Mask ၿပိဳင္ပြဲ လုပ္ ရတဲ့ အေၾကာင္းရင္း ကို ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၎၏လူမႈကြန္ယက္ စာမ်က္ႏွာတြင္ – Mask ၿပိဳင္ပြဲ လုပ္ရတဲ့ အေၾကာင္းရင္းကေတာ့ ျပည္သူေတြ maskနဲ႔ ယဥ္ပါးၿပီး အၿမဲတေစသုံးတဲ့ အေလ့အထ ျဖစ္လာေစခ်င္လို႔ပါ။ ဒီလိုျဖစ္ဖို႔က အေတာ္ႀကိဳးစားယူရမယ္ဆိုတာသိပါတယ္။ မေန႔က video ေဆြးေႏြးပြဲမွာ ၾကားခဲ့ရ သလိုပါပဲ၊ ေဈးသည္ေတြက ေဈးလာ ဝယ္သူေတြလို အခ်ိန္တိုေလးသာ mask တပ္ထားရတာမဟုတ္ဘူး၊ (၄)နာရီေလာက္ ဆက္တိုက္တပ္ရမယ္ဆိုေတာ့ မလြယ္ဘူး ဆိုတာမ်ိဳးက အင္မတန္မွန္ပါတယ္။

တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားတို႔မွာ၊ အေအးမိရင္၊ ေခ်ာင္းဆိုး ရင္၊ maskတတ္ၿပီးမွအျပင္ထြက္တာက ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီးယဥ္ေက်းမႈတစ္ရပ္လိုျဖစ္ေနေပမယ့္ ယခုcovid ကာလမွာလို လုပ္ၾကရတာမ်ိဳးမဟုတ္ပါဘူး။ ကြၽန္မတို႔ႏိုင္ငံမွာ အေလ့အက်င့္မရွိတဲ့အထဲက ရာသီဥတုကလည္း ပူတဲ့အခါက မ်ားေနေတာ့ mask ကိုၾကာၾကာတပ္ရတာ မလြယ္တဲ့အလုပ္ႀကီးေပါ့။ ပူတဲ့ အျပင္ အသက္ရႉကမဝ၊ စကားေျပာတာရွင္းရွင္း မၾကားရ၊စသျဖင့္ maskကိုမႏွစ္သက္ရတဲ့ အေၾကာင္းေတြၾကားရပါတယ္။ ဒါေတြက အေလ့အက်င့္ ရတာနဲ႔အမွ် အဆင္ေျပသြားမယ့္ကိစၥေတြပါ။ စမ္းၾကည့္ပါ။ ကြၽန္မတို႔ေတြက တာေဝး အေျပးသမားေတြေလ။

အမ်ိဳးသားေတြၿပိဳင္ပြဲဝင္ ဖို႔ ေဆာ္ဩ လိုက္ေတာ့ ဘာ့ေၾကာင့္maskမခ်ဳပ္ႏိုင္ေၾကာင္း တင္ျပ လာတဲ့ အခ်က္ကေလးေတြက ၿပဳံးစရာ၊ ခ်စ္စရာ၊ သနားစရာပါ. (“အိမ္ကမိန္းမကခိုင္း လြန္းလို႔ ” စသျဖင့္။ ကြၽန္မတို႔ျပည္သူေတြေတာ္ၾကပါတယ္။ Maskေတြက ပုံစံအမ်ိဳးမ်ိဳး၊ လွလွ ေလးေတြ၊ ဝတ္ခ်င္စရာေလးေတြ။ ကြၽန္မခ်ဳပ္တဲ့ mask ပုံေလးလည္းတင္ထားပါတယ္။ ၿပိဳင္တဲ့အထဲပါဖို႔မဟုတ္ပါဘူး။ ခ်ဳပ္တဲ့ အထဲပါ႐ုံသက္သက္ပါ။ ပုံစံက႐ိုး႐ိုးပါပဲ။ ဒါေပမဲ့ထူး ျခားတာ တစ္ခုေတာ့ရွိပါတယ္။ လက္ခ်ဳပ္တဲ့အပိုင္းကကြၽန္မလုပ္တာျဖစ္ေပမဲ့ပိုျမန္ျမန္ၿပီးဖို႔အတြက္ စက္နဲ႔ခ်ဳပ္တဲ့အပိုင္းလည္းပါပါတယ္။ ဒီအပိုင္းကိုေတာ့ ကြၽန္မကိုယ္ေရးအရာရွိက တာဝန္ယူ ခ်ဳပ္ေပးပါတယ္။ သူကအမ်ိဳးသားေလးပါ။ သားေတြလည္း မညံ့ပါဘူး။

crd : panpyoelat

unicode

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် – Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ maskနဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ။ ဒီလိုဖြစ်ဖို့က အတော်ကြိုးစားယူရမယ်ဆိုတာသိပါတယ်။ မနေ့က video ဆွေးနွေးပွဲမှာ ကြားခဲ့ရ သလိုပါပဲ၊ ဈေးသည်တွေက ဈေးလာ ဝယ်သူတွေလို အချိန်တိုလေးသာ mask တပ်ထားရတာမဟုတ်ဘူး၊ (၄)နာရီလောက် ဆက်တိုက်တပ်ရမယ်ဆိုတော့ မလွယ်ဘူး ဆိုတာမျိုးက အင်မတန်မှန်ပါတယ်။

တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာ၊ အအေးမိရင်၊ ချောင်းဆိုး ရင်၊ maskတတ်ပြီးမှအပြင်ထွက်တာက ဆယ်စုနှစ်တွေနဲ့ချီပြီးယဉ်ကျေးမှုတစ်ရပ်လိုဖြစ်နေပေမယ့် ယခုcovid ကာလမှာလို လုပ်ကြရတာမျိုးမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံမှာ အလေ့အကျင့်မရှိတဲ့အထဲက ရာသီဥတုကလည်း ပူတဲ့အခါက များနေတော့ mask ကိုကြာကြာတပ်ရတာ မလွယ်တဲ့အလုပ်ကြီးပေါ့။ ပူတဲ့ အပြင် အသက်ရှူကမဝ၊ စကားပြောတာရှင်းရှင်း မကြားရ၊စသဖြင့် maskကိုမနှစ်သက်ရတဲ့ အကြောင်းတွေကြားရပါတယ်။ ဒါတွေက အလေ့အကျင့် ရတာနဲ့အမျှ အဆင်ပြေသွားမယ့်ကိစ္စတွေပါ။ စမ်းကြည့်ပါ။ ကျွန်မတို့တွေက တာဝေး အပြေးသမားတွေလေ။

အမျိုးသားတွေပြိုင်ပွဲဝင် ဖို့ ဆော်ဩ လိုက်တော့ ဘာ့ကြောင့်maskမချုပ်နိုင်ကြောင်း တင်ပြ လာတဲ့ အချက်ကလေးတွေက ပြုံးစရာ၊ ချစ်စရာ၊ သနားစရာပါ. (“အိမ်ကမိန်းမကခိုင်း လွန်းလို့ ” စသဖြင့်။ ကျွန်မတို့ပြည်သူတွေတော်ကြပါတယ်။ Maskတွေက ပုံစံအမျိုးမျိုး၊ လှလှ လေးတွေ၊ ဝတ်ချင်စရာလေးတွေ။ ကျွန်မချုပ်တဲ့ mask ပုံလေးလည်းတင်ထားပါတယ်။ ပြိုင်တဲ့အထဲပါဖို့မဟုတ်ပါဘူး။ ချုပ်တဲ့ အထဲပါရုံသက်သက်ပါ။ ပုံစံကရိုးရိုးပါပဲ။ ဒါပေမဲ့ထူး ခြားတာ တစ်ခုတော့ရှိပါတယ်။ လက်ချုပ်တဲ့အပိုင်းကကျွန်မလုပ်တာဖြစ်ပေမဲ့ပိုမြန်မြန်ပြီးဖို့အတွက် စက်နဲ့ချုပ်တဲ့အပိုင်းလည်းပါပါတယ်။ ဒီအပိုင်းကိုတော့ ကျွန်မကိုယ်ရေးအရာရှိက တာဝန်ယူ ချုပ်ပေးပါတယ်။ သူကအမျိုးသားလေးပါ။ သားတွေလည်း မညံ့ပါဘူး။

crd : panpyoelat