှာ Test နှစ်ကြိမ် စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲ့ဒီ Covid-19 တွေ့ခဲ့တဲ့ကျောင်းတွေကို ပိုးသန့်စင်ရေးလုပ်ခဲ့ပါတယ်။ အဲ့ဒီ ပိုးတွေ့သူ (၅) ယောက်ဟာ ကျောင်းတက်ချိန် ကျောင်းအဝင်ကိုယ်ပူချိန်တိုင်းချိန်မှာ ကိုယ်ပူမရှိသလို၊ ရောဂါလက္ခဏာ ဘာတစ်ခုမှလည်း မပြပါဘူး။

အခုလို ကျောင်းသား (သို့မဟုတ်) ပညာရေးဝန်ထမ်းထဲက ၅ ယောက်တွေ့ခဲ့ပေမယ့် ကျောင်းတွေ ကို ဆက်ဖွင့် ထားမယ်လို့ ပညာရေးဝန်ကြီးဌာန (MOE) က ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့ နက်ဖြန်ကျောင်းပြန်ဖွင့်ရင် ထုံးစံအတိုင်း Primary 1,2,3 နဲ့ 6 နောက်ပြီးတော့ Secondary 3,4 နဲ့ 5 က ကျောင်းတက်ရပြီး ကျန်အတန်းတွေက အိမ်ကနေ Home-based learning နဲ့ သင်ရမှာဖြစ်ပါတယ်။

စင်္ကာပူပညာရေးဝန်ကြီးဌာန အနေနဲ့ Covid-19 Positive တွေကို တွေ့နိုင်သမျှတွေ့အောင် ရှာပြီး တွေ့တာ နဲ့ ဖယ်ထုတ်ပြီး HQO ထားမယ်လို့ ဆိုပါတယ်။ ကျောင်းအတွင်းမှာ ရောဂါမပြန့်နံ့အောင် တတ်နိုင်သမျှကြိုးစားပါမယ်တဲ့။

Richard Myo Thant
7-June-2020