စည်ပင် ဘတ်ဂျက်၊ (၁၂၃) လမ်း နောက်ဖေးလမ်းကြား နှင့် သံစုံ တီးဝိုင်းကြီး

စည်ပင် ဘတ်ဂျက်၊ (၁၂၃) လမ်း နောက်ဖေးလမ်းကြား နှင့် သံစုံ တီးဝိုင်းကြီး

အလွန်တရာမှ ညစ်ပတ် သော ကျွန်မ တို့ ၁၂၃လမ်းနဲ့ ၁၂၂ လမ်း ( အပေါ်လမ်း ) လမ်းကြားပါ။ ကျွန်မတို့အိမ်ကတော့ မီးဖိုချောင်ပြူတင်းတွေမှာ ခြင်လုံဇကာ တပ်ထာတဲ့အတွက် အမှိုက်ပစ် မရပါဘူး။

အပေါ်ထပ်က အိပ်ခန်းပြူတင်းပေါက် ကို မနက်ဆို လေဝင်လေထွက် ကောင်းအောင်ဖွင့်တဲ့ အခါ မြင်ကွင်း က ဒီလိုပါ။ ဒီလ ရန်ကုန်တိုင်းလွှတ်တော်မှာ ဦးကျော်ဇေယျရဲ့ ဆွေးနွေးချက် ကို နားထောင်ပြီးတဲ့ အခါ စည်ပင်သာယာရဲ့ သန်းချီတဲ့ အသုံးစရိတ်က ကျွန်မတို့ လမ်းကြားလေး သန့်ရှင်းရေး လုပ်ဖို့ မပါ ပါလား လို့ တွေးမိတာပေါ့။

သံစုံတီးဝိုင်းကြီး ရဲ့ ၀.၁% လောက် သုံးရင်တောင် မကုန်ပါဘူး။ ကျွန်မတို့အိမ်က အမှိုက်ရှင်း ဖို့ လူခေါ်၊ ကားငှားနဲ့ ငွေ ၅ သိန်း သာကုန် သွားတယ်၊ အမှိုက်က ထုတ် မလောက်ပါ။ ညဆို နောက်တိုက်တွေက အမှိုက်ထုပ်ကြီးတွေ ပစ်ချတာ ဒုန်းခနဲ ဒိုင်းခနဲ နေတာပါပဲ။

အရင်တုန်းက အိမ် မှာနေတဲ့ အိမ်အကူအမကြီး ကတော့ အမှိုက်သံကြားရင် အော်တော့ တာပါပဲ။ ဒါလည်း ပစ်တာပါပဲ။ အမှိုက်ခွန် လည်း မှန်မှန် ပေးခဲ့တာပါပဲ။ တချိန်တုန်းက ကစား လို့ ရတဲ့ လမ်းကြားပါ။ ဘာလုပ်ရမလဲလို့ စဉ်းစားရင် ဘာမှ လုပ်ပိုင်ခွင့်မရှိလို့ လုပ်မရပါ။ လုပ်လို့ ရတဲ့ လူများရှိရင် ပြောပေးပါ အမောင်။

Neela Bharadwaja

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =