ကျိန်စာ သင့်သလို ဖြစ်နေတဲ့ တောင်အာရှနိုင်ငံတွေ အတွက် နောက်ထပ် ရင်ဆိုင်ရမယ့် ကပ်တခု

ကျိန်စာ သင့်သလို ဖြစ်နေတဲ့ တောင်အာရှနိုင်ငံတွေ အတွက် နောက်ထပ် ရင်ဆိုင်ရမယ့် ကပ်တခု

ဒေသတွင်း နိုင်ငံတွေ နည်းတူ သီရိလင်္ကာ နိုင်ငံက တောင်သူလယ်သမားတွေ လည်း ကျိုင်းကောင်တွေ ကျရောက် ဖျက်ဆီးတဲ့ ပြဿနာ နဲ့ စတင် ကြုံတွေ့လာရပြီ ဖြစ်တယ်လို့ သိရပါတယ်။

သီရိလင်္ကာနိုင်ငံက ဒေသ ၂၅ ခုမှာ ၄ ခုက ကျိုင်းကောင် ပြဿနာနဲ့ စတင် ရင်ဆိုင်နေ ရပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုဆိုရင် ကျိုင်းကောင် ကိစ္စဟာ အာရှတောင်ပိုင်း နိုင်ငံတွေမှာ ခေါင်းစားစရာ ပြဿနာကြီး တစ်ခုအနေနဲ့ ပိုပြီး ပီပြင်လာပါပြီ။

လောလောဆယ် သီရိလင်္ကာ နိုင်ငံ မှာ တွေ့နေရတာက ဒေသခံ ကျိုင်းကောင်တွေဖြစ်ပြီး သိပ်မကြာခင်မှာ အိန္ဒိယ နဲ့ ပါကစ္စတန်က ကျိုင်းကောင် အုပ်တွေပါ ကူးစက် ရောက်ရှိလာနိုင်ကြောင်း စိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ယင်း (၂) နှစ်နိုင်ငံမှာလည်း ကျိုင်းကောင် တွေ အုပ်စုလိုက် ကျရောက်လို့ သီးနှံစိုက်ခင်း တော်တော်များများ ပျက်စီးခဲ့ရ ပြီး ဖြစ်ပါတယ်။

Locusts on a Branch

သန်းနဲ့ချီ များပြားတဲ့ ကျိုင်းကောင်အုပ် ကြီးတွေ ဖြတ်သန်းသွားရာ လမ်းတလျှောက်က ကောက်ပဲသီးနှံ စိုက်ခင်းတွေဟာ ကျိုင်းကောင်တွေရဲ့ ကိုက်ဖြတ်မှုဒင်္ဏတွေကြောင့် လုံးဝကို ပျက်စီးဆုံးရှုံးသွားတဲ့ ရှုံးမှုတွေ ကြုံရလေ့ ရှိပါတယ်။

အခုဆိုရင် သီရိလင်္ကာက ငှက်ပျော၊ အုန်းနဲ့ ရော်ဘာ စိုက်ခင်းတွေ မှာ ထိခိုက်မှုတွေ စတင် တွေ့မြင်နေရပါပြီ။ ကျိုင်းကောင် ကျရောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို တိရစ္ဆာန်တွေ စားမိရင်လည်း ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဖရိက အရှေ့ပိုင်း နိုင်ငံတွေမှာ ကျိုင်းကောင်အုပ်တွေ သောင်းကျန်း ခဲ့တာကြောင့် ဒေသရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကဏ္ဍမှာ အကြီးအကျယ် ခြိမ်းခြောက် ခံခဲ့ရပါတယ်။ အဲဒီ ကျိုင်းကောင်တွေဟာ အခုနှစ် မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရာသီဥတု နဲ့ လေစီးကြောင်း အပြောင်းအလဲတွေအရ ကျိုင်းကောင်တွေဟာ သီရိလင်္ကာကိုပါ ရွေ့လျားလာနေပြီး သီရိလင်္ကာ နိုင် ထိခိုက် ဆုံးရှုံးမှုတွေ ပိုပြီး များပြားနိုင်တယ်လို့ ပညာရှင်တွေက သတိပေး ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 10 =